Samsung Galaxy Series ဖုန်းတွေနဲ့ Galaxy Tab Tablet တွေမှာ root လုပ်စရာမလိုဘဲ မြန်မာဖောင့် မြင်ရတဲ့ application လေးပါ။ Galaxy S နဲ့ Galaxy S2 တွေမှာသွင်းလို့ရပါတယ်။ သွင်းပုံသွင်းနည်းကိုပါပြောပြပါမယ်။ အောက်မှာပေးထားတဲ့ ဖိုင်နှစ်ခုလုံးကို download လုပ်ပါ။
Fontomizer အားရယူရန်
zawgyi font application အားရယူရန်
ဖုန်းရဲ့ settings> applications ထဲကိုသွားပြီး unknown sources ကိုအမှန်ခြစ်ပေးပါ။ ပြီးရင်ခုနက download လုပ်ထားတဲ့ application နှစ်ခုစလုံးကို install လုပ်လိုက်ပါ။ install လုပ်ပြီးပြီဆိုရင် ဖုန်းရဲ့ Setting > Display > Font ထဲကိုသွားပါ။ အဲဒီမှာ ခုနသွင်းထားတဲ့ zawgyi font ကို font list
ထဲမှာမြင်ရပါလိမ့်မယ်။ font list ထဲက zawgyi font ကိုရွေးပေးလိုက်ပါ။
အခုဆိုရင် Samsumg Galaxy Series ဖုန်းတွေမှာ root လုပ်စရာမလိုပဲ မြန်မာလိုမြင်ရပြီဖြစ်ပါတယ်။
တကယ်လို့ ဇော်ဂျီ ဖောင့် အပြင် တခြားဖောင့်တွေကိုလည်း ထပ်ထည့်ချင်တယ်ဆိုရင်တော့ Fontomizer application ထဲကိုဝင်လိုက်ပါ။ အဲဒီမှာ A to Z အထိ font နာမည်အမျိုးမျိုးနဲ့ font တွေကို direct download လုပ်လို့ရပါတယ်။ ဇော်ဂျီ font ကိုတောင် အဲဒီထဲကနေ download လုပ်လို့ရပါတယ်။