HomeMovies Blogger Saw Eh Lor News Health Dictionary
. .
Showing posts with label Virus. Show all posts
Showing posts with label Virus. Show all posts

Friday, 7 September 2012

Chrome Virus

Chrome Virus သတ်နည်းကို ဒီမှာ ဖတ်နိုင်ပါတယ်။ ကိုပြည့်စုံ ရေးထားတာပါ။တစ်ကယ်လို့ဖတ်လို့မရလျှင် ဒီမှာ ဒေါင်းလုတ်ယူနိုင်ပါသည်။
အောက်မှာ ကိုဇော် ဆီက .bat ဖိုင်လေးကို ယူပြီး ရှင်းနိုင်ပါတယ်။



အဆင်ပြေကြပါစေ။

Thursday, 21 June 2012

Naka Virus နှင့် aungsansukyi@blumail.org

aungsansukyi@blumail.org ဟု add လာပါက လုံးဝလက်မခံပါနဲ့ ။ ၂၄ နာရီအတွင်း မိမိတို့အကောင့်များ ပျောက်ဆုံးသွားပါလိမ့်မည် ။ အမေစုဖြေပေးပါ အပိုင်း ၂ ဆိုပြီး zip ဖိုင်နဲ့ ပို့ လာတာဟာ အလွန်ကြောက်စရာကောင်းတဲ့ VIRUS ပါ ။ ကွန်ပျူတာ ကို လုံးဝ ပျက်သွားစေပါတယ်.. လုံးဝ ဖွင့်မကြည့်ပါ နဲ့ ။ မှတ်ချက်။ ။ကျွန်တော်တို့ ကိုယ်တွေ့ ဖြစ်ပြီး သတ်ဖို့အဖြေရှာ မရ နိုင်သေး ခင် ကြိုတင်သတိပေးလိုက်ပါတယ်။



Source : Myanmar Cyber Defence Army (http://www.mmcyberdefencearmy.org/)


Tuesday, 24 April 2012

ifrmewrk.exe virus

RegUtility_2011_v4 +Crack.rar (3 MB)

မိတ်ဆွေများအားလုံးမင်္ဂလာပါ!!!  ပြဿနာကတော့ (ifrmewrk.exe ) ကြောင့် မိမိတို့ ကွန်ပျူတာမှာ the application was unable to start correctly(ox0000007b).click ok to close application error massage ပြဿနာဖြေရှင်းနည်း ဖြစ်ပါတယ်. ဒီ (ifrmewrk.exe ) ဆိုတာက  virus တစ်မျိုးပါဘဲ များသောအားဖြင့် wireless devices တွေကြောင့် ဖြစ်တက်ပါတယ်.


Wednesday, 11 April 2012

Virus ပေါင်းများစွာ

mgy.exe ရှင်းလင်းနည်း

ဒီဗိုင်းရပ်စ် အခုတလော ခေတ်စားနေပါတယ်။ လူမေးများတဲ့ ဗိုင်းရပ်စ် တစ်ခုပါပဲ။ Magway FC Logo လေး ပေါ်လာရင် mgy.exe virus ၀င်နေတာ သေချာပါပြီ။ ဒီဗိုင်းရပ်စ်က စက်ကိုလေးစေပြီး ဗိုင်းရပ်စ်တို့ရဲ့ ထုံးစံအတိုင်း Task Manager ၊ Folder Options ၊ regedit တွေကို ဖွင့်မရအောင် လုပ်ထားပါတယ်။

ဒီဗိုင်းရပ်စ် ရှင်းဖို့တော့ www.okviruscleaner.ning.com က ပြုလုပ်ပေးထားပါတယ်။ ၎င်းတို့လုပ်ပေးထားတဲ့ MgyvirusCleaner လေးကို စက်ထဲမှာ Run လိုက်ရင် ပြန်ကောင်းသွားမှာပါ။


Tuesday, 20 March 2012

CleanThis Virus

တစ်နေ့သ၌ ကျွန်ုပ်သည် မိတ်ဆွေတစ်ယောက်၏ ကွန်ပျူတာတွင် ဗိုင်းရပ်စ် ၀င်နေသည် သတင်းကြား၍ အပြေးအလွှား သွားကြည့်ဖြစ်သည်။ အစပထမတွင် မည်သည့် ဗိုင်းရပ်စ်မှန်း မသိဖြစ်ရ၏။ ဗိုင်းရပ်စ် အလုပ်လုပ်ပုံသည် Application များကို ဖွင့်မရခြင်း၊ Task manager ကို ပိတ်ထားခြင်း၊ စက်ကို Restart ချ၍ မရခြင်းနှင့် အခြားအနှောင့်အယှက်များ ဖြစ်ရ၏။

Clean This Virus မှန်းသိရ၏။ နည်းလမ်းမျိုးစုံဖြင့် ရှာဖွေ ဖယ်ရှားရာ အလွယ်တကူပင် ဖြေရှင်းနိုင်ခဲ့သည်။ စာဖတ်သူတို့ ကြုံတွေ့လာခဲ့လျှင် အဆင်ပြေစေရေးအတွက် ဖော်ပြလိုက်သည်။ အောက်ပါ နည်းလမ်းများဖြင့် ဖြေရှင်းနိုင်လေသည်။

Friday, 17 February 2012

ကျွှန်တော်တွေ့ မိသောဗိုင်းရပ်စ်အကြောင်း

ဗိုင်းရပ်ကို ဆေးပညာလောကတွင် တော့အလွန် ကူးစပ်လွယ်သော ရောဂါပိုးမွားလို့ အဓိပ္ပါယ်ရပါတယ်။
ကွန်ပျူတာမှာတော့ ဗိုင်းရပ် ကဲ့သို့ ကူးစပ်ပြန့်ပွားလွယ်ကူပြီး ဖျက်ဆီးတတ်တဲ့ ကွန်ပျူတာ
ပရိုဂရမ်တစ်မျိုးကို ဗိုင်းရပ်လို့ တင်စားခေါ်ဝေါ်ခဲ့ကြပါသည်။ ဗိုင်းရပ်သည် ကွန်ပျူတာအသုံးပြုသူ၏
ခွင့်ပြုချက်မရှိပဲ သူအလိုအလျှောက် ကော်ပီပွား၍ လျှင်မြန်စွာ ပြန့်ပွားနိုင်တဲ့ အစွမ်းအစရှိပါသည်။
အဓိကအားဖြင့် ကွန်ပျူတာ တစ်လုံးမှ တစ်လုံးသို့ Data အပြန်အလှန်ရယူခြင်းဖြင့်လည်းကောင်း၊
(သို့မဟုတ်) အင်တာနက်ပေါ်မှ တဆင့် Data များရယူခြင်းဖြင့်လည်းကောင်း၊ Data များကို
အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်သော Floopy Disk, CD/DVD, USB drive စသည့်
Data များကို အထုတ်အသွင်း ပြုလုပ်သော ပစ္စည်းများမှ တဆင့် ကူးစပ်နိုင်ပါသည်။
၁၉၇၀ ခုနှစ်အစောပိုင်းတွင်

“I’M THE CREEPER : CATCH ME IF YOU CAN.” ဆိုပြီး ARPANET ကို detected
လုပ်တဲ့ Creeper virus တစ်ခု စတင်ပေါ်ထွက်ခဲ့ပါသည်။ ဒါပေမဲ့ စတင်ဖန်တီးသူက
နောင်တတရားရစွာဖြင့် အချိန်အနည်းငယ် အတွင်းမှာပင် Creeper virus ကို ပြန်လည်ဖျက်စီးခဲ့သည်ဟု
ခန့်မှန်းရပါသည်။
၁၉၈၂ ခုနှစ်တွင်လည်း Richard Skrenta ဆိုသူက သူ၏ Apple DOS 3.3 operating system
ကို floopy disk မှတဆင့် ဗိုင်းရက်စ် ကူးစပ်စေသောနည်းဖြင့် “Rother J” ဆိုသည့်
ဗိုင်းရက်စ်ကို ရေးသားခဲ့ပါသည်။ ပင်ကိုအားဖြင့် “Rother J” ဗိုင်းရပ်က စနောက်တဲ့ ဗိုင်းရက်စ်
တစ်ခုသာ ဖြစ်ခဲ့ပါသည်။ ပထမဆုံး first PC virus ဖြစ်တဲ့ (c)Brain ကိုတော့ ၁၉၈၆
ခုနှစ်တွင် Farooq Alvi ဆိုသည့် ညီအကိုနှစ်ယောက်မှ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ ဒီလို
သမိုင်းကြောင်းတွေ အရ လေ့လာရမယ်ဆိုရင် ဗိုင်းရပ် ကို အပျော်ဖန်တီးခြင်းကနေ
ဖျက်ဆီးခြင်းဆိုတဲ့ ဘက်ကို ကူးပြောင်းလာတယ်လို့ တွေ့ရပါတယ်။

Explorcr ဆိုတဲ့ Virus သတ်နည်း

ပထမဆုံး Autoruns.exe ဆိုတာလေးကို Download ဆွဲချပါ။ ပြီးရင် .zip File ကိုဖြေပြီး C:WINDOWS အောက်ကိုပို့လိုက်ပါ။ ပြီးရင် Window+R နှိပ်လိုက်ရင် Box ပေါ်လာမယ်။ အဲဒီ Box ထဲမှာ autoruns လို့ရိုက်ထည့်လိုက်ရင်

Boxတခုထပ်ပေါ်လာမယ်။အဲဒီ Box ထဲက HKLM/SOFTWARE/Microsoft/Windows/CurrentVersion/Run အောက်က explorcr ဆိုတာ ကို one click ပေးပြီး Delete နဲ့ ဖြတ်လိုက်ပါ။ ပြီးရင်ထွက်လို့ရပါပြီ။

Step 2
Ctr+Alt+Del ကိုနှိပ်ပါ။ ပေါ်လာတဲ့ Box က Processes ကို Click ပါ။ အဲဒီအောက်မှာ explorcr.exe ဆိုတာကို Click ပြီး ညာဘက်အောက်ဆုံးက End Process ကို Click ရင် Box ပေါ်လာမယ် Yes ကိုရွေးလိုက်ပါ။

Step 3
My Computer ထဲဝင်လိုက်ပါ။ ပြီးရင်အပေါ်ဆုံးဘားတန်း Tools အောက်က(Control Panel) Folder Options ကို Click ပါ။
Folder Options Box ပေါ်လာရင် View ကို Click ပါ။ View အောက်က Show hidden files and folders ကို Click ပေးပါ။ သူ့၂ခုကျော်က Hide protected operating system files (Recommened) ဆိုတဲ့ အမှန်ခြစ်ပေးထားတာကိုဖြုတ်လိုက်ပါ။ ပြီးရင် OK နှိပ်ပြီးထွက်လိုက်ပါ။

Step 4
သင့် mp3(သို့)mp4 ကိုတတ်ထားပါ။ mp3(သို့)mp4 ထဲဝင်မယ် ဆိုလျှင် Double Click နှိပ်ပြီးမ၀င်ပါနဲ့ Window+E နှိပ်လိုက်ပါ။ My Computer Box ပေါ်လာပါလိမ့်မယ်။ အဲလိုပေါ်လာရင်ဘယ်ဘက် Box က သင့် mp3(သို့)mp4 ကို Click ပေးပြီးဝင်ပါ။ ၀င်ပြီးရင် mp3(သို့)mp4 ထဲမှာ.exe ဆိုပြီ ၂ခုရယ် Autoruns ဆိုတာရယ်ရှိပါမယ်။အဲဒီ ၃ခုကမှိန်နေပါမယ်။ အဲဒီ ၃ခုကိုဖြတ်လိုက်ပါ။
သေချာကြည့်ဖြတ်ပါ သင့်မှုလ Folder ကလည်းမှိန်နေပါတယ်။ အဲဒီ Folder ကို right-click ပေးပြီး properties ထဲဝင်ပါ။ Box တခုတတ်လာပါမယ် Hidden ဆိုတာကို click ပေးထားတာကို ဖြုတ်လိုက်ပြီး OK နှိပ်လိုက်ရင် Box တခုထက်တတ်လာပါမယ်။ Apply changes to this folder only ကို click ပေးပြီး ok နှိပ်ပါ။ပြီးရင်စောစောက Box မှာ ok ထက်နှိပ်ပါ။
Step 5
Window+R နှိပ်ပါ။ Box ထဲမှာ regedit လို့ရိုက်ထည့်ပါ။ပေါ်လာရင် Ctr+F နှိပ်လိုက်ရင် Box တခုတက်လာပါလိုက်မယ်။ Find What: ဆိုတဲ့နေရာမှာ explorcr လို့ရိုက်ပြီး Find Next ကို Click ပါ။အဲဒီမှာ explorcr virus နေရာယူထားတဲ့နေရာ တွေကိုပြပါလိုက်မယ်။delete လုပ်ပါ။ပြီးရင် F3 နှိပ်ပါ။ explorcr virus နေရာယူထားတဲ့နေရာထပ်ပေါ်လာပါမယ်။အဲလိုပဲ F3 နှိပ်ပြီးမကုန်မချင်း ဖြတ်ပါ။အဲဒါပြီးရင်တော့ပြီးပါပြီ။




Source : ကိုမြတ်

Wednesday, 15 February 2012

Gtalk မှာ ဝင်ဝင်လာတတ်သော Private Cam Virus ကိုရှင်းတဲ့ ဆော့ဝဲလ်..

Gtalk မှာ ကိုယ်က သုံးနေ၇င်းနဲ့ ကိုယ့်အကောင့်ထဲက တစ်ယောက်ယောက်က မသိပဲ..

Private Cam Virus လင့်ကို နှိပ်လိုက်မိတယ်ဆိုရင်...

သူရဲ့ထဲမှာ ရှိတဲ့ လူတွေအားလုံးကို ဒီလိုလင့်မျိုးတွေ လိုက်ပို့နေတော့တာပဲလေ...။

ဘာမှ မဖြစ်ဘူးထင်ရပေမဲ့...ကြာလာရင် စက်ရဲ့ အမြန်နှုန်းကို ကျစေတယ်..။

စက် ခဏခဏ Hang တယ်...။

ဒါတွေကို ဖြေရှင်းပေး ၊ ဖယ်ထုတ်ပေးတဲ့ ဆော့ဝဲလ်လေးပါ...။

MB အရမ်းနည်းပေမဲ့ တကယ်ထိရောက်ပါတယ်..။

ဒီမှာ ဆွဲယူလိုက်ပါ...။

ဆွဲပြီးသွားလို့ ဖိုင်နာမည်က clearprivatecamvirus.bat မဟုတ်ဘဲ တခြားဖိုင်နာမည် ဖြစ်နေရင် (eg: clearprivatecamvirus.bat.txt) နာမည်ပြောင်းပေးလိုက်ပါ။ .txt ကို ဖျက်ပစ်ပါ။


Source : ကိုဇော်

Monday, 6 February 2012

RECYCLER.EXE ဆိုတဲ့ဗိုင်းရပ်စ်အကြောင်း

Recycler.exe ဗိုင်းရပ်စ်သည်သည် jwgjvsq.vmx လို့အမည်ပေးထားတဲ့
worm-type အမျိုးအစား ဗိုင်းရပ်စ် ဖြစ်ပါတယ်။ အထူးသဖြင့်
USB/portable Drives တို့က ကူးစက်သလို Network
ကတစ်ဆင့် ပျံ့နှံ့လာတယ်လို့ သိရပါတယ်။ ဖိုင်လ်ဒါနဲ့အတူ
autorun.inf ဆိုတဲ့ ဖိုလ်ဒါတစ်ခုကိုလည်း သတိပြုမိပါလိမ့်မယ်။
၎င်းဖိုလ်ဒါများကို Hidden လုပ်ဖျောက်ထားလို့ ပုံမှန်အားဖြင့် မမြင်ရပါ။
Recycler ဖိုလ်ဒါကိုထပ်ဖွင့်ကြည့်ရင် jwgkvsq.vmx ဆိုတဲ့ ဖိုင်ရှိပါတယ်။
အဲဒီဖိုင်သည် ဗိုင်းရပ်စ်လား၊ ဘယ်လိုကူးစက်အောင်လုပ်ထားတယ်ဆိုတာ
တော့ ဖိုင်ကိုဆက်ပြီး မဖွင့်ရဲလို့ မသိပါ။ Anti-virus ဆော့ဖ်ဝဲလ် အများစုက
၎င်းကို detect မလုပ်နိုင်သလို ဖျက်လို့လည်း မရပါ။ အနီးဆုံးတူတဲ့
ဗိုင်းရပ်စ်များကို ရှာကြည့်တဲ့အခါ
w32/confi, W32/Conficker.worm!inf, Win32/Conficker.B-CA
လို့တွေ့ရပါတယ်

Monday, 23 January 2012

shortcut တွေ ပုံစံတူလိုက်ပွားနေတဲ့(folder, .exe) virus ကို ဘယ်လို သတ်မလဲ.


စိုင်းစိုးလှိုင် : မင်္ဂလာပါ ကိုညီ . ကျွန်တော်က ကိုညီနေမင်း သင်ပေးနေတဲ့ နည်းပညာတွေကို ခံယူနေတဲ့ ညီငယ်ပါ။ အခု ကျွန်တော့်စက်က ပြသနာတက်နေလို့ ကူညီပါဦး ကိုညီ... desktop နှင့် စက်ထဲရှိ ဖိုင်အားလုံး Shortcut တွေဖြစ်နေပါပြီ.... ဖွင့်လို့လဲမရတော့ဘူး... အဲ့ဒါ ၀င်းဒိုးမတင်ပဲနဲ့... ဖြေရှင်းလို့ရမယ့် နည်းလမ်းကောင်းများရှိရင် ကျွန်တော့်ကို ကူညီပါဦး ကိုညီ....

အဲ့ဒီ့ virus ကို သတ်မယ့်အကြောင်း မပြောခင်မှာ အဲ့ဒီ့ virus ဘယ်လို အလုပ်လုပ်သလဲ အရင်ပြောပြပါ့မယ်.  ဖိုင်ဆိုက်သေးပြီး နာမည်မကြီးလို့များ သွားအထင်မသေးနဲ့နော် သုံးကြည့်လိုက်ဦး. အဲ့ ဒီ့ virus ၀င်လာရင် folder နာမည်တူ .exe format ဖိုင်နာမည်တူ စတဲ့ဟာတွေ အကုန်လျှောက်ပြီး ပေါ်လာပါတယ်. သတ်လို့လဲ မကုန်နိုင်လောက်အောင်ပါပဲ. ဒါပေမယ့် ဘယ်လောက်ပွားပွား စိတ်မပျက်ပါနဲ့ . သတ်လို့ရပါတယ်. ကျွန်တော်ကိုယ်တိုင်လည်း သတ်ခဲ့ပြီးတဲ့ အကောင်းဆုံးတစ်နည်းကို ပြောပြပါ့မယ်. အရင်တုန်းကတော့ antivirus ၂ မျိုးလောက်နဲ့ သတ်ရုံတင်မကဘူး registry ထဲကိုပါ ၀င်ပြီးပြင်ပေးရပါသေးတယ်. အခုတော့ မလိုတော့ပါဘူး. တစ်မျိုးတည်းနဲ့တင် သတ်လို့ရသွားပါပြီ. အောက်မှာ licence version ကိုပါ တင်ပေးလိုက်ပါတယ်. kaspersky နဲ့သတ်ဖို့ကြိုးစားတာ သိပ်အဆင်မပြေလိုက်ပါဘူး. ဘာလို့လဲဆိုတော့ တင်လို့ကို မရလို့ပါ. အဲ့ဒီ့နေရာမှာ မေးစရာရှိပါတယ်. အဲ့ဒါများဗျာ အဲ့ HDD ကို ဖြုတ်ပြီး kaspersky update ဖြစ်တဲ့ စက်မှာ သွားစစ်လိုက်ပေါ့လည်း မပြောပါနဲ့ ကျွန်တော် သတ်ခဲ့တုန်းက အဲ့ဒီ့ laptop က ၀ယ်ထားတာ မကြာသေးတဲ့အတွက် အာမခံ ရှိပါသေးတယ်. အဲ့အတွက်ကြောင့်မို့ အထဲက HDD ကို ဖြုတ်လို့မရပါ. virus တော်တော်များများဟာ သူတို့ ကွန်ပျူတာထဲကို ရောက်ပြီဆိုတာနဲ့ တင်ထားတဲံ (သို့)တင်မည့် antivirus program ကို အလုပ်မလုပ်နိုင်အောင် ပိတ်ထားတတ်ပါတယ်. အခုနည်းလေးနဲ့ ရှင်းပေးလိုက်ပါ. တစ်ခုပဲရှိပါတယ်. virus များရင် သတ်ရတာ လက်ညောင်းမယ် ဒါပါပဲ. ကဲအောက်မှာ ဘယ်လို လုပ်ရမလဲ ကြည့်လိုက်ပါ.

Friday, 20 January 2012

Recycler virus ကို ဘယ်လို သတ်မလဲ

ကဲ ပို့စ်မတင်ဖြစ်တာလဲ အတော်ကြာပြီ စိတ်ပျက်မိတာလဲ ပါတာပေါ့ . ကျွန်တော့်အဖြစ်က တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းတယ်ဗျ . ရန်ကုန်က အင်တာနက်ဆိုင် တစ်ဆိုင်ကနေ မေးလ်သွားသုံးမိ လိုက်တယ် . အဲ့ဒီ့နေ့က သုံးတဲ့ ကွန်ပျူတာကို keylogger ရှိမရှိကို သွားမစစ်မိလိုက်ဘူး . နောက်တစ်ရက်လဲ ရောက်ရော အကောင့်က ပါသွားပါလေရော . အဲ့တော့ ကျွန်တော့်ကို မေးချင်တဲ့သူများ nyinaymin.com@gmail.com အစား konyinaymin@gmail.com ကို invite လုပ်ပေးကြဖို့ အကြံပြုလိုပါတယ် .

ဒီနေ့တော့ စိတ်ပျက်တာကို ဘေးနားမှာထားပြီးတော့ ပို့စ်လေးတစ်ခုကို ရေးလိုက်ပါတယ် . မေးတဲ့သူကတော့ များပါတယ် . အစ်ကိုရယ် recycler virus ကို ဘယ်လို သတ်မလဲတဲ့. အောက်မှာ တင်ပေးလိုက်တဲ့ဖိုင်လေးကို မိမိသုံးနေတဲ့ စက်ထဲမှာ Run လိုက်ပါ . Run ပြီးတာနဲ့ ခဏစောင့်လိုက်ပါ .. အားလုံးပြီးသွားတာနဲ့ စက်ထဲမှာ လုံးဝ ဖျက်လို့မရဘူးဆိုတဲ့ Recycler virus ဖိုင်တွေ အကုန် ပျက်သွားတာကို ၀မ်းမြောက်ဖွယ်ရာ တွေ့ရမှာပါ . အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် .

Wednesday, 11 January 2012

USB မှ autorun.inf ကို ဘယ်လို ရှင်းမလဲ

ကျွန်တော်တို့ USB Drive မှ Autorun.inf virus အကိုက်ခံတဲ့ ဘယ်လို ရှင်းမလဲ ဆိုတာကို ပြီးကတဲ့ နေ့က မိတ်ဆွေတစ်ယောက် မေးတာကို ဖြေပေးခဲ့တာကို ဒီမှာ ပြန်တင်ပေးလိုက်တာပါ။ ကျွန်တော်က ဒီနည်းကို သင်ပြပေးခဲ့တာက ကျွန်တော် အကို ကိုရုပ်ဆိုးဖြစ်ပါတယ်။ ဒီနည်းကို ကျွန်တော် မိတ်ဆွေက မေးတော့ အတော်ဖြစ်သွားတာ ။ ဒါနဲ့ ဆိုဒ်မှာ တင်ပေးဖို့ပါ အကြံရလိုက်တယ်။ သူများ တင်ပေးပြီးသာဆိုလာတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ ကျွန်တော် သူငယ်ချင်းတွေ သတ်တဲ့ နည်းလေးကို ဆိုဒ်မှာ မရေးတင်ဘူးသေးလို့ တင်ပြပေးလိုက်တာ။ ပြောနေကျတယ်။ USB , CD, DVD တွေကနေ Autorun.inf virus ကိုက်ခဲ့လျင် အောက်ပါအတိုင်း သက်နိုင်ပါတယ်။ ဒါမျိုးတွေကို အတော်များများရေးပြီးကျပြီဆိုတာ သိတယ်။ သို့သော် ကျွန်တော် ဆိုဒ်မှာ လာလည်ကျတဲ့ သူတွေမှာ အခြေခံသမားတွေလည်ပါတယ်။ အတန်အသင့်သမားတွေလဲ ပါတယ်။ ကျွမ်းကျင်သမားတွေလည် ရောက်လာတက်တာရှိတယ်။ ဒါကြောင့် တင်လိုက်တယ်။ ဒါမျိုးမလုပ်ချင်လည် Software ပါ တင်ပေးလိုက်တယ်။
1. Safe mode ကို သွားဖို့ အတွက် မိမိ ကွန်ပျူတာကို Restart ချလိုက်ပါ။ Windows တက်နေတုန်းမှာ F8 key ကို နိုပ့်ပေးထားပါ ။ အောက်က ပုံကိုကြည့်ပါ။




Tuesday, 10 January 2012

Flash Drive မှ Virus ကိုကာကွယ်နည်းနှင့် Autorun Virus ကို ဘယ်လိုသတ်မလဲ ..

ကွန်ပျူတာ သုံးသည့်သူတိုင်းကတော့ flash Drive လို့ခေါ်တဲ့ အချက်အလက်များကို သိမ်းဆည်းပေးနိုင်သည့် Memory stick ကို လက်ဝယ်ကိုင်ဆောင်တတ်ကြပါတယ် .. အဲ့လို လက်ကိုင်ထားတိုင်းလဲ ကြုံတွေ့ရတာက virus တော်တော်များများဟာ Flash drive ကနေ တစ်ဆင့်ကူးတာ ပိုမြန်ပါတယ် . ဘာကြောင့်လဲဆိုရင် Flash drive ဆိုတာကလဲ Data တွေကို Input - Output လုပ်နိုင်တာဆိုတော့ . ဗိုင်းရပ်စ်တွေခိုအောင်းနေတတ်ပါတယ် . အဆိုးဆုံးကတော့ flash drive တိုင်းဟာ ဘယ် computer ကို ထိုးလိုက်ထိုးလိုက် . window တင်ပြီးတဲ့အချိန်ကစလို့ Flash Drive ကို USB port ကိုထိုးတိုင်း auto run ဆိုတာ မကြာခဏ တွေ့ဖူးကြမှာပါ . အဲ့ဒီ့ပျော့ကွက်ကိုနင်းပြီး auto run virus ဆိုတာ ပေါ်လာတာပါ . ကိုက မဖွင့်ရသေးပေမယ့် သူက စ Run နေပြီလေ .. ကျွန်တော်တို့ registry ကနေ auto Run တာကို ပိတ်ထားလို့ရပေမယ့် . ဗိုင်းရပ်စ်ဝင်မှာလဲ စိုးရိမ်နေရသေးတယ်လေ . အခုဟာက ဘာမှလဲပြင်စရာမလိုသလို auto run virus ကိုလဲ မှုစရာမလိုပါဘူး . အခုကျွန်တော်ပေးလိုက်တဲ့ Autorun Virus Remover 2.3 ဟာ auto run virus ကို သတ်ပေးနိုင်သလို ဘယ် flash drive ပဲထိုးထိုး သူက ပထမအဆင့်အနေနဲ့ ကာပေးပါတယ် . Drive ထိုးလိုက်တာနဲ့ ဗိုင်းရပ်စ်ပါနေရင် Block လုပ်ပြစ်ထားပါတယ် . နောက်တစ်ဆင့်က အဲ့လို ကားပြီးမှ သူကသတ်တာဆိုတော့ ဗိုင်းရပ်စ်ဝင်စရာမလိုတော့ဘူးပေါ့ .
ကဲ Flash Drive ကို စိတ်ချလိုက်ချ ထိုးနိုင်ကြပါပြီဗျာ .. စိတ်ပူစရာမလိုတော့ပါဘူး ...

Monday, 9 January 2012

ကြောက်စရာကောင်းသော Virus . ပါဝင်သော အင်တာနက် သီချင်းများစုစည်းမှု DVD/VCD

သူငယ်ချင်းတစ်ယောက် ကွန်ပျူတာ ဟိုတလောက  Virus ကိုက်သွားပါတယ်..။ ဘာကြောင့်မှန်း မသိပါဘူး. Windows XP မတက်တော့ပဲ restart ပဲပြန်ဖြစ်ဖြစ်နေပါတယ်..။  နောက်တော့ သူက အင်တာနက်သီချင်းများစုစည်းမှု အခွေကို ကွန်ပျူတာမှာ နားထောင်လိုက်တယ်လို့ ပြောပါတယ်..။ အဲဒါနဲ့ ..သူ့ကွန်ပျူတာကို စစ်ကြည့်တော့ Hard disk drive (C:) ထဲက system ဖိုင်တွေ ပျက်နေပါပြီ..။ အဲဒါနဲ့ ကျွန်တော့် ကွန်ပျူတာမှာ အဲဒီ အခွေကို my computer မှာ double click မနှိပ်ပဲ XYplorer နဲ့ hidden file တွေရှာကြည့်တော့ ..
AUTORUN.INF
EDC DPROT.ICO
PRO.BAT,
PRO.EXE
VCD_play.exe ဖိုင်တွေကို တွေ့ရပါတယ်။

ကိုယ့်ကွန်ပျူတာထဲကို အဲဒီ အချပ် ထည့်လိုက်တာနဲ့ autorun ပြီးတော့ ကိုယ့်ကွန်ပျူတာ  Drive C: ထဲက
boot.ini
IO.SYS
MSDOS.SYS
NTDETECT.COM ဖိုင်တွေရယ် C:\windows ထဲက
system.ini
win.ini
အစရှိတဲ့ ဖိုင်တွေကို ..လုံးဝ DELETE လုပ်ပစ်လိုက်ပါတယ်..။
အဲဒီတော့ windows ကို ပြန်တင်ရင်တင်၊ မတင်ရင် Repair လုပ်၊ မလုပ်ချင်ရင် ..Virus က ဖျက်လိုက်တဲ့ ဖိုင်တွေကို ကော်ပီကူးလိုက်...။ အလုပ်တော့ တော်တော်ရှုပ်ပါတယ်..။ ကြားထဲ့က အခန့်မသင့်ရင် Drive တွေကို Format ချမိပြီး DATA တွေပါ ပျက်ဆီးနိုင်ပါတယ်..။

အဲဒီတော့ အဲဒီ သီချင်းခွေကို လုံးဝ  ကွန်ပျူတာနဲ့ ဖွင့်မကြည့်ကြပါနဲ့..။ AUTORUN ကို ပိတ်ထားတဲ့ ကွန်ပျူတာတွေမှာလည်း My Computer ထဲကနေ အဲဒီ သီချင်းခွေထည့်ထားတဲ့ Drive ကို Double Click နှိပ်မိရင် ...ကွန်ပျူတာထဲက system file တွေ အဖျက်ခံရနိုင်ပါတယ်..။ တစ်ခုထူးခြားတာက သူ့ကို AntiVirus Software တော်တော်များများက သတ်ပေးလို့မရပါဘူး..။ ဘာဖြစ်လို့လဲဆိုတော့ DVD, CD ထဲက System File တွေ ဖြစ်နေလို့ပါ ..။ အဲဒါက ပိုအန္တရာယ်ကြီးပါတယ်..။

အဲဒီတော့ အဲဒီလိုမဖြစ်အောင် CD/DVD ထဲက System File, Hidden File တွေကိုမြင်ရအောင် အလွယ်တကူ install လုပ်လို့ရတဲ့
XYPLORER ကို ထည့်ထားကြပါ..။ အဲဒီ FILE MANAGER SOFTWARE လေးက windows explorer နဲ့ ပုံစံအတူတူပါပဲ ..။ ဒါပေမယ့် သူက windows explorer မှာ မမြင်ရတဲ့ hidden/ Super Hidden လုပ်ထားတဲ့ဖိုင်တွေအားလုံးနီးပါးကို မြင်ရပြီး hidden ကိုလည်း ဖြုတ်လို့ရပါတယ်..။ သူ့ရဲ့အသုံးဝင်ပုံက  ကွန်ပျူတာနဲ့ ချိတ်ဆက်သမျှ Drive တွေအကုန်လုံးရဲ့ Hidden File တွေကို မြင်ရပါတယ်..။ ပြီးတော့ USB Stick, Memory Card, Hard Disk တွေထဲက ဖိုင်တွေကို ဖျက်လို့ ကူးလို့ရပါတယ်.။
အင်တာနက်မှာ download လုပ်လို့ရတဲ့ ဒီ software လေးက ရက်သုံးဆယ်ပဲသုံးလို့ရပါတယ်..။ ရက်သုံးဆယ်ပြည့်ရင် Uninstall ပြန်လုပ်ပြီး Install ပြန်လုပ်ရင် ရက်သုံးဆယ် ပြန်ရပါတယ်..။ အောက်မှာ ဒေါင်းလုပ် လုပ်ပြီးသုံးကြည့်ကြပါ..။

http://www.xyplorer.com/download.php

အခု နောက်ဆုံးအင်တာနက်ဂျာနယ်မှာပါလာတဲ့သတင်းအရ အင်တာနက်သီချင်းများစုစည်းမှု (၄) အခွေမှာပါ အဲဒီလို Virus ပါဝင်ကြောင်း သိရပါတယ်..။
DVD, CD ခိုးကူးတဲ့လူတွေက .. သူတို့ကျတော့ သီချင်းတွေကို လက်ရွေးစင်ထုတ် ခိုးကူးပြီး ...တခြားသူတွေ၊ ကွန်ပျူတာအသုံးပြုတဲ့သူတွေက သူတို့ခိုးကူးထားတဲ့သီချင်းတွေကို .. စိတ်ကြိုက်မရွေးချယ်နိုင်၊ မသိမ်းဆည်းနိုင်၊ ပြန်မကူးနိုင်အောင်..
အောက်တန်းကျစွာနဲ့ ဖန်တီးထားတာပါ..။ သူတို့က  Windows System မပါတဲ့ DVD အခွေပွားစက် Duplicator တွေနဲ့သုံးတော့ အဲဒီ Virus ထည့်ထားတဲ့ DVD, CD တွေကို ရာထောင်ချီပြီးပွားနိုင်ပါတယ်..။ သူတို့စက်တွေ မပျက်ပါဘူး ..။  သူတို့ပဲခိုးကူးစားမယ်ဆိုတဲ့သဘောပါ..။

Source :
မင်းမင်းဇော်
Related Posts Plugin for WordPress, Blogger...