HomeMovies Blogger Saw Eh Lor News Health Dictionary
. .
Thursday 29 March 2012
iAbidan(အင်္ဂလိပ်-မြန်မာအဘိဓာန်) v1.1 for iPhone/Pad/Pod touch
iPhone/Pad/Pod touch အသုံးပြုသူတွေအတွက် iAdidan (အင်္ဂလိပ်-မြန်မာအဘိဓာန်) version အသစ် 1.1 ကိုတင်ပေးလိုက်ပါတယ်။
Tuesday 27 March 2012
Ashampoo Snap5.1.0
ကျွန်တော်ဒီတစ်ခါ ကျွန်တော်တို့ Screen Shot ရိုက်တဲ့ Software လေးကို တင်ပေးလိုက်ပါတယ်။ ကျွန်တော် လည်းလက်ရှိ ဒီကောင်လေးကို ပဲအသုံးပြုနေပါတယ်။ အခု နောက်ဆုံး Update လေးထွက်လာလို့ တင်ပေးလိုက်ပါတယ်။ Software လေးတွေ Update ဖြစ်လာတာနဲ့ အမျှ ပါဝင်လာတဲ့ Features လေးတွေပိုပြီးစုံလင်လာတာ ကိုတွေ့ရမှာပါ။  အထဲမှာ .Reg ဖိုင်လေးနဲ့ Registry လုပ်ရန်အတွက် ထည့်ပေးထားပါတယ်။ Double-Click ပေးပြီး Run ပေးလိုက်ရင် ရပါပြီ။ အသုံးပြုပုံကိုတော့ ကျွန်တော်နည်းနည်းတော့ ရှင်းပြပေးပါ့  မယ်။  အောက်မှာ ကြည့်လိုက်ပါဗျာ။ ကျွန်တော် နှစ်ချက်တော့ပြပါ မယ် ပုံလေးမှာကြည့်ပေးပါ။
Monday 26 March 2012
အခြေခံ HTML လေ့လာရန်
HTML အခြေခံလေ့လာချင်သူတွေ အတွက် တင်ပေးလိုက်ပါတယ်။ဒီ flash Video လေးကို မြန်မာမိသားစုဖိုရမ် မှရယူပြီး Share ပေးလိုက်ပါတယ်။ RAR နှင့် ifile.it ကိုကလစ်နှိပ်ပြီးဒေါင်းလုတ်ယူနိုင်ပါတယ်။ကျးဇူးတင်ပါသည်။
အဆင်ပြေကြပါစေ။
SUPER AntiSpyware Professional
ဒီဆော့ဝဲလေးကို ကျနော် ကိုနေမင်းမောင်ဆီကယူထားတာပါ ပြန်ပြီး share ပေးလိုက်ပါတယ်။ Crack file လေးနဲ့အမြဲသုံးလို့ရပါတယ်။ update တော့မလုပ်နဲ့ပေါ့ခင်ဗျာ..
ကျေးဇူးတင်ပါသည်။
Hard.Disk.Sentinel.Professional
ကျနော်တို့ နေ့စဉ်သုံးစွဲနေတဲ့ ကွန်ပျူတာက အရေးကြီးတဲ့ အပိုင်းလေးဖြစ်တဲ့ ဟက်ဒစ်လေးကို အမြဲစစ်
ဆေးပေးနေဖို့တော့လိုပါတယ်..တခါတလေ ဟက်ဒစ်က heat တွေ အရမ်းတက်နေတာတွေ ရှိရင်
ဒီတိုင်းဆို ကျနော်တို့ မသိနိုင်ဘူးလေ..ဒီကောင်လေးကို ရမ်းထားရင် ကျနော်တို့ ဟက်ဒစ်လေးအကြောင်း
ကို လွယ်ကူစွာသိရှိနိုင်ပါတယ်..သူ့မှာ အော်တို alert လဲပါပါတယ်..တခုခုဆို သူက အချက်ပေးပါလေ့
မယ်..ဒါဆိုရင် ကျနော်တို့ စက်ပိတ်ပြီးနားတာတို့ စက်ကို အနားပေးလိုက်ရင် ဟက်ဒစ် ပျက်နိုင်လောက်တဲ့
အဖြစ်ကနေ ရှောင်ရှားနိုင်ပါတယ်..သူက ကို့စက်မှာတက်ထားတဲ့ HDD ရဲ့ Health ကိုအမြဲ ပြနေမှာဖြစ်ပါ
တယ်..ဒိကောင်လေးနဲ့ ကျနော်တို့ ဟက်ဒစ်ပျက်နိုင်တဲ့ ဘေးကနေ ကာကွယ်ပေးနိုင်ပါလေ့မယ်..
အပေါ်မှာလဲ ပုံလေးနဲ့ ပြသထားပါတယ်..အဆင်ပြေပါစေ.
Sunday 25 March 2012
Macroplant Phone to PC 4.1.3.5
ဒီ software ကတော့ ipad, iphone, ipod တွေထဲမှာရှိတဲ့ video, music, photo တွေအားလုံးကို မိမိကွန်ပျူတာထဲကို transfer လုပ်တဲ့ software ပါ. သုံးရတာ အရမ်းလွယ်ပါတယ်။ ipad, iphone, ipod တွေထဲမှာရှိတဲ့ ဖိုင်တွေကို ကွန်ပျူတာထဲကို copy ကူးချင်တဲ့သူများ အတွက်ဖြစ်ပါတယ်။
Download ifile.it | Download mediafire
Source : ညီနေမင်း(နည်းပညာ)
Kaspersky internet security 2012
ဒါကတော့ kaspersky internet security (KIS) နောက်ဆုံးထွက် version ပါ. လိုချင်တဲ့သူများ အောက်မှာ Download လုပ်ယူနိုင်ပါတယ် . ဖိုင်ဆိုက်က သိပ်မကြီးပါဘူး. တောင်းတဲ့သူများလို့ တင်ပေးလိုက်ပါတယ် . အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ် . key ကတော့ ဘယ်လို ထည့်ရတယ်ဆိုတာကို ရေးထားပေးပြီးသားပါ။ ထည့်တတ် မယ်လို့ မျှော်လင့်ပါတယ် . ဆိုက်ရဲ့ ညာဖက်အခြမ်းမှာ kaspersky keys တွေကို အမြဲတမ်း up to date တင်ပေးနေပါတယ် . version အားလုံးအတွက်ပါ။
Download mirrorcreator | Megaupload | Mediafire | Zshare | Ziddu | up4vn
Source : ညီနေမင်း(နည်းပညာ)
Thursday 22 March 2012
Firefox ကို အရမ်းလေးပြီး crash ဖြစ်နေသူများတွက်
 Step 1:Fixed Memory Cache in Firefox
1.Type about:config in the Firefox address bar.
2.filter ဆိုတဲ့ box လေးမှာ browser.cache.memory.enable ဆိုတာလေးကိုရိုက်ရှာပြီးတော့
vale ကို ၂ချက်ကလစ်ပြီး true ပြောင်းပေးပါ.
3.about.config ကိုရိုက်ထားပြီးတော့ ညာဘက်က လွတ်နေတဲ့ နေရာ တခုခုမှာ Right click လုပ်ပြီး
New Integer ခေါ်လိုက်ပါ.အဲ့ထဲမှာတော့ browser.cache.memory.capacity ဆိုတာကိုရိုက်ပါ
vale ကိုတော့  8192 ထားပြီး အိုကေပေးလိုက်ပါ.
( ဒီတန်ဖိုးကိုဘယ်လိုတွက်လဲဆိုရင် ကိုယ့်စက်မှာ ရှိနေတဲ့ RAM ကိုကြည့်ပြီးတော့တွက်ပါတယ်.ကိုယ့်စက်မှာ
RAM 256MB ဆိုရင် 4096 ထားပါမယ်.RAM 512 ဆိုရင် 8192 value ထားပါတယ်.ကျနော်ဆို RAM4G
တပ်ဆင်ထားတဲ့အတွက် Value တန်ဖိုးကို 65536 ထားရပါတယ်.)
Dear Mother
ဘာပဲပြောပြော အမေက အမေပါပဲ။
Tuesday 20 March 2012
Samsung Galaxy S/S2 အမျိုးအစားဖုန်းတွေနဲ့ Galaxy Tab Tablet တွေမှာ root လုပ်စရာမလိုပဲ မြန်မာဖောင့်မြင်ရအောင်လုပ်နည်း
Samsung Galaxy Series ဖုန်းတွေနဲ့ Galaxy Tab Tablet တွေမှာ root လုပ်စရာမလိုဘဲ မြန်မာဖောင့် မြင်ရတဲ့ application လေးပါ။ Galaxy S နဲ့ Galaxy S2 တွေမှာသွင်းလို့ရပါတယ်။ သွင်းပုံသွင်းနည်းကိုပါပြောပြပါမယ်။ အောက်မှာပေးထားတဲ့ ဖိုင်နှစ်ခုလုံးကို download လုပ်ပါ။
Fontomizer အားရယူရန်
zawgyi font application အားရယူရန်
ဖုန်းရဲ့ settings> applications ထဲကိုသွားပြီး unknown sources ကိုအမှန်ခြစ်ပေးပါ။ ပြီးရင်ခုနက download လုပ်ထားတဲ့ application နှစ်ခုစလုံးကို install လုပ်လိုက်ပါ။ install လုပ်ပြီးပြီဆိုရင် ဖုန်းရဲ့ Setting > Display > Font ထဲကိုသွားပါ။ အဲဒီမှာ ခုနသွင်းထားတဲ့ zawgyi font ကို font list
ထဲမှာမြင်ရပါလိမ့်မယ်။ font list ထဲက zawgyi font ကိုရွေးပေးလိုက်ပါ။
အခုဆိုရင် Samsumg Galaxy Series ဖုန်းတွေမှာ root လုပ်စရာမလိုပဲ မြန်မာလိုမြင်ရပြီဖြစ်ပါတယ်။
တကယ်လို့ ဇော်ဂျီ ဖောင့် အပြင် တခြားဖောင့်တွေကိုလည်း ထပ်ထည့်ချင်တယ်ဆိုရင်တော့ Fontomizer application ထဲကိုဝင်လိုက်ပါ။ အဲဒီမှာ A to Z အထိ font နာမည်အမျိုးမျိုးနဲ့ font တွေကို direct download လုပ်လို့ရပါတယ်။ ဇော်ဂျီ font ကိုတောင် အဲဒီထဲကနေ download လုပ်လို့ရပါတယ်။
Botton Page ပြုလုပ်နည်း
မေးထားတာတော့ ကြာပါပြီ။ မိမိ မအားတာနဲ့ မရေးဖြစ်တာပါ။ အမှန်တော့ ဒီလုပ်နည်းကို မရေးချင်ပါဘူး။ ဘလော့ တော်တော်များများမှာ ရေးသားထားတာ မြင်ဖူးလို့ပါ။ ဒါပေမယ့် အဲဒီဘလော့တွေကို ညွှန်းဖို့အတွက် လင့်တွေ မေ့နေတာနဲ့ မိမိလုပ်ထားတာကို ရေးသားဖော်ပြလိုက်ပါတယ်။ အောက်က အဆင့်တွေအတိုင်း လုပ်ပေးပါ။
Defragment လုပ်ဖို့ လိုတယ်
အခု ကြုံတုန်းလေးမို့ ကွန်ပျူတာ သုံးစွဲရာမှာ ပေါ့ပါးစေတဲ့ ဆော့ဝဲလ်လေးကို ဖော်ပြပေးလိုက်ပါတယ်။
စာရိုက်အသုံးများတဲ့စက်၊ ဖိုင်တွေ ဟိုပို့ဒီပို့ လုပ်တဲ့စက်၊ ဆော့ဝဲလ်ပေါင်းများစွာနဲ့ အလုပ်ရှုပ်နေတဲ့ စက်တွေအတွက် Defragment က လုပ်ကို လုပ်ရမယ့် အရာလေးတစ်ခုပါ။ Window မှာ ပါတယ်ဆိုပေမယ့် သုံးစွဲရတာ ထိရောက်မှု မရှိဘူးလို့ ထင်ပါတယ်။ Defragment သုံးစွဲလို့ ကောင်းတဲ့ Tuneup Software လဲ မိမိဆိုဒ်မှာ ဖော်ပြပေးပြီး ဖြစ်ပါတယ်။
အခု ဖော်ပြပေးတဲ့ ဆော့ဝဲလ်ကလဲ Defragment Software လေးတစ်ခုပါပဲ။ free version ဖြစ်ပြီး ဆိုဒ်က 1 M တောင် မပြည့်ပါဘူး။ သုံးစွဲရမှုလဲ လွယ်ကူတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ အသုံးဝင်တဲ့ ဆော့ဝဲလ်လေး တစ်ခု ဖြစ်တဲ့အတွက် မဖြစ်မနေ သုံးစွဲသင့်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။
မောင်စေတနာ
CleanThis Virus
တစ်နေ့သ၌ ကျွန်ုပ်သည် မိတ်ဆွေတစ်ယောက်၏ ကွန်ပျူတာတွင် ဗိုင်းရပ်စ် ၀င်နေသည် သတင်းကြား၍ အပြေးအလွှား သွားကြည့်ဖြစ်သည်။ အစပထမတွင် မည်သည့် ဗိုင်းရပ်စ်မှန်း မသိဖြစ်ရ၏။ ဗိုင်းရပ်စ် အလုပ်လုပ်ပုံသည် Application များကို ဖွင့်မရခြင်း၊ Task manager ကို ပိတ်ထားခြင်း၊ စက်ကို Restart ချ၍ မရခြင်းနှင့် အခြားအနှောင့်အယှက်များ ဖြစ်ရ၏။
Clean This Virus မှန်းသိရ၏။ နည်းလမ်းမျိုးစုံဖြင့် ရှာဖွေ ဖယ်ရှားရာ အလွယ်တကူပင် ဖြေရှင်းနိုင်ခဲ့သည်။ စာဖတ်သူတို့ ကြုံတွေ့လာခဲ့လျှင် အဆင်ပြေစေရေးအတွက် ဖော်ပြလိုက်သည်။ အောက်ပါ နည်းလမ်းများဖြင့် ဖြေရှင်းနိုင်လေသည်။
Monday 19 March 2012
Blogger ဆိုတာ ဘာလဲ
ဘယ်သူကနေ ဘယ်သူ့ကိုစပြီးတဂ်လိုက်သလဲတော့မသိပါဘူး ။ ထုံးစံအတိုင်းပဲ ဘလော့ဂ်ဂါ ဆိုတာ ဘာလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ မန္တလေးသားလေး ကိုကိုးအိမ်က တဂ်လိုက်ပြန်ပါပြီ ။ ပြန်ရေးတာ နောက်ကျသွားတဲ့ အတွက် ခွင့်လွှတ်ပါ ညီရေ ။ အရင်ဆုံးပြောချင်တာတာတွေကို အပိုင်းလေးတွေခွဲပြီး ရေးသွားမှာဖြစ်ပါတယ် ။
၁ ။ ဘလော့ဂ်ဂါဆိုတာ ကိုယ်ပိုင် blogspot.com ရှိယုံနဲ့ တကယ်ပဲ စာရေးသူ ဘလော့ဂ်ဂါ တစ်ယောက် ဖြစ်ပြီ တဲ့လား ?
၂ ။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ဆိုရင် ဘာတွေနဲ့ပြည့်စုံရမလဲ ?
၃ ။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ ဘာတွေရှောင်ရမလဲ ?
၎ ။ အဆိပ်ပင်တွေ ရေမလောင်းကြပါနဲ့
၅ ။ စည်းလုံးညီညွှတ်မှုဟာ ဘလော့ဂ် မှာ ဘယ်လောက်ထိအရေးကြီးသလဲ ?
iTunes တွင် မြန်မာလိုပေါ်အောင် လုပ်နည်း
ဒီတစ်ခေါက်တော့ iTunes မှာ မြန်မာလို ပေါ်အောင် လုပ်နည်းလေး တင်ပေးလိုက်ပါတယ်….
သာမာန်အားဖြင့် Windows OS ပေါ်မှာ iTunes က မြန်မာစာ မပေါ်ပါဘူး… အလေးထောင့်တုန်း တွေပဲပေါ်တာပါ။
မြန်မာလိုရေးထားတဲ့ သီးချင်းနာမည်တွေကို ဖတ်လို့ ရနိင်အောင်လို့  step by step လုပ်နည်းလေး တင်ပြသွားပါမယ်……
မြန်မာစာမထည့် ၊ root မလုပ်ဘဲ မြန်မာလိုကြည့်နိုင်စေမယ့် 1st Myanmar Browser v0.3 (New Version)
1st Myanmar Browser Developer- ကိုထင်အောင်
1st MM Browser Official Website- www.1stmm.net
မြန်မာစာမထည့် ၊ root မလုပ်ဘဲ မြန်မာစာနဲ့ရေးထားတဲ့ websiteတွေကို မြန်မာလိုကြည့်နိုင်စေမယ့် 1st Myanmar Browser v0.3 (New Version) အသစ်ကို 1stmm.net မှ 1st Myanmar Browser Developer ကိုထင်အောင်မှ ထပ်မံရေးသားထုတ်ဝေလိုက်ပါပြီ။ အခု version အသစ်နဲ့ပတ်သက်ပြီး Developer ကိုထင်အောင်က အခုလိုပြောကြားထားပါတယ်။
“1st Myanmar Browser v0.3 မှာ မြန်မာလို ရိုက်လို့ရပါတယ်။ Font က ဇော်ဂျီပါ။ Keyboard က ဇော်ဂျီရိုက်လို့ ရတဲ့ Keyboard အားလုံး နဲ့ အဆင်ပြေပါတယ်။ 1st Myanmar Browser မှာ ကီးဘုတ် တခါတည်း မပါပါဘူး။ တခု သတိပြုရမှာက လက်ရှိ v0.2 ကို အသုံးပြုနေတဲ့ သူတွေ အနေနဲ့ v0.2 ကို အရင်းဆုံး Uninstall လုပ်ပြီးမှ v0.3 ကို Install လုပ်ပေးပါ။ ”
Sunday 18 March 2012
Angry_Birds(portable)
အပျင်းပြေဂိမ်းဆော့ကြရအောင်လို့ တင်ပေးလိုက်ပါတယ်။အဆင်ပြေကြပါစေ။
Download
FileSize: 26.6MB
Source : Kogee Lay
ArcSoft Perfect365 1.1.0.12
ကျွန်တော်တို့ ဓါတ်ပုံလေးတွေကို အကောင်းဆုံးနဲ့ အလွယ်ဆုံးပြုပြင်ပေးနိုင်ဖို့အတွက် ဒီ Tools လေးတစ်ခု တင်ပေးလိုက်ပါတယ်။ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ ကလစ်တစ်ချက်နဲ့တင်ကို ကျွန်တော်တို့ရဲ့ မျက်နှာက အမဲစက် တွေ အချိုင့်တွေ နဲ့ တခြား မျက်ကွင်းညိုတာကအစ ပေါ့ပေါ့ပါးပါးနဲ့  အသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့ မိန်းကလေးတွေအတွက်ဆိုရင်တော့ ပိုပြီးအဆင်ပြေပါတယ်။ မျက်တောင်အတုထည့်ပေးတာက အစ ပါဝင်ပါတယ်။ အသုံးပြုနည်းကတော့ ရိုးရှင်းပါတယ်။ 13.9 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ဗျာ။
ကျွန်တော်အောက်မှာတင်ပေးထားပါတယ်။ ယူသွားလိုက်ပါဗျာ.။
ရင်ဖွင့်သံ
Saturday 17 March 2012
Farm_Frenzy 3
အပျင်းပြေဂိမ်းဆော့ကြရအောင်လို့ တင်ပေးလိုက်ပါတယ်။အဆင်ပြေကြပါစေ။
FileSize : 71.96 MB
Download Farm_Frenzy3
source : Kogee Lay
PDFCreator 1.3.1
ကျွန်တော်အခု PDF Creator ကိုအသုံးပြုနေသူများအတွက် နောက်ဆုံးထပ်ထွက်လာတဲ့  ကောင်လေးတင်ပေး လိုက်ပါတယ်။ ကျွန်တော်တို့ Microsoft word ကနေ PDF ချိန်းနေသူများ နဲ့ လိုအပ်နေသူများအတွက် တင်ပေးလိုက်ပါတယ်။ ကျွန်တော်အများကြီးတော့ မပြောပြတော့ပါဘူး။ သုံးနေတဲ့သူအများလဲ သိကြမယ်ထင်ပါတယ်။ ဖိုင်ဆိုဒ်က 17.3 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာတင်ပေးထားပါတယ်။
...Download...
...ဒေါင်းရန်...
အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ .။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Source : နေမင်းမောင်(နည်းပညာပြန်လည်မျှဝေခြင်း)
Advanced SystemCare Pro 5.2.0.223
ကျွန်တော် ဒီလိုကောင်လေးတွေ အရင်က လည်း အများကြီး တင်ပေးခဲ့ပြီးပါပြီ။ အခုနောက်ဆုံးထပ်ထွက် လာတဲ့ Update လေးဖြစ်ပါတယ်။ Support လုပ်ပေးနိုင်တဲ့ OS တွေကတော့ Microsoft® Windows® 7 (32-bit and 64-bit) Starter/ Home Basic/Home Premium/Professional/Ultimate ,Microsoft® Windows® Vista (32-bit and 64-bit) Starter/Home Basic/Home Premium/Business /Ultimate ,Microsoft® Windows® XP (32-bit and 64-bit) with SP2/SP3 or Home/Professional/Media Center,Microsoft® Windows® 2000 စတဲ့ OS တွေကို Support လုပ်ပေးနိုင်ပါတယ်။ အောက်မှာ သူ့ရဲ့ Features လေးတွေကိုလည်း ထပ်ထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့   30.6 MB ပဲရှိပါတယ်.။ အောက်မှာ ယူသွားလိုက်ပါဗျာ။.
သူ့ရဲ့ Features လေးတွေကတော့ ...................
Friday 16 March 2012
Glarysoft Disk SpeedUp 1.1.0.317 Portable
Glarysoft Disk SpeedUp 1.1.0.317 Portable | 10.73 Mb
Peak computer performance အတွက် defrag and optimize disks တွေကို လျှင်မြန်စွာ clean လုပ်ပေးနိုင်တဲ့  fast defragmentation tool တစ်ခုပါ…ကြေငြာတာတော့ မဟုတ်ဘူးနော် … တော်တော်ကိုမြန်တာ ကြိုက်လို့ တင်ပေးလိုက်တာ …
Disk SpeedUp ရဲ့ အလုပ်လုပ်နိုင်တဲ့ OS တွေကတော့ Win 98/Me/NT/2000/XP/2003/Vista/Windows 7 operating systems.
Submit your site for free!
Wednesday 14 March 2012
I Screen Recorder 8.0.1.12
I Screen Recorder 8.0.1.12 | 2.62 MB
i Screen Recorder is a powerful, yet full-featured screen record tool that allows you to easily capture and annotate anything on the screen including windows, objects, menus, full screen, rectangular/freehand regions and even scrolling windows/web pages, and save the images in BMP or JPG formats. It also allows you to capture video or image from DV and TV Tuner, and Other Device, and browse or edit recorded media files.
DOWNLOAD:
Source : ကိုမြတ်
Adrosoft AD Audio Recorder 2.0
Adrosoft AD Audio Recorder 2.0 | 1.4 MB
ကွန်ပျူတာနဲ့ အသံသွင်းချင်သူတွေအတွက်ဖိုင်ဆိုဒ်သေးပြီးအတော်အလုပ်လုပ်ပါတယ်။
Monday 12 March 2012
အသံပြသာနာ
ဒီရက်ပိုင်းတွေမှာ Network ရှိတဲ့ ကွန်ပျူ တာ တော်တော်များများကို ဗိုင်းရပ်စ်တစ်မျိုး ကူးစက်နေတယ်။ ဒီဗိုင်းရပ်စ်က ကူးစက်မြန်သလို။ တုံ့ပြန်မှုကိုလည်း သေးငယ်တယ်လို့ ပြောရင်လဲ ရပါတယ်။ အဓိက လုပ်ဆောင်တာက အသံကို ပိတ်ဖြစ်တာပါ။ Windows Audio ကို Disable လုပ်ပစ်တာပါ။
Reported Attack Page အဖြစ် မိမိဆိုဒ် သတ်မှတ်ခံခဲ့ရလျှင် ဖြေရှင်းနည်း
မိတ်ဆွေဟာ ဘလော့ရေးနေသူ တစ်ယောက် ဆိုကြပါစို့ တစ်နေ့ ကိုယ့်ဘလော့လေး ကိုဝင်လိုက်တဲ့ အချိန်မှာ အဲလို အနီရောင် ဆိုင်းဘုတ်ကြီးနဲ့ Reported Attack Page ဆိုပြီး သတိပေးစာကြီး ပေါ်လာရင် ဘယ်လိုများ ခံစားရမလဲ...
ဟုတ်ကဲ့ ခံစားရသူတွေ ခံစားပြီးကုန်ပါပြီဗျာ သေပြီပေါ့ ဧည့်သည်တွေ လာရင် ကိုယ့်ဘလော့ကပဲ ဧည့်သည်တွေကို ဗိုင်းရပ်စ် တွေ လွှတ်နေသလိုလို ဝင်ဖတ်ရင်ပဲ ကွန်ပြူတာကြီး ပျက်သွားတော့ မလိုလို ဆိုတော့ အကုန် ပြန်ပြေးကြပြီပေါ့...
Let to lookup about Hardware with Myanmar
Computer Hardware အကြောင်းကို မြန်မာလိုရှင်းပြထားတဲ့
Micromedia projector လေးဖြစ်ပါတယ်
အခန်းလိုက် Computer Hardware Device အစိတ်အပိုင်းများ၊
တည်ဆောက်ပုံများ၊တပ်ဆင်ပုံများကို မြန်မာသံ မြန်မာစာလေးတွေနဲ့ရှင်းလင်းတင်ပြထားပါတယ်
Micromedia projectorနဲ့တည်ဆောက်သွားပုံကို စိတ်ဝင်စားဖွယ်တွေ့နိုင်ပါတယ်
ဆရာဇော်လင်း ဦးစီးပြီးတော့ Youth ကုမ္ပဏီ ဖန်တီးထားပါတယ်
မသိသေးသူတွေအတွက် ကို့ဘလော့ဂ်ကနေပြန်လည်ဝေမျှခြင်းသာဖြစ်ပါတယ်
ဒေါင်းလွတ်ချရန်
Reference : ကဗျာစမ်းရေ
Source : မောင်ပညာ
TFTTEST for to check screen
ဒီနေ့ ပိုက်ဆံလေးစုမိတုန်း Dell studio notebook လေးသွားဝယ်ဖြစ်ခဲ့တယ်
ကိုယ်တိုင်တော့ မ၀ယ်တက်ဘူးဝယ်တက်တဲ့သူငယ်ချင်းတစ်ယောက်ကို
အကူအညီတောင်းပြီးသွားဖို့လုပ်တော့ သူငယ်ချင်းက ဆော့ဝဲလေးတစ်ခုယူအုံးမယ်
ဆိုပြီး TFTTEST ဆိုတဲ့ဆော့ဝဲကို USB Drive လေးနဲ့ထည့်ခဲ့တယ်..ဟိုရောက်တော့
notebook လည်းရပြီးတော့ Flash screen လေးကိုစစ်တဲ့အခါ ဒီဆော့လ်ဝဲလေးကအသုံးဝင်တာကို
တွေ့ရတယ် ဆော့ဝဲလေးက portable လေးပါ screen မှာအစက်အပြောက်တွေပေါ်မပေါ်ကြည့်နိုင်ပါတယ်
color တွေအမျိုးမျိုးပြောင်းပြီး ကြည့်နိုင်တဲ့ဆော့လ်ဝဲလေးပါ အစက်အပြောက်တွေမရှိဘူး Complete
ဖြစ်တယ်ဆိုရင်တော့ screen view အတွက်စိတ်ချသွားရပြီပေါ့
ကဲကြွားလုံးထုတ် လေများတာများပြီထင်တယ် မသိသေးတဲ့သူတွေအတွက်
share ပေးလိုက်ပါတယ်..
DOWNLOAD
Source : မောင်ပညာ
Angry.Birds.Seasons.v1.5.1 - ကိုမြတ်
Angry.Birds.Seasons.v1.5.1 >>> 26.6Mb
မေးလ်ကနေတောင်းဆိုလာတဲ့သူအတော်များလာလို့ ပါ။ Angry.Birds စီးရီးရဲ့ဗားရှင်းအသစ်ပါ
သူ့ မှာကအရင်ဗားရှင်းထက်အခန်းတွေပိုပါလာပါတယ်။ခရက်ဖိုင်ပါထဲပေးထားပါတယ်။
ခရက်ဖိုင်ဖြေပြီးနောက်ထပ်ရီဂျစ်စတာကီးတောင်းလာရင် komyat ဆိုပြီးရိုက်ထဲပေးလိုက်ပါ။
ဂိမ်းဆော့ပြီးအပျင်းပြေကြပါစေဗျာ။
Source : ကိုမြတ်
Saturday 10 March 2012
ဘလော့တခုပြုလုပ်ရန်
 ဒီနည်းလမ်းလေးကတော့မိမိမသိသေးတဲ့အချိန်မှာမလွယ်ကူဘူးဆိုတဲ့
အလုပ်လေးတွေကိုအခုမှစလုပ်မည့်မိတ်ဆွေသူငယ်ချင်းများကိုအလွယ်တကူသိရှိနား
လည်စေရန်အတွက်ရေးသားရခြင်းဖြစ်ပါတယ်.ဘလော့တစ်ခုပြုလုပ်ရန် ပုံလေးတွေနဲ့ အကြမ်းဖျင်းတင်ပြပေးပါမယ်.
၁. http://www.blogger.com  ကိုဝင်လိုက်ပါ.
၂. မိမိအသုံးပြုမည့် Gmail အကောင့်ဖြင့်ဝင်ပါ.
How to Fix Explorer.exe Problem When Taskbar Disappears
ဒီနည်းလမ်းလေးကတော့ ကျနော့မိတ်ဆွေ သူငယ်ချင်းတယောက်ကိုယ်တိုင်ကြုံတွေ့ ခဲ့တဲ့ ပြဿနာလေးပါ. ဘာဖြစ်တာလဲဆိုတော့ သူ့ ရဲ့ laptop ကို တစ်နေကုန်အသုံးပြုနေပြီး ပါဝါကိုအရင်မ ပိတ်မိဘဲ laptop battery charger ကြိုးကို တစ်ခါထဲပိတ်လိုက်မိလို့  စက်ပြန်ဖွင့်တဲ့အခါမှာ desktop ကြီးတစ်ခု လုံးပျောက်နေပြီး.ဘာမှလဲနှိမ့်လို့ မရ ကာလာအမဲကြီးဘဲပေါ်နေပြီး  taskbar နှင့်  start menu တွေ ဘာမှမပေါ်တော့ တဲ့အ တွက် တခြားမိတ်ဆွေများလဲ အခုလို ဘယ်ကနေဘာ စလုပ်ရမှန်း မသိတဲ့ ပြဿနာမျိုးကြုံလာခဲ့ရင်ဖြေရှင်းလို့ ရအောင် ဒီပို့ စ်လေးကို ရေးသား လိုက်ခြင်းဖြစ်ပါတယ်. ဒီလိုပြဿနာမျိုးကကိုယ်တိုင်မဖြေရှင်းနိုင်လို့  ဆိုင်သွားပို့ မယ်ဆိုရင်တော့ ရိုက်စား ဆိုတဲ့စကားအတိုင်း ခံရပြီသာမှတ်တော့ဘဲ။ သူတို့ ပြောတာကလွဲပြီး ဘာများတက်နိုင်အုံးမှာလဲ.ပြန်ရောင်းမယ် ဆို ရင်လဲ အဟောင်းဈေးနဲ့ အနှိမ်ခံရအုံးမယ်.ဆိုတော့ ဒီနည်းလမ်းလေးနဲ့ ဘဲဖြေရှင်းလိုက်ကြပါ.စိတ်ရှုပ်ငွေကုန် စရာ မလိုတော့ပါဘူး။
အဆင့်( ၁ ) Ctrl+Shift+Esc (သို့ ) Ctrl+Alt+Delete  key ကိုတွဲနှိပ်ပြီး task manager ကိုခေါ်ပါ။
အဆင့်( ၂ ) task manager ပေါ်လာရင် File \  New Task (run...) ကိုသွားပြီး ဘောက်စ်ထဲမှာ c:\windows ကိုရိုက်ထည့်ပြီး OK ပေးလိုက်ပါ။ အောက်ပုံ...
Portable all_to_pdf_7.7
 All_to_pdf_7.7_portable.rar (7 MB)
အသုံးပြုချင်တဲ့မိတ်ဆွေများ အောက်မှာ download ယူနိုင်ပါတယ်...
Thursday 8 March 2012
Hardware ပိုင်းများကိုတစ်နေရာတည်းမှာ လေ့လာနိုင်ရန်
ဒါကတော့ ကျွန်တော့်အကို .. ကိုသန့်ဇင်ဌေး တင်ထားတဲ့ U-Tube Channel လေးကို ဟိုနေ့က အကိုနဲ့တွေ့တုန်း အားလုံးအတွက်လည်း အသုံးဝင်တာမို့ အကို့ဆီကနေ ခွင့်တောင်းပြီး ပြန်ရှယ် ပေးလိုက်တာပါ ..  Hardware တွေအကြောင်း Excel TutorialSimple AutoCAD 2006 TutorialCSharpTutorialJoomla! 1 5 Essential Training Introduction အစရှိတဲ့ Video Tutorial တွေအားလုံးကို တစ်စုတစ်စည်းတည်း လေ့လာနိုင်အောင် တင်ပေးထားတာပါ .. အားလုံးပေါင်း Video Tutorial ပေါင်း ( ၆၀ ) ကျော် ရှိပါတယ် .. U-Tube ကနေ တင်ပေးထားတာ ဖြစ်တဲ့အတွက် မြန်မာပြည်က လူတွေ အနေနဲ့တော့ အဆင်မပြေပါ့ မလားတောင် မသိပါဘူး .. ဘာပဲပြောပြော Hardware နဲ့ဆိုင်တဲ့ အကြောင်းအရာတွေ အားလုံးကို တစ်စုတစ်စည်းတည်း တင်ပေးထားတာ ဖြစ်တဲ့အတွက် အားလုံးအတွက် အသုံးဝင်မှာ ဖြစ်လို့ ပြန်ပြီးတော့ မျှဝေပေးလိုက်တာ ဖြစ်ပါတယ် .. 
စိတ်ပါဝင်စားလို့ လေ့လာချင်တဲ့ သူတွေကတော့ အောက်မှာပေးထားတဲ့ လင့်လေးကနေ သွားလိုက်ယုံပါပဲ ..
 အားလုံးပဲအဆင်ပြေကြပါစေ ... ကျေးဇူးတင်ပါတယ်ခင်ဗျာ .. 
Source : နေမင်းမောင်(နည်းပညာပြန်လည်မျှဝေခြင်း)
Computer connector များအကြောင်း
ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D
AutoCAD with myanmar Ebooks
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtliWQjRw-M3ywwfWR3t9uaYjjZ7M7o2O5ySndMVihaPgOAFHvn75nbxD_UoGXtnOAz9ESxgx7b7qf_rVvTyb7cUaoPFgQKEv6q269H23R_jPu2smpgZJxi0U_OG1G7jClF3RcH0om_wYa/s1600/AUTOCAD+2002.jpg
မြန်မာလို ထွက်ရှိပြီးတဲ့ AutoCAD စာအုပ်လေးတွေကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်..။
စလေ့လာနေတဲ့သူတွေအတွက်ကော လုပ်ငန်းခွင်ဝင်နေတဲ့သူတွေအတွက်လိုအပ်လိမ့်မယ်လို့ထင်ပါတယ်။
အောက်မှာယူလိုက်ပါ........Thank
AutoCAD (2005)
Auto CAD (2002)
AutoCAD (2010)
Source : မောင်ပညာ
Tuesday 6 March 2012
software တွေကို License version ဖြစ်အောင် လုပ်နည်းများ - ညီနေမင်း(နည်းပညာ)
လိုင်စင် version ဖြစ်အောင် လုပ်နည်း (၄)နည်းရှိပါတယ်. serial, patch, crack, keygen မသုံးတတ်တဲ့သူများအတွက် တင်ပေးလိုက်ခြင်းဖြစ်ပါတယ်. ဒီ video ဖိုင် (၄) ဖိုင်ဟာ လူတိုင်းအတွက် မသိမဖြစ် သိထားရမယ့် အရာတွေဖြစ်ပါတယ်. software တစ်ခု download လုပ်လို့ရလာပြီဆိုရင် ဒီ(၄)နည်းထဲက တစ်နည်းနည်းနဲ့လာမှာ ဖြစ်ပါတယ်. အဲ့ဒါကြောင့် ၄ နည်းစလုံးကို နားလည်ထားရင် ဘာနဲ့ပဲလာလာ license version ဖြစ်အောင်လုပ်နိုင်သွားပြီ ဖြစ်ပါတယ်. အဲ့လေးနည်းကတော့
~~~~ Crack tutorial movie ~~~~
Ifile.it | Mediafire | Mirrorcreator
~~~~ Keygen tutorial movie ~~~~
Ifile.it | Mediafire | Mirrorcreator
~~~~ Patch tutorial movie ~~~~
Ifile.it | Mediafire | Mirrorcreator
~~~~ Serial Number tutorial movie ~~~~
Ifile.it | Mediafire | Mirrorcreator
Source : ညီနေမင်း(နည်းပညာ)
Related Posts Plugin for WordPress, Blogger...