အဆင်ပြေကြပါစေ။
Showing posts with label ဖြေရှင်းနည်း. Show all posts
Showing posts with label ဖြေရှင်းနည်း. Show all posts
Monday, 10 September 2012
Notepad မှာမြန်မာစာပေါ်အောင်
အဆင်ပြေကြပါစေ။
Wednesday, 4 July 2012
Web page စာလုံးကြီးစေရန်
ညီလေးတစ်ယောက်ကမေးလာလို့ဖြေကြားပေးလိုက်ပါတယ်။တစ်ကယ်တော့သိတဲ့သူအတွက်တော့
ဘာမှမဟုတ်ပေမဲ့ မသိတဲ့သူတွေအတွက်တော့ခက်နေပါတယ်။ကျွန်တော်ဘာကိုသွားသတိရသလဲ
ဆိုတော့ ကိုဇော် ဘလော့ မှာ Start ကိုဘယ်မှာသွားရှာရမလဲလို့မေးတော့ မင်းဂျီးတော်ကြီး ဆီမှာသွားရှာ
လို့ ပြန်ပြောထားတာကိုသွားသတိရမိတယ်။ကျွန်တော်လည်းကိုယ်တိုင်ကြုံခဲ့ရတယ်။ Keyboard ဘယ်မှာရှာရမလဲတဲ့၊မသိတဲ့သူတွေကတော့တစ်ကယ့်ကိုမသိတာပါ။ဒါကြောင့် Web page
စာလုံးတွေကြီးလာအောင် မြင်ရဖို့ Ctrl ကိုဖိထားပြီး + နဲ့ - ကိုနှိပ်ပေး လျှင်ရသလို၊ Mouse wheel ကိုရှေ့တိုး
နောက်ဆုတ် လုပ်ပေးပြီး လိုသလိုစာလုံး အကြီး အသေး ပြုလုပ်လို့ရပါသည်။

Saturday, 7 April 2012
Window icons ပေါ်မှာ မြန်မာဖောင့်မပေါ်ခြင်း

ကျွန်တော်တို့လက်ရှိသုံးနေတဲ့ ၀င်းဒိုး မှာ မြန်မာဖောင့်တွေ မပေါ်ပါဘူး၊ ဘာလို့မပေါ်လဲဆိုတော့ သူ့ရဲ့ System font format နေရာမှာ ဇော်ဂျီကိုမပြောင်းထားပေးတဲ့ အတွက်ပဲဖြစ်ပါတယ်။ အဲလိုအခါကျရင် မြန်မာလိုရေးထားတဲ့ icon နာမည်တွေက လေးထောင့် ဖြစ်နေပါတယ်၊ အဲဒါကို ကျွန်တော်တို့ မြန်မာလိုဖြစ်အောင် ပြောင်းကြည့်ရအောင် ဗျ။
Thursday, 22 March 2012
Firefox ကို အရမ်းလေးပြီး crash ဖြစ်နေသူများတွက်
Step 1:Fixed Memory Cache in Firefox
1.Type about:config in the Firefox address bar.
2.filter ဆိုတဲ့ box လေးမှာ browser.cache.memory.enable ဆိုတာလေးကိုရိုက်ရှာပြီးတော့
vale ကို ၂ချက်ကလစ်ပြီး true ပြောင်းပေးပါ.
3.about.config ကိုရိုက်ထားပြီးတော့ ညာဘက်က လွတ်နေတဲ့ နေရာ တခုခုမှာ Right click လုပ်ပြီး
New Integer ခေါ်လိုက်ပါ.အဲ့ထဲမှာတော့ browser.cache.memory.capacity ဆိုတာကိုရိုက်ပါ
vale ကိုတော့ 8192 ထားပြီး အိုကေပေးလိုက်ပါ.
( ဒီတန်ဖိုးကိုဘယ်လိုတွက်လဲဆိုရင် ကိုယ့်စက်မှာ ရှိနေတဲ့ RAM ကိုကြည့်ပြီးတော့တွက်ပါတယ်.ကိုယ့်စက်မှာ
RAM 256MB ဆိုရင် 4096 ထားပါမယ်.RAM 512 ဆိုရင် 8192 value ထားပါတယ်.ကျနော်ဆို RAM4G
တပ်ဆင်ထားတဲ့အတွက် Value တန်ဖိုးကို 65536 ထားရပါတယ်.)
Saturday, 10 March 2012
How to Fix Explorer.exe Problem When Taskbar Disappears
ဒီနည်းလမ်းလေးကတော့ ကျနော့မိတ်ဆွေ သူငယ်ချင်းတယောက်ကိုယ်တိုင်ကြုံတွေ့ ခဲ့တဲ့ ပြဿနာလေးပါ. ဘာဖြစ်တာလဲဆိုတော့ သူ့ ရဲ့ laptop ကို တစ်နေကုန်အသုံးပြုနေပြီး ပါဝါကိုအရင်မ ပိတ်မိဘဲ laptop battery charger ကြိုးကို တစ်ခါထဲပိတ်လိုက်မိလို့  စက်ပြန်ဖွင့်တဲ့အခါမှာ desktop ကြီးတစ်ခု လုံးပျောက်နေပြီး.ဘာမှလဲနှိမ့်လို့ မရ ကာလာအမဲကြီးဘဲပေါ်နေပြီး taskbar နှင့် start menu တွေ ဘာမှမပေါ်တော့ တဲ့အ တွက် တခြားမိတ်ဆွေများလဲ အခုလို ဘယ်ကနေဘာ စလုပ်ရမှန်း မသိတဲ့ ပြဿနာမျိုးကြုံလာခဲ့ရင်ဖြေရှင်းလို့ ရအောင် ဒီပို့ စ်လေးကို ရေးသား လိုက်ခြင်းဖြစ်ပါတယ်. ဒီလိုပြဿနာမျိုးကကိုယ်တိုင်မဖြေရှင်းနိုင်လို့  ဆိုင်သွားပို့ မယ်ဆိုရင်တော့ ရိုက်စား ဆိုတဲ့စကားအတိုင်း ခံရပြီသာမှတ်တော့ဘဲ။ သူတို့ ပြောတာကလွဲပြီး ဘာများတက်နိုင်အုံးမှာလဲ.ပြန်ရောင်းမယ် ဆို ရင်လဲ အဟောင်းဈေးနဲ့ အနှိမ်ခံရအုံးမယ်.ဆိုတော့ ဒီနည်းလမ်းလေးနဲ့ ဘဲဖြေရှင်းလိုက်ကြပါ.စိတ်ရှုပ်ငွေကုန် စရာ မလိုတော့ပါဘူး။
အဆင့်( ၁ ) Ctrl+Shift+Esc (သို့ ) Ctrl+Alt+Delete key ကိုတွဲနှိပ်ပြီး task manager ကိုခေါ်ပါ။
အဆင့်( ၂ ) task manager ပေါ်လာရင် File \ New Task (run...) ကိုသွားပြီး ဘောက်စ်ထဲမှာ c:\windows ကိုရိုက်ထည့်ပြီး OK ပေးလိုက်ပါ။ အောက်ပုံ...
Friday, 24 February 2012
Lost Menu bar in Task Manager

Task Manager မှာ Menu Bar ပျောက်သွားလို့ ပတ်ခြာလည်သွားတယ် ၊ လိုက်ရှာလိုက်တာလည်း အင်တာ နက်မှာ ကုန်ရော ၊ နောက်မှ ပြန်ဖွင့်ကြည့်ပီးမှ စိတ်တိုလို့ မောက်စ်ကိုလိုက် Click ပါလေရော။ မထင်မှတ် ပဲနဲ့ ပြန်ပေါ်လာတယ် ၊ အဲဘယ်လိုပါလိမ့်လို့ စဉ်းစားနေတဲ့အချိန် နောက်မြှပန် နှိပ်ကြည့်တော့ အကြောင်းသိ ပါလေရော။ Task Manager Box အပြင်ဘက်/Frame ထဲမှာ Double Click နှိပ်ကြည့်ပါ ၊ Menubar က ပေါ်လိုက် ပျောက်လိုက်ဖြစ်ပါလိမ့်မယ်။
Source : ကိုကြီးလေး
FireFox : Clean_ToolBars

မင်္ဂလာပါခင်ဗျာ...၊ ခုပိုစ့်တင်ပေးလိုက်တာက ရိုးရိုးလေးနဲ့အေးအေးလေး။ FireFox ကို 90% လောက်သုံးနေကြပြီ ဒါပေမယ့် FireFox ကိုရှင်းရှင်းလေး သုံးနေတဲ့သူ ရှားမယ်လို့ထင်ပါတယ်။ အပေါ်ကပုံက ကျွန်တော်သုံးနေတဲ့ FireFox ပါ ၊ ToolBars တွေမထည့်ထားပါဘူး။ ကွန်ပြူတာစစ ၀ယ်ချင်းဆို Nortan Bar တွေ Ask. bar တွေနဲ့ ရှုပ်နေ ပါတယ်။ အဲလို ToolBars တွေကို ဖြုတ်ထားခြင်းဖြင့် သင့်ရဲ့အင်တာနက်ကို မြန်စေပါတယ် ၊ အထူးသဖြင့် မြန်မာ ပြည်မှာ အင်တာနက်သုံးသူများအတွက်ပါ။ ကဲ...စစ်ချီလိုက်ကြရအောင် အဲလေ စလိုက်ကြရအောင်လို့.။
Thursday, 16 February 2012
အသေးစိပ်သိမှတ်စရာ Windows Disk Cleanup ပြဿနာ
Disk Cleanup Tool ဟာ သင့် ကွန်ပျူတာအတွင်းရှိ hard disk ရဲ့ ဆုံးရှုံးသွားတဲ့ နေရာလွတ်များ ပြန်လည် ရရှိအောင် အကူအညီပေးတဲ့ disk scanner utility တစ်ခုပဲ ဖြစ်ပါတယ်။ မလိုလားအပ်တဲ့ file များကိုလည်း လုံခြုံစိတ်ချ စွာနဲ့ ရှာဖွေပယ်ထုတ် ပစ်နိုင်ပါတယ်။ ဥပမာ- ယာယီပြုလုပ်ပြီး ထည့်ထားသည့် ဖိုင်များပင် ဖြစ်ပါတယ်။ သို့ပေမယ့် လည်း ယင်းကဲ့သို့ file များအား ဖျက်ပစ်ရန်ဆိုသည်မှာ သင့်ရဲ့ရွေးချယ်မှု အပေါ်မှာသာ တည်ပါသည်။ သင့်ရဲ့ hard disk ပေါ်မှာ နေရာလွတ်များ ပိုမိုရရှိစေရေးအတွက် disk cleanup tool ဟာ အောက်ဖော်ပြပါ လုပ်ငန်းစဉ်များကို ပြုလုပ်ပေးနိုင်ပါတယ်။
(၂) Download Program များကို ဖယ်ထုတ်ခြင်း။
(ဥပမာ- အင်တာနက်ထဲမှ download လုပ်ထားတဲ့ Active X controls, Java applets..)
(၃) Recycle Bin အမှိုက်ပုံးထဲမှ ဖိုင်များကို ဖယ်ထုတ်ခြင်း။
(၄) Windows ရဲ့ temporary file များကို ဖယ်ထုတ်ပေးခြင်း။
(၅) သင်မသုံးတော့တဲ့ windows မှာ ပါဝင်လာတဲ့ file စနစ်များကို ဖယ်ထုတ်ပေးခြင်း။
(၆) Install လုပ်ထားပြီး ကာလကာမြင့်စွာ မသုံးပဲထားသည့် program များကို ဖယ်ထုတ်ပေးခြင်း အစရှိတဲ့ လုပ်ငန်းစဉ်တွေကို Disk Cleanup က အခြားသော software များရဲ့ အကူအညီကို မယူပဲ Temporary File များကို အလွယ်တကူ ဖျက်ပေးနိုင်ပါတယ်။
Tuesday, 31 January 2012
Recover method of folder hidden file

ပျောက်နေတဲ့ ဖိုင်လေးတွေဖော်နည်းလေးပါ.။
Virus ကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ့်ကြောင့်ပဲဖြစ်ဖြစ် ကိုယ်မှတ်ထားတဲ့
ဖိုင်လေးတွေ ပျောက်သွားရင် ပြန်ဖော်နည်းလေးကို ဝေမျှလိုက်ပါတယ်။ အရင်
ဆုံးလုပ်ရမှာက Hidden လုပ်ထားတဲ့ဖိုင်လေးထဲကိုဝင်လိုက်ပါ။ ပြီးရင် Tools-----> Folder Options ----> View ထဲက
Hidden Files & Folder ထဲကနေ Show Hidden File, Folder & drives ကိုရွေးပေးပါ။ ဒါမှမပေါ်လာသေးရင်
Hide Protect Operating System File(Recommemded) ကို အမှန်ခြစ်လေး
ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ပေါ်လာပါလိမ့်မယ်။ ဒါမှမပေါ်လာရင်
cmd နဲ့ဖော်နည်းလေးကိုပြောပြပါမယ်။
အရင်ဆုံး Start------>cmd
CMD တက်လာပါက ကိုယ်ဖော်ချင်တဲ့ Folder ထဲကို
ဝင်ပါ။ ဥပမာ- ပျောက်နေတဲ့ဖိုင်တွေ
ရှိတဲ့နေရာက stick ထဲမှာဆိုပါက stick
နာမည်ကို ရိုက်ထည့်ပေးပါ။ stick Name : E ဆိုပါက ( E:)ဟု ကွန်မန်း
လိုင်းထဲတွင်ရိုက်ထည့်ပေးပါ။ ထိုအခါ E :ထဲသို့ရောက်သွားမှာဖြစ်တယ်။
အဲ့ဒီအချိန်မှာ ပျောက်နေတဲ့ဖိုင်ကိုဖော်ဖို E:\> attrib -S-H-R-A *.*/S/D
လို့ ရိုက်ထည့်ပေးပါ။ S ရဲ့အဓိပ္ပာယ်က S။ H အဓိပ္ပာယ်က hidden file
R က Read-Only File ကိုခေါ်တယ်။
ဒါဆိုရင် ပျောက်နေတဲ့
ဖိုင်လေးတွေကို ပြန်ဖော်ဖို့အတွက် အဆင်
ပြေကြလိမ့်မယ် လို့ထင်ပါတယ်။
Monday, 30 January 2012
Local area connetion မပေါ်ရင် ဘယ်လိုလုပ်ရမလဲ
ကွန်ပျူတာကို restart ပေးလိုက်ပါ .. ပထမဦးဆုံး ကွန်ပျူတာစဖွင့်ပြီး ၄ စက္ကန့်လောက်ကြတာနဲ့ delete key ကိုပဲ ဆက်တိုက်နှိပ်ထားလိုက်ပါ(ဆိုက်တိုက်ခေါက်နေပါ) ခဏနေကျရင် BIOS SETTING ပေါ်လာပါလိမ့်မယ် (ဖွင့်ပြီးပြီးချင်းနော် ၄ စက္ကန့်နော်)

power management setup ကို ရွေးလိုက်ပါ ပြီးလျှင် အောက်မှာပြထားတဲ့ Lan ကို Disable ဖြစ်နေရင် Enable ပြန်ပြီးလုပ်လိုက်ပါ .. အောက်မှာပုံလေးနဲ့ပြထားပါတယ် ... အဲ့လို ရေးပြီးတာနဲ့

F10 ကိုနှိပ်လိုက်ပါ .. box ပေါ်လာတာနဲ့ သူမေးတာနဲ့ y ကိုနှိပ်လိုက်ပါ .. ပြီးရင် enter ကိုခေါက်လိုက်ပါ ကွန်ပျူတာ restart လုပ်ပါလိမ့်မယ် .. ပြီးတာနှင့် lan မှာ local area connetion ပေါ်လာပါလိမ့်မယ် .. အဆင်ပြေပါစေဗျာ ..

Source : ညီနေမင်း(နည်းပညာ)

Firefox မှာ အသံမလာဘူးဆိုရင်
အခု ကျွန်တော် မေးထားတဲ့ အကိုတစ်ယောက်လည်း ရှိတာနဲ့ တစ်ခြား အခက်အခဲ ရှိတဲ့ သူတွေလည်း အဆင်ပြေအောင် Firefox မှာ အသံမလာဘူး ဆိုရင် ဖြေရှင်းလို့ ရမယ့် နည်းလမ်းလေးကို Video Tutorial လေးရှာပြီး တင်ပေးလိုက်ပါတယ် .. နည်းလမ်းလေက လွယ်ပါတယ် .. သေချာ ရှင်းပြပေးထားတာ ဖြစ်တဲ့ အတွက် ကျွန်တော် ပြန်မရေးပေးတော့ပါဘူး .. ကျွန်တော်တို့ အသုံးပြုနေတဲ့ ကွန်ပျူတာမှာ သီချင်းတွေကို Audio Player တွေနဲ့ ဖွင့်တဲ့ အခါမှာ အသံလာပြီး Firefox မှာ ဖွင့်မယ် ဆိုရင် အသံမလာတာမျိုး ကြုံတွေ့နေရတဲ့ သူတွေအတွက် အခုနည်းလေးက အထောက် အကူ ပေးပါလိမ့်မယ် .. အောက်မှာ ကျွန်တော် နှစ်နေရာ ခွဲတင်ပေးထားပါတယ် .. အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ ..
အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
Source : ကောင်လေးငယ်
Sunday, 29 January 2012
ကွန်ပျူတာမှာပြဿနာတစ်ခုတက်တိုင်းဒီနည်းလေးကိုသတိရပါ
အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးကွန်ပျူတာပြင်နည်းလေးတစ်ခုကိုပြပါဆိုရင်ဒီနည်း
လေးကိုပြောရမှာပဲကျနော်အပါအ၀င်လူတော်တော်များများရဲ့ပြဿနာတွေကိုအခုကျ
နော်ပြောတဲ့နည်းလေးနဲ့ အဆင်ပြေခဲ့တာပါကွန်ပျူတာမှာအလိုလျောက်ပါတဲ့ပြုပြင်
နည်းလေပါSystemRestoreအကြောင်းကိုဆရာသမားတော်တော်များများသိထား
ကြပါတယ်အခြေခံပညာသင်ဝါသနာတူသူငယ်ချင်းတွေအတွက်ပြန်လည်မျှဝေလိုက်
ပါအကြောင်းအမျိုးမျိုးကြောင့်ကွန်ပျူတာတစ်ခုခုဖြစ်သွားတဲ့အခါအသံမလာတာ တို့ 
ဖိုင်တွေပျောက်သွားတာတို့ Settingတစ်ခုခုလွဲသွားတာအစုံပါပဲမူလအခြေနေကိုပြန်
ရောက်စေပါတယ်

Thursday, 12 January 2012
အပြာရောင်ဖြစ်သွားတဲ့ မိမိကွန်ပျူ တာ folder text တွေကို မူရင်းအတိုင်း ပြောင်းနည်း
ကျနော်လည်း အင်တာနက် အဆင်မပြောတကြောင့် ပို့စ်တွေ သိပ်မတင်ဖြစ်တော့ပါဘူး၊ဒါကြောင့် လာလည်တဲ့ သူငယ်ချင်းများ နားလည်ပေးနိုင်မယ်လို့ မျော်လင့်ပါတယ်၊ဒီတစ်ခါတော့ မိမိကွန်ပျူ တာမှာ folder text တွေအားလုံး အပြာရောင်ဖြစ်သွားတာကို မူရင်းအရောင်အတိုင်းပြန်ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ ပြောပြချင်ပါတယ်၊ ဗဟုသုတအဖြစ်ပါ၊ တစ်ခါတစ်လေကျတော့ ကိုယ်က သတိမထားမိဘဲ computer setting တွေ ကလိလွန်လို့ folder အရောင်ပြောင်းသွားတာကို သတိမထားမိဘဲ ဖြစ်သွားတတ်ပါတယ်၊ အဲဒီ folder တွေ အပြာရောင်ဖြစ်သွားတာကို မူရင်းအရောင်အတိုင်း ပြန်ဖြစ်အောင် ပြန်လုပ်တဲ့နည်းပါ၊
ဘာမှတော့ မဟုတ်ပါဘူး၊ လွယ်လွယ်လေးပါ၊ folder တစ်ခုချင်း အရောင်ပြောင်းတဲ့နည်းပါ..ပြောပြပါ့မယ်၊ မသိရင်တော့ အခက်ကြီးထင်နေမှာပေါ့၊ သိတော့လည်း ဘာမှ မဟုတ်တော့ဘူးလေ၊ မသိသေးတဲ့ သူများအတွက်ပါ.၊ ကျနော်လည်း အရင်က ဦးနှောက်ခြောက်ဖူးတယ်.၊ ဗိုင်းရပ်ကိုက်သွားတယ်လို့ ထင်ခဲ့ဖူးတယ်လေ..။ အမှန်တော့ files/directories to be compressed နဲ့ file to be uncompressed အပြောင်းအလဲကြောင့် ဖြစ်ရတာပါ။

Wednesday, 11 January 2012
Uninstall ပြုလုပ်မရသည့် Problem
Uninstall ပြုလုပ်မရသည့် Problem

Uninstall Program
ကွန်ပျူတာအတွင်း၌ အသုံးမလိုတော့သည့် Program များကို Uninstall ပြုလုပ်ရာတွင် တစ်ခါတစ်ရံ၌ Uninstall ပြုလုပ်မရသည့်အခါမျိုးရှိတက် ပါသည်။ Window တွင်ပါရှိသည့် Add or Remove Program ဖြင့် Uninstall ပြုလုပ်ပြီးသော်လည်း Registry တွင် File များ ကျန်ရှိနေ နိုင်ပါသည်။ ထိုသို့ကျန်ရှိနေခြင်းကြောင့် Anti virus ကဲ့သို့ Software များကိုအသစ်ထပ်၍တင်ရာတွင် ပြဿနာများကြုံတွေ့ရနိုင်ပါသည်။ ထို့ကြောင့် Software များကို Uninstall ပြုလုပ်ရာတွင် Uninstaller Software များအသုံးပြု၍ Uninstall ပြုလုပ်နိုင်ပါသည်။ အကယ်၍ ကွန်ပျူတာတွင် Uninstall Software မရှိပါက အောက်ဖော်ပြပါအတိုင်း Uninstall ပြုလုပ်ပေးနိုင်ပါသည်။
၁။ Start – Run တွင် regedit ဟု ရိုက်ထည့်ပြီး OK ပေးရပါမည်။
၂။ HKEY_LOCAL-MACHINE\Software\Microsoft\Windows\CurrentVersion\Uninstall သို့သွားရောက်၍ Uninstall လုပ်ချင်သော Software ကို Click လုပ်ရပါမည်။၃။ ညာဘက်ရှိ Box ထဲတွင် UninstallString file အား Double Click ပေးရပါမည်။ ထို့နောက် Value Data: အောက်ရှိ Box တွင် C:\Program Files\WordWeb\uninst.exe ကို Copy လုပ်ပြီး OK ပေးရပါမည်။
၎။ Start – Run ထဲတွင် C:\Program Files\WordWeb\uninst.exe ကို Paste လုပ်ပြီး OK ပေးပါ။ Uninstall အား ပုံမှန်အတိုင်း အဆင့်ဆင့် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။
Source : ချယ်ရီမြေ
Remove Write Protection On USB Drive or Memory Card
Remove Write Protection On USB Drive or Memory Card
writeprotected
Write Protected
ကွန်ပြူတာအသုံးပြုရာတွင် USB Drive၊ Memory Card များဖြင့် Data များကို ကူးယူရွှေ့ပြောင်းမှုပြုလုပ်သည့်အခါ အထက်ဖော်ပြပါ Message ကိုတွေ့မြင်ရပြီး Write Protected Problem ကိုကြုံတွေ့ရတတ်ပါသည်။ ထိုသို့ကြုံတွေ့ရပါက File၊ Folder အစရှိသည်ဖြင့် Data များကို ကူး ယူခြင်း၊ သိမ်းဆည်းခြင်းတို့ကိုပြုလုပ်၍မရခြင်း၊ အဆိုပါ Write Protected Problem ဖြစ်နေသည့် USB Drive ကို Format ချ၍မရနိုင်ခြင်း အစရှိသည်ဖြင့် ကြုံတွေ့ရမည်ဖြစ်ပါသည်။ ထိုသို့ Writer Protection ဖြစ်ရခြင်း အကြောင်းရင်းများမှာ USB Drive အတွင်း တစ်ခါ တစ်ရံဖြစ်ပေါ်နိုင်လေ့ရှိသည့် Physical Lock ကြောင့်ဖြစ်သည်။ သို့ရာတွင် Write Protected ဖြစ်ရသည့် အဓိက အကြောင်းရင်းမှာ Virus သို့မဟုတ် Script များ၏ အကျိုးသက်ရောက်မှုကြောင့်ဖြစ် သည်။ Virus သို့မဟုတ် Script များသည် Registry Hack အတွင်းသို့ပြောင်းလဲမှုများ ဖြစ်ပေါ်စေပြီး ကွန်ပြူတာသို့ချိတ်ဆက်အသုံးပြုလာသည့် မည်သည့် USB Drive များကို Write Protected Problem ကိုဖြစ်ပေါ်စေပါသည်။
အဆိုပါ Write Protection Problem ကိုဖြေရှင်းရန်အတွက် အောက်ဖော်ပြပါအတိုင်းဆောင်ရွက်ရပါမည်။

Monday, 9 January 2012
USB Memory Stick ထဲကဖိုင်တွေကို ဖျက်မရ..ကော်ပီလုပ်မရတော့ဘူးလား။(ဖြေရှင်းနည်းလေးပါ)။
ကွန်ပျူတာထဲကို ဗိုင်းရပ်စ်တွေကိုက်သွားတဲ့အခါ။ ဒါမှမဟုတ် ကိုယ့် Memory Stick ကို အခြားစက်မှာ ထိုးမိပြီး မိမိစက်ကိုပြန်ထိုးလိုက်တဲ့အခါ လျှို့ဝှက် Script တစ်ခုက မိမိကွန်ပျူတာထဲကို လျှို့ဝှက်ဝင်ရောက်သွားပါတယ်။
အဲဒီ Script ကဗိုင်းရပ်စ်လဲမဟုတ်ပြန်ပါဘူး။သူက Autorun ကနေတစ်ဆင့် ၀င်ရောက်သွားတာပါ။ ဘာဘဲဖြစ်
ဖြစ် အခြားသောအကြောင်းအမျိုးမျိုးကြောင့် USB Memory Stick ထဲကဖိုင်တွေကို ကော်ပီလုပ်မရ..ဖျက်မရ
တော့ဘဲ..Write Protect ဆိုတဲ့ Error ဖြစ်ပေါ်လာရပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်း
မသိအောင် ဖြစ်ရတော့တာပါဘဲ။ အညာသားလေးကိုယ်တိုင်လဲ..ကြုံခဲ့ရဘူးပါတယ်။ဒါကြောင့် လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနည်းလေးကို ရေးပြပေးလိုက်ရပါတယ်။
ပထမဆုံး..Start>Run(box) မှာ regedit လို့ရိုက်ထည့်ပါ။ Registry Editor ပေါ်လာပါမယ်။ အဲဒီထည်းမှာမှ.
HKEY_LOCAL_MACHINE>>System>>CurrentControlSet>>Control>>StorageDevicePolicies ထိရောက်အောင် အဆင့်ဆင့်သွားပါ။ ရောက်ရင် ညာဘက်အခြမ်းမှာ WriteProtect ဆိုတဲ့ အပြာရောင်ဖိုင်လေး
တစ်ဖိုင်ကို နှစ်ချက်ကလစ်ပြီးရင် Value Data ‘1’ ဆိုတာကို ‘0’ လို့ပြန်ပြောင်းပေးလိုက်ပါ။ ပြီးရင် Registry
Editor မှအပြီးထွက်ပြီး ကွန်ပျူတာကို Restart ချလိုက်ပါ။ ပြီးရင် ပြန်စမ်းကြည့်ပါ။ Write Protect ဆိုတဲ့
Error မပေါ်တော့ပါ။အားလုံးကို..ကျေးဇူးတင်ပါတယ်ခင်ဗျာ..။
Source :
မင်းမင်းဇော်

Sunday, 8 January 2012
Chrome နှင့် ဇော်ဂျီဖောင့် ပြသာနာ
Chrome မှာ Zawgyi ရော Unicode ရော အဆင်ပြေပါတယ်။ ဟိုးအရင်ကတည်းက သုံးနေတာတော့ ကြာပါပြီ။ ထုတ်ထားတုန်းကတော့ Lion တွက် ထုတ်ခဲ့တာပါ။ နောက်ပိုင်း သုံးကြည့်ရင်း ကြိုက်တာနဲ့ chrome သုံးပြီးတိုင်းဒါလေးကို သုံးဖြစ်သွားတာ ဒါကြောင့် စာရေးစာဖတ်ဖို့ Chrome မှာ ပြေလည်နေခဲ့တာ ။ တချို့က အခု Chrome မှာ Zawgyi ကို support လုပ်ပြီလို့ ထင်နေကြတယ်။ အကုန်လုပ်ပြီလားဆိုတော့လည်း မဟုတ်သေးဘူး။ အပြည့်အလုပ်မလုပ်သေးပါဘူး။ တချို့ဆိုဒ်တွေမှာ လုပ်တယ်။ တချို့ဆိုဒ်တွေမှာ Error တက်တယ်။
ဒါကြောင့် ကျွန်တော်ဖော်ပြတဲ့ Extension ကို သွင်းပြီး သုံးကြည့်ပါ။ အောက်က ပုံနဲ့ ဖော်ပြထားပါတယ်။ ဟိုနေ့က ကျွန်တော် တင်တဲ့ ပိုစ့်တွေကို Error တက်နေတာရယ် ချက်ဘောက်မှာ မေးထားတာလေးရှိနေုလို့ ကျွန်တော် chrome ကနေ ဒီ Extension အဖြုတ်အတပ်လေး လုပ်ပြီး ပြန်စမ်းပေးလိုက်ပါတယ်။ ပုံကိုကြည့်ပါ။
အားလုံးအဆင်ပြေကြပါစေ...
သန့်ဇင်ဌေးSource : နေမင်းမောင်(နည်းပညာပြန်လည်မျှဝေခြင်း)
Thursday, 29 December 2011
Zawgyi-One

Source : နည်းပညာမှတ်တမ်း
Firefox ကိုဖွင့်....
Tool-> Content ကို ၀င်လိုက်ပါ..
Font And Colour တွင် Advanced ကိုဝင်ပါ...
Font တွေကို Zawgyi-one လို့ပြောင်းလိုက်ပါ...
Font Size ကိုလည်း သင့်တော်ရာပြင်လိုက်ပါ....
UTF-8 ကိုသုံးပါ...
ပြီးရင် OK ပေါ့...
Internet explorer မှာဇော်ဂျီ သုံးချင်ရင်
အရင်ဆုံး notepad ကိုဖွင့်ပါ...
body
{
font-family:Zawgyi-one;
}
input, select , textarea
{
font-family:Zawgyi-one;
}
ဆိုပြီးရိုက်လိုက်ပါ.... ပြီးရင် C:\ie.css နဲ့သိမ်းလိုက်ပေါ့....
ပြီးတော့ IE ကိုဖွင့်...
Tool -> Folder option -> Accessibility ကို နှိပ်ပါ...
Ignore Font Style specified on web pages ကို check လုပ်ပါ...
Format documents using my style sheet ကို check လုပ်ပါ..
Browse လုပ်လိုက်ပါ...
C:\ie.css ကိုရွေးလိုက်ပါ...
ပြီးရင် OK လုပ်လိုက်ပါ... OK ထပ်လုပ်ပါ..
မြန်မာလို... IE တစ်ခုလုံး Zawgyi font ဖြစ်သွားမယ်
Monday, 26 December 2011
ကွန်ပြူတာ Memory သန့် ရှင်းအောင်လုပ်နည်း - ပုသိမ်သားလေးဖြိုးဝေ
၁. Desktop ပေါ်မှာ Right-click နိုပ်ပြီး New-Shortcut ကိုထပ်နိုပ်ပါ၊
၂. Type the location of the item လိုရေးထားသည့်နေရာမှာအောက်ကစာကြောင်းတွေကိုထည့်လိုက်ပါ၊
%windir%\system32\rundll32.exe advapi32.dll,ProcessIdleTasks
၃.Next ထပ်နိုပ်ပါ၊
၎.Type a name for this shortcut:နေရာမှာ Clear Memory ဆိုပြီးရေးထည့်လိုက်ပါ၊
၅. Finish. ကိုနိုပ်လိုက်ပါ။ပြီးပါပြီ။။
ကွန်ပျူတာသိသိတာတာမြန်ဆန်လာလိမ့်မည်!အားလုံးလည်းကြိုက်ကြမယ်လို့မျော်လင့်ပါတယ်။
Source : ပုသိမ်သားလေးဖြိုးဝေ

how to remove trojan-dropper vbs agent ? - နေမင်းမောင်
ညကပေါ့ဗျာ ကျနော့်စက်ကို USB stick လေး ထိုးလိုက်တာ Extra HDD ထဲက DATA တွေ အကုန်
trojan dropper ဆိုတာကိုက်ပါရော..သူငယ်ချင်းစက်မှာက Microsoft Essential သုံးတယ် သူ့ကို
မတွေ့ဘူးတဲ့လေ သူက ဘယ်လိုမျိုးလဲ ဆိုရင် သုံးနေတဲ့ Window ကိုဘာမှမဖြစ်ပဲ ကျနော်တို့ Extra
HDD တို့ တခြား တခုခု တပ်ထားရင် အဲ့မှာသွားပြီးတော့ Effect ဖြစ်တယ်ထင်တာပဲ.stick လေးကို
တပ်လိုက်တော့ လက်ရှိသုံးနေတဲ့ kaspersky 2011 က alarm ပေးတယ်.ကျနော် သတိမထားလိုက်ဘူး
လေ.ပြီးလဲ ပြီးရော HDD ထဲမှာ Shortcut လေးတွေ အကုန်ဖြစ်ပြီး folder တွေအကုန်ပျောက်ကုန်တယ်
ဘာမှလဲ လုပ်လို့မရတော့ဘူး (တခုသတိပေးချင်တာက virus ကိုက်တယ်လို့ သံသယရှိနေရင် တခြား
partations တွေကိုလုံးဝမဖွင့်ပါနဲ့

Subscribe to:
Posts (Atom)