Showing posts with label ကွန်ပျူ တာ. Show all posts

Monday, 21 January 2013
Thursday, 3 January 2013
Sunday, 17 June 2012
ကွန်ပျူ တာဝင်းဒိုးတက်တာကြာနေရင်
သင့်ရဲ့ကွန်ပျူ တာဝင်းဒိုးတက်တာကြာလို့ စိတ်ညစ်နေပါသလားဘယ်လိုမြန်ဆန်အောင်ပြောင်းလဲ ပေးနိုင်မလဲ…..ဆွေးနွေးကြည့်ရအောင်ဗျာ
Run box မှာ regedit ဟုရိုက်ပါ။ Register Editor ဆိုတဲ့ box ကျလာပါမယ်
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\control\
Session manager\Memory management မှ prefetchparaters click
လုပ်ပါ ညာဘက်က box ထဲမှာ Enable prefetcher
ကိုထပ်ပြီး ရှာလိုက်ပါဦး တွေ့ပြီဆိုရင်တော့ right click ထောက်ပြီး
modify ကိုရွေးပါ
Edit Dword ဆိုတဲ့ box ထဲက value data မှာ မူလက ၃ နေရာမှာ
၅ လို့ပြောင်းရိုက်ပြီး
အဆင်ပြေကြပါစေ။
Source : ကိုမြတ်

Ok ပေါ့ဗျာ…..အခုဆိုရင် ညီအစ်ကို မောင်နှမတို့ ရဲ့
ကွန်ပျူ တာဟာ မြန်မြန်ဆန်ဆန်နဲ့ restart နိုင်ပါပြီ..
ကွန်ပျူ တာဟာ မြန်မြန်ဆန်ဆန်နဲ့ restart နိုင်ပါပြီ..
အဆင်ပြေကြပါစေ။
Source : ကိုမြတ်
Wednesday, 25 April 2012
ကွန်ပျူတာ System Speed ကိုမြန်ဆန်စေရန်
System Speed ကိုမြန်ဆန်စေရန်အတွက် လုပ်ဆောင်နိုင်သည့်အချက်များ

Computer_speed
၁။ ကွန်ပျူ တာတွင် Application
တစ်ခုကိုအသုံးပြုပြီးတိုင်း Desktop ပေါ်တွင် Right Click ဖြင့် Refresh
ပြုလုပ်ပေးရပါမည်။ Refresh ပြုလုပ်ပေးခြင်းအားဖြင့် RAM အတွင်းမလိုအပ်သည့်
File များကိုဖယ်ထုတ်ပေးနိုင်ပြီး System Speed ကိုမြန်ဆန် စေပါသည်။
Saturday, 25 February 2012
Hard disk ကို Defragment ဘာကြောင့်လုပ်သင့်သလဲ
ကွန်ပျူ တာတစ်လုံးကို အသုံးပြုလို့ တစ်လလောက်ကြာလာတဲ့အခါမှာHard disk ထဲမှာ သိုလှောင်ထားတဲ့
ဖိုင်တွေက နေရာအစီအစဉ်တကျမရှိပဲ တစ်စစီပြန့်ကျဲလာတတ်ပါတယ်။ Fragemented ဖြစ်တယ်ပေါ့ဗျာ။
Hard disk ကြောင့် ကွန်ပျူ တာ ထိုးရပ်သွားခြင်းကိုကာကွယ်ဖို့ အတွက်ဆိုရင် အကောင်းဆုံးက Hard disk ကိုတစ်ပါတ်တစ်ခါလောက် Defragment လုပ်ပြီး ဖိုင်တွေကိုပြန်စီပေးမယ်သင့်တာပေါ့ဗျာ။ Defragment ဘယ်လိုလုပ်ရတယ်ဆိုတာ ကွန်ပျူ တာ အခြေခံရှိသူတော်တော်များများသိပြီးသားဖြစ်ပေမယ့်လည်း ပြည့်ပြည့်စုံစုံလေးဖြစ်သွားအောင်ထပ်ရေးချင်ပါတယ်။Disk Defragmenter ကိုအသုံးပြုဖို့အတွက်
Start>All Programs>Accessories>System Tools>Disk Defragmenter သို့သွားပါ
သို့သွားပါ ဒီလိုဆိုရင် Disk Defragmenter Windows ထွက်လာပါပြီ။ပြီးရင်တော့Defragment
ခလုပ်လေးကိုနှိပ်ပြီးလုပ်လိုက်ရုံပါဘဲဒါပေမဲ့
ဒီနေရာမှာ သတိထားဖို့အချက်တစ်ခုရှိပါတယ်။Hard disk ကို Defragment လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်ကို အချက်အလက်တွေထည့်သွင်းခြင်းမပြုလုပ်ရပါဘူး။ ဖိုင်တွေ ကို Save မလုပ်သင့်ဘူးပေါ့ဗျာ။

Thursday, 16 February 2012
မိမိကွန်ပျူ တာကိုလွယ်လွယ်ကူကူHack မခံရလေ အောင် ကာကွယ်ခြင်း
Run box မှာ compmgmt.msc လို့ရိုက်ထည့်ပြီးတော့
computer management (local)/system tools
/share folders/shares ကို သွားကြည့်လိုက်ပါ ညာဘက် box ထဲမှ
file များနောက် မှာ $ ပါနေလား
ကြည့်ပါ .. $ နေတယ်ဆိုတယ် သေချာပါပြီ…. သင့် ကွန်ပျု တာကို
ဟပ်မယ်ဆိုရင် အလွယ်တစ်ကူ
ဟပ်နိုင်နေပါတယ် ..ဘယ်လို ဟပ်မှာလဲဆိုတော့
run box မှာ
\\13.0.3.122\E$ ဒိလိုမျိုးရိုက်ခေါ်ပြီးတော့ အလွယ်တစ်ကူ ဟပ်သွားနိုင်ပါတယ်
် ဒီ default share ($)
တွေကို ဘယ်လို ဖြုတ်ရ
မလဲဆိုတော့
1. Start – Run – regedit … HKEY_LOCAL_MACHIE\
SYSTEM\CurrentControlSet\Services\
Lanmanserver\Parameters ကို Click ပါ။
2. ညာဘက်ရှိ Box ထဲတွင် AutoShareWks file ကို ရှာပါ။
မတွေ့ခဲ့လျှင် လွတ်နေသော နေရာတွင် Right Click – New – DWORD value
ကိုရွေးပါ။ New Value #1 ဆိုတဲ့ နေရာမှာ AutoShareWks ဟု ရေးပါ။
3. AutoShareWks file အား Double Click ပါ။
Value Data: အောက်ရှိ Box တွင် 0 ( zero ) ဆို Default Shares
တွေကို Close တာ 1 ( one ) ဆို Default Shares တွေကို Open တာ၊
0 (zero ) ပေးပြီး OK ပေးပါ။
4. Restart ပေးပြီး Windows ပြန်တက်သောအခါ
Default Shares တွေကို ပိတ်ပြီးသား ဖြစ်သွားပါလိမ့်မည်။
အဆင်ပြေကြပါစေ

Sunday, 5 February 2012
အရေးပါသော်လည်း သုံးစွဲသူတွေ မေ့နေတဲ့ BIOS
ဒီပို့စ်က အကျိုးများတော့ ကျနော်သိမ်းထားတာကြာခဲ့ပါပြီ UCSY-CYBER | Students Community-ကွန်ပျူ တာတက္ကသိုလ်ကျောင်းတော်သားများဖိုရမ်ကနေ ယူထားတာပါ။ အခုလိုအပ်မည့်သူများကို ပြန်ဝေငှပေးလိုက်တယ်။
BIOS သည် ကွန်ပျူ တာတစ်လုံး သက်ဝင် လှုပ်ရှားစေဖို့ မရှိမဖြစ်သော အရာဖြစ်သည်။ သို့သော် သူက ပြဿနာ ပေးခဲ့သည်။ ထို့ကြောင့် လူတွေက BIOS အလုပ် လုပ်ဖို့ထက် Windows အလုပ် လုပ်ဖို့ Hardware အလုပ် လုပ်ဖို့ကိုသာ ပိုပြီး စိတ်ဝင်စား ကြသည်။ BIOS ၏ အရှည်ကောက်မှာ Basic Input/Output System ဖြစ်သည်။ BIOS ပရိုဂရမ်သည် Motherboard ပေါ်ရှိ သီးခြား Romchip တစ်ခုထဲတွင် ရှိပါသည်။ BIOS သည် စက်နိုးမှုကို အစပြုပေးသည့် Program ဖြစ်သည်။ Hardware ကောင်းမကောင်း စစ်ဆေးပေးမည့် Program ဖြစ်သည်။ အခြေအနေ အားလုံး အဆင်ပြေလျှင် Windows ကို ဆွဲတင်ပေးမည့် Program လည်း ဖြစ်သည်။
BIOS ကို Central Configuration Instruction များဖြင့် ဖွဲ့စည်းထားပြီး ယင်းတို့ကို PC ROM ထဲတွင် သိုလှောင်ထားသည်။ Rom ထဲတွင် သိုလှောင်ထားသော ပရဂိုရမ် ဖြစ်သောကြောင့် ROM BIOS ဟုလည်း ခေါ်သည်။ ကွန်ပျူ တာ ခေတ်ဦးက BIOS ပရိုဂရမ်သည် အသေဖြစ်သော်လည်း ၂၁ ရာစုထဲရှိ ကွန်ပျူ တာတို့တွင် BIOS ဆိုသည်မှာ အဆင့်မြှင့်၍ရသော ပြုပြင်ပြောင်းလဲ၍ ရသော ပရိုဂရမ် ဖြစ်လာပါသည်။ ထိုသို့ အဆင့်မြှင့်နိုင်ရန် User Programmable BIOS Chip ကို အသုံးပြုမှသာ ဖြစ်နိုင်ပါသည်။ BIOS ပရိုဂရမ် အတွင်းရှိ Instruction များသည် ကွန်ပျူ တာ တစ်လုံး အဆင်ပြေပြေ အလုပ် လုပ်စေဖို့ ဆောင်ရွက်ပေးသည်။ ယင်းတို့သည် ကွန်ပျူ တာရှိ Motherboard, Monitor, Keyboard Disk Drive များနှင့်လည်း ချိတ်ဆက် ဆောင်ရွက်သည်။ BIOS ကို Rornchip ထဲတွင် သိုလှောင်ထားပြီး ယင်း Chip ရှိ အချက်အလက်များ မပျောက်ပျက်ရန် နာရီသုံး လစ်သီယမ် ဓာတ်ခဲ အပြားဝိုင်း တစ်ခုဖြင့် စွမ်းအင်ပေး၍ ထိန်းသိမ်းသည်။ စွမ်းအင် ပုံမှန် ပေးထားခြင်း၏ အဓိက အကြောင်းရင်းမှာ ကွန်ပျူ တာမှ ပြသောအချိန်နှင့် ပြက္ခဒိန်ကို မှန်ကန်အောင် ထိန်းသိမ်းထားဖို့ ဖြစ်သည်။
BIOS အတွက် စွမ်းအင်ပေးသော ဘက်ထရီကို CMOS ဘက်ထရီဟု ခေါ်သည်။ အဆိုပါ ဘက်ထရီသည် ပုံမှန်အားဖြင့် ၃ နှစ်ကျော်လောက် အသုံးခံပါသည်။ ဘက်ထရီ စွမ်းအားကျလာလျင် ပထမဆုံး ကွန်ပျူ တာရှိ နာရီ အချိန်မှန်တော့မည် မဟုတ်ပါ။ အလွန်အမင်း စွမ်းအား ကျလာလျင် BIOS ကြောင်သည်အထိ ဖြစ်နိုင်ပါသည်။ ၃ နှစ်ကျော်တိုင်း ဘက်ထရီ အသစ်လဲပေးမည် ဆိုက ပိုကောင်းပါသည်။ BIOS ထဲရှိ အချို့သော အချက်အလက်များကို မိမိစိတ်ကြိုက် ပြုပြင်နိုင်သည်။

How to Replace a Laptop Hard Drive
အချိန်မရတာနဲ့ ဒီရက်အတွင်းပို့စ်တွေသိပ်မတင်ဖြစ်ဘူး။ ဒါဆိုရေးလိုက်ဦးမယ်။ လက်တော့ကွန်ပျူ တာအသုံးပြုသော
ပုဂ္ဂိုလ်များအတွက် မိမိလက်တော့ပ်မှာ Hard Drive ပျက်သွားရင် ဆိုင်ကိုမပို့ရဘဲ ကိုယ်တိုင်ဖြုတ်ပြီး ပြန်တပ်ဆင်
နိုင်အောင်လို့ပါ။ အခုကွန်ပျူ တာသုံးတဲ့ပုဂ္ဂိုလ်အများစု External Hard Disk ၀ယ်ထားကြတာများတယ်။
အောက်ပါ video ဖိုင်လေးကိုကြည့်လိုက်ပါ။ လက်တော့မှာ HDD ပျက်သွားရင် ကိုယ်တိုင်တပ်ဆင်နည်းလေးဖြစ်
ပါတယ်။
Hard Drive (Disk)အမျိုးအစားများတွင် လက်တော့ပ်မှာ SATA အမျိုးအစားကိုသာအသုံးပြုတာများပါတယ်။
ဒါကြောင့် မိမိကွန်ပျူ တာထဲက Hard Disk ပျက်သွားခဲ့ရင် မိမိဝယ်ထားတဲ့External Hard Disk နဲ့ပြန်ပြီး
အစားထိုးတပ်ဆင်လိုက်ရုံပါပဲ။ ကျနော်တစ်ခုပြောချင်တာက External HardDisk ကိုဝယ်တဲ့အခါ Cover
အဖုံးသေတပ်ထားတဲ့ External Hard Disk မ၀ယ်မိဖို့သတိပြုစေချင်တယ်။
အဖုံးအရှင်ပြုလုပ်ထားတဲ့ ဖြုတ်ရတာလွယ်တဲ့ External Hard Disk ကို ၀ယ်ဖို့ကျနော်တိုက်တွန်းချင်ပါတယ်။
အဲဒါမှ ဖြုတ်ရတာလွယ်ကူမှုရှိပြီး အတွင်းက Hard Disk ဆော့ကက်ပြားကို ယူရတာလွယ်မှာဖြစ်ပါတယ်။
External Hard Disk ဖြုတ်ပုံပြန်တပ်ဆင်ပုံကတော့ အောက်ပါ ဗွီဒီယိုဖိုင်ကိုကြည့်လိုက်ပါ...အဆင်ပြေသွား
ပါလိမ့်မယ်။

Monday, 30 January 2012
ကွန်ပျူ တာ keyboardတစ်ခုလုံးရဲ့အသုံးဝင်ပုံလေး
ဒီနေ့ကျနော်တို့ကွန်ပျူ တာကိုအစဉ်မြဲသုံးနေကြတဲ့ရွှေညီအကိုအားလုံးကိုချစ်ခင်လေးစားစွာနဲ့
ကွန်ပျူ တာ keyboardတစ်ခုလုံးရဲ့အသုံးဝင်ပုံလေးကိုအောက်မှာဖော်ပြပေးထားပါတယ်။
သိပြီးကြသူတွေလည်းများမယ်ထင်ပါတယ်၊မသိကြသေးတဲ့ချစ်မိတ်ဆွေအားလုံးအတွက်လိုအပ်တာ
လေးတွေရှိခဲ့ရင်အဆင်ပြေအောင်ပါ။ရေးမှားပြောမှားတာတွေရှိရင်လည်းခွင့်လွတ်နားလည်ပေး
လိမ့်မယ်လို့မျော်လင့်ပါတယ်၊မြန်မာစာမရေးဖြင့်တာလည်းနှစ်ကတောတောကြာသွားပါပြီ။
မြန်မာစာနဲ့တော့ဘာသာမပြန်တော့ပါဘူးစာလုံးတွေကရှင်းရှင်းလေးတွေဆိုတော့၊၊၊၊၊၊၊၊၊၊၊၊

Thursday, 26 January 2012
သိထားသင့်တဲ့ ကွန်ပျူ တာဆိုင်ရာ အခြေခံအချက်အလက်များ
ကျွန်တော် ဒီနေ့တော့ အားလုံးအတွက် ကွန်ပျူ တာကို လေ့လာနေသူတိုင်းအတွက် သိသင့်တဲ့ အခြေခံ အချက်လေးတွေကို ရေးပေးသွားပါမယ် .. ကျွန်တော် ဒီအကြောင်းအရာ လေးတွေကို ရေးပေးသင့်တာ ကြာပါပြီ .. စာရေးရတာ အာရုံမလာတာနဲ့ မရေးဖြစ်တော့တာပါ .. ကျွန်တော် ရေးမယ်ဆိုပြီး အကြောင်းအရာ တွေစုထားလိုက် မရေးဖြစ်လိုက်နဲ့ နောက်ပိုင်းတော့ ကျွန်တော် စာများများ ပြန်ရေးဖြစ်အောင် ကြိုးစားသွားပါမယ် .. စာရေးတယ် ဆိုပေမယ့်လည်း ကျွန်တော် အဓိကထားပြီး ရေးချင်တဲ့ ပုံစံလေးကို အရင်ပြောပြ ပေးပါမယ် ..
ကျွန်တော် အကြောင်းအရာ တစ်ခုကို ရေးပါမယ် .. ဒါပေမယ့် အဲ့ဒီအကြောင်း အရာနဲ့ ပါတ်သတ်ပြီး နားလည်နိုင်မယ် ထင်တဲ့ ပုံစံနဲ့ နည်းနည်းနဲ့ ကျဲကျဲ ရေးပေးပါမယ် .. ဒါပေမယ့် အရမ်းကြီး အသေးစိတ်ကြီးတော့ ကျွန်တော် မရေးပေးပါဘူး .. ဘာလို့ မရေးပေးတာလည်း ဆိုတာ အကြောင်းရှိပါတယ် .. ကျွန်တော်တို့ အခုစာရေးပေးနေတဲ့ ရည်ရွယ်ချက်က ကွန်ပျူ တာကို လုံးဝနားမည်သေးတဲ့သူတွေ ကွန်ပျူတာကကို စပြီးအသုံးပြုခါစသူတွေ အနေနဲ့ အကြောင်းအရာ တစ်ခုထဲကိုပဲ အများကြီး ဖတ်နေရတဲ့ အခါမှာ သူတို့အနေနဲ့ အလွယ်တကူ နားလည်နိုင်ဖို့ ခက်ခဲပါတယ် .. ကွန်ပျူ တာ နယ်ပယ်မှာ အကျွမ်းဝင် ပြီးသားသူတွေ အနေနဲ့ အခက်အခဲ မရှိနိုင်ဘူး ဆိုရင်တောင် စတင်လေ့လာကာစ သူတွေ အတွက်တော့ အကြောင်းအရာ တစ်ခုကို ဖတ်နေရတာနဲ့တင် ကွန်ပျူ တာ အကြောင်းလေ့လာဖို့ တော်တော် စိတ်ညစ်သွားမှာ သေချာပါတယ် .. ဒါကြောင့် ကျွန်တော်က အကြောင်းအရာတစ်ခုနဲ့ ပါတ်သတ်ပြီး အများကြီး မရေးပေးဘူး .. အသေးစိတ်ပေါ့နော် .. ဒါပေမယ့် မျက်မြင် တွေ့နိုင်တာလေးတွေကို ပုံလေးတွေနဲ့ သဘောပေါက်အောင် ရေးပေးချင်ပါတယ် ..
Sunday, 15 January 2012
USB ကွန်ပျူ တာကမသိလျှင်
Memory Stick ကို ကွန်ပျူ တာမှာ ထိုးတပ်လိုက်တယ်။ ကွန်ပျူတာက ငါသိပါတယ်ဆိုတဲ့သဘောနဲ့ Tray icon မှာ မြှားအစိမ်းလေးပေါ်ပေးတယ်။ အိုကေပေါ့။ My Computer ကို ဖွင့်ကြည့်လိုက်တယ်။ ဟောဗျာ. Removable Disk icon လည်း ပေါ်မလာဘူး။
အဲဒါ ဟိုတစ်နေ့က ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ စက်တစ်လုံးပေါ့။ စက်က တခြားဘာမှမဖြစ်ဘူး။ MP3, MP4, Digital Camera နဲ့ Memory Stick တွေပဲ သုံးမရတော့တာ။ ကွန်ပျူ တာကသိပြီး My Computer မှာ ပေါ်မလာတော့တာ။ (အဲဒီ MP3 တွေ MP4 တွေက တခြားကွန်ပျူတာမှာ သွားတပ်ရင်ကောင်းတယ်)
အေးကွ အဲဒီလိုဖြစ်ရင် ဒီလိုလုပ်လိုက်ကွာ...
လို့ ကျွန်တော်မပြောသေးပါဘူး။ ကျွန်တော် ဖြေရှင်းဖို့ ကြိုးစားခဲ့တာလေးကို ရေးပြချင်သေးတယ်။
ပထမဆုံး ကျွန်တော် Disk Management Console ကို ဖွင့်လိုက်တယ်။ အဲဒီမှာ Stick ကို သိပေမဲ့ Drive Letter ကို Assign လုပ်မထားတာကို တွေ့လိုက်တယ်။ အဲဒါနဲ့ ကျွန်တော်လည်း Stick အတွက် Drive Letter ကို assign လုပ်လိုက်ပါတယ်။ (G: ဆိုပြီးတော့ပါ) ဒါပေမယ့်လည်း My Computer မှာ မပေါ်သေးပါဘူး။

Saturday, 14 January 2012
ကွန်ပျူ တာ Hangs ရခြင်း (၁၀)ချက် - ညီညီထွန်း
ကျွန်တော်တို့ ကွန်ပျူ တာ ကိုသုံးနေရင် Hangs တာမျိုး Crashes ဖြစ်တာမျိုး ကြုံဖူးကြမှာပါ။ ဘာကြောင့်ဖြစ်တာလဲဆိုရင် ကျွန်တော်တို့ မိမိတို့စက်မှာ မလိုအပ်တဲ့ process တွေ အလုပ်လုပ်နေလို့ ဖြစ်ပါတယ် အဲဒီလို မဖြစ်ရအောင် ဖြေရှင်းနည်း (၁၀) ချက်ရှိတယ်။
1. မိမိတို့ computer မှာ ctrl+alt+ delete key (တစ်ချို့စက်တွေမှာ ctrl+shift+Esc ) နိုပ်ပြီ Task manager ကိုခေါ်လိုက်ပါ။ ပြီရင် processes ထဲမှာ ကို အသုံးမလိုတဲ့ software တွေကို End Process လိုက်လုပ်ပါ။
2. နောက်တစ်ခုက virtual memory တိုးပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ program တွေ အများကြီး run ထားတဲ့အခါ virtual memory မလုံလောက်တဲ့အတွက် စက် Hangs တာမျိုးတွေ ဖြစ်တက်ပါတယ်။
3. နောက်တစ်ခုကတော့ ကျွန်တော်တို့ Browser တွေရဲ့ History တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ ccleaner software နဲ့ ဖြေရှင်းက အတော် ကောင်းတယ်။ software မသုံးချင်တဲ့ သူငယ်ချင်းများအတွက် Internet explorer မှာ Tools ဆိုတာ တွေ့ကြမှာပါ။ အဲဒီမှာ internet option ထဲက General မှာ clear History ကို click လိုက်ပြီ ok ပေးလိုက်တာပါ။ Firefox မှာလဲ ကျွန်တော်တို့ option ထဲက privacy ထဲမှာ private ထဲက setting မှာ ကျွန်တော်တို့ clear ပေးလိုက်ပါ။ Browser History တွေကို ပြောတာနော်။

Thursday, 12 January 2012
ကွန်ပျူ တာ Desktop ကို Lock ချကြမယ်
ကွန်ပျူ တာအသုံးပြုနေစဉ် အကြောင်းတစ်ခုခုကြောင့် ကွန်ပျူ တာရှေ့မှထွက်ခွာရမည်ဆိုပါက မိမိအသုံးပြုနေသည့် ကွန်ပျူ တာအား အခြားသူတစ်ဦးမှ ၀င်ရောက်အသုံးမပြုနိုင်စေရန်အတွက် ကွန်ပျူ တာ ကို Lock ချနိုင်ပါသည်။ မိမိအသုံးပြုလျက်ရှိနေသည့် Program၊ Application များကို အသုံးပြုစဉ်အတိုင်းရှိနေစေပြီး အခြားသူတစ်ဦးမှ ၀င်ရောက်အသုံး မပြုနိုင်သည့်အတွက် Security အပြည့်အ၀ရှိစေမည် ဖြစ်ပါသည်။ ကွန်ပျူ တာကို Lock ချရန်အတွက် Lock Desktop Software ကိုအသုံးပြုနိုင်ပါသည်။ Lock Desktop Software ကို အောက်ဖော်ပြပါ Link တွင် Download ချနိုင်ပါသည်။ ထို့နောက် Install ပြုလုပ်ပြီး အောက်ဖော်ပြပါအတိုင်း ပြုလုပ်ပေးရပါမည်-
၁။ Software ကို Install ပြုလုပ်ပြီးနောက် အောက်ဖော်ပြပါပုံအတိုင်း ဘယ်ဘက် Panel အတွင်းရှိ Password အောက်ရှိ Administrator နှင့် User တို့ကို Click ၍ Password ပေးရပါမည်။
Subscribe to:
Posts (Atom)