HomeMovies Blogger Saw Eh Lor News Health Dictionary
. .

Friday 30 December 2011

HTML မိတ်ဆက် Frame & Link အကြောင်း

Frame

Frame ကတော့ HTML Page နှစ်ခု ထက်မက တာ တွေကို စာမျက်နှာ တစ်ခုထဲမှာ ဖော်ပြချင်တဲ့ အခါပေါ့။ ဘယ်လိုမျိုးလဲဆိုတော့ ...
အဲဒီမှာဆိုရင် Frame ၃ ခုနဲ့ Page တစ်ခုကို ဖွဲ့စည်း တည်ဆောက်ထားတာပါ။ အခုနောက်ပိုင်းမှာ Frame ကို အသုံးနည်းသွားပါပြီ။ AJAX ဆိုတဲ့ နည်းပညာကို ပြောင်း သုံးကြပါတယ်။ အရင်တုန်းကတော့ Frame ကိုအသုံးများ ခဲ့ပါတယ်။
ဘာလို့အသုံးပြုရသလဲဆိုရင်တော့ အပေါ်က ပုံမှာကြည့်လိုက်ပါ။ ဘယ်ဘက်က menu ဖြစ်ပြီး ညာဘက် ကတော့ menu ကိုနှိပ်လိုက်ရင် ပေါ်လာမယ့် page ပေါ့။ အပေါ်ဆုံးကတော့ Name ကိုရေးထားတာပါ။ အဲ.. အခု frame အကြောင်း စလိုက်အောင်။

HTML မိတ်ဆက် Link & Frame အကြောင်း


Link And Frame



HTML ရဲ့ နောက်ဆုံး ဆောင်းပါးပါ။ အဲဒါက ဘာလဲဆိုရင်တော့ Link And Frame ပါ။ Frame တစ်ခုက Link က နှိပ်လိုက်ရင် နောက် frame တစ်ခုက ပြောင်း သွားဖို့ပါ။ ကျွန်တော် အကုန်လုံးကို အခြေခံလောက်ပဲ ပြောနိုင်မှာပါ။ Web ပိုင်းမှာ လေ့လာစရာတွေ အများ ကြီးပါ။ HTML ဆိုတာ လုံးဝစ,ကာစ အခြေခံအဆင့် လေးပါ။
ကျွန်တော်အရင်လက ပြောခဲ့ပါတယ်။ ဘယ် ဘက်က Link ကို နှိပ်လိုက်ရင် ညာဘက်မှာ သက်ဆိုင်ရာ Page ကို ပြောင်းသွားမယ်ဆိုပြီးတော့။ အခုအဲလိုမျိုး ဘယ် ဘက်က frame ကနေ နှိပ်လိုက်ရင် ညာဘက်က frame မှာ သက်ဆိုင်ရာ Page ပြောင်းသွား အောင်လုပ်ပါမယ်။ ပထမဆုံး frame ၂ ခုအတွက် index.html ကိုစရေးပါ့မယ်။

Thursday 29 December 2011

အန္တရာယ်ရှိသော ကြက်တောင်ပံများ..

အလှအပကိုကြိုက်နှစ်သက်ကြတဲ့ မမ..တို့ ရေ..

ကြက်တောင်ပံကြော်ကို နေ့စဉ်ရက်ဆက်စားသုံးခြင်းဟာ အမျိုးသမီးတွေအတွက်တကယ့်
အန္တရာယ်တခုဆိုတာကို မျှဝေလိုက်တာပါ…

ဒါကတော့ စင်ကာပူက အမျိုးတမီးတဦးရဲ့ ဖြစ်ရပ်မှန် အကြောင်းလေးပါ။

မကြာသေးမီက ကျမ သူငယ်ချင်းမ တယောက် သူ့ရဲ့ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်တည်သလိုလို အခဲတခု ဖြစ်ပြီး ကြီးကြီးလာတာကြောင့် ခွဲစိတ်ပြီး ထုတ်ပြစ်လိုက်ရတဲ့အထိဖြစ်သွားပါတယ်…
အဲဒီအခဲဟာ ခွဲစိတ်ပြိးကြည့်လိုက်တော့ မဲပုပ်နေတဲ့သွေးခဲကြီးပါတဲ့...

သူမကတော့ ခွဲစိတ်ကုသပြီးနောက်မှာ ပုံမှန်ပြန်ကောင်းလာမယ်လို့ပဲ ထင်ခဲ့တာပေါ့..

ဒါပေမယ့်.. သူထင်တာနဲ့တတ်တတ်စင်အောင်လွဲခဲ့ပါ့တယ်..ခွဲစိတ်ထုတ်ပစ်ပြီး လအနည်းငယ်အကြာမှာ အရင်လိုပဲ ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို ပြန်ဖြစ်လာပြန်ရောတဲ့…

Zawgyi-One


Source : နည်းပညာမှတ်တမ်း





Firefox ကိုဖွင့်....
Tool-> Content ကို ၀င်လိုက်ပါ..
Font And Colour တွင် Advanced ကိုဝင်ပါ...
Font တွေကို Zawgyi-one လို့ပြောင်းလိုက်ပါ...
Font Size ကိုလည်း သင့်တော်ရာပြင်လိုက်ပါ....
UTF-8 ကိုသုံးပါ...
ပြီးရင် OK ပေါ့...



Internet explorer မှာဇော်ဂျီ သုံးချင်ရင်
အရင်ဆုံး notepad ကိုဖွင့်ပါ...

body
{
font-family:Zawgyi-one;
}
input, select , textarea
{
font-family:Zawgyi-one;
}

ဆိုပြီးရိုက်လိုက်ပါ.... ပြီးရင် C:\ie.css နဲ့သိမ်းလိုက်ပေါ့....
ပြီးတော့ IE ကိုဖွင့်...
Tool -> Folder option -> Accessibility ကို နှိပ်ပါ...
Ignore Font Style specified on web pages ကို check လုပ်ပါ...
Format documents using my style sheet ကို check လုပ်ပါ..
Browse လုပ်လိုက်ပါ...
C:\ie.css ကိုရွေးလိုက်ပါ...
ပြီးရင် OK လုပ်လိုက်ပါ... OK ထပ်လုပ်ပါ..
မြန်မာလို... IE တစ်ခုလုံး Zawgyi font ဖြစ်သွားမယ်

Download လုပ်နည်းများ - နေမင်းမောင်

                                                    Mediafire အတွက်ဒေါင်းလုတ်ယူနည်း



ဒီမှာနှိပ်ပြီး
သွားလိုက်ပါ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

PEEKABOO ပို့စ်ခေါက်နည်း - ညီနေမင်း (နည်းပညာ)

ပို့စ်ခေါက်နည်းကို ကျွန်တော်ပြောပြပါ့မယ် .
မပြောချင် template ကိုတော့ back up လုပ်ထားဖို့ မမေ့ပါနဲ့ .. ဒါမှ ကိုလုပ်တာ မှားယွင်းသွားရင် အရင် Blog ပုံစံအတိုင်း ပြန်ရမှာပါ .

(၁) blogspot ကို log in ၀င်လိုက်ပါ ..
(၂) Layout >> Edit HTML ကိုသွားပါ ..
(၃) </head> ကို ရှာပါ </head> မဆုံးခင်လေးမှာ အောက်မှာ မှင်အနီနဲ့ ပြထားတဲ့ script ကို ကူးထည့်လိုက်ပါ။



<script src="http://www.sigmirror.com/files/27055_aeosc/myhacko.js" type="text/javascript" />

(၄) ပြီးတာနဲ့ save လုပ်ပါမယ် ..

နောက်တစ်ဆင့်ထပ်သွားပါမယ် .
(၅) layout >> Html မှာ Expand widget Templates ဆိုတာလေးကို check လုပ်ထားပေးပါ။
(၆) Ctrl+F ကို နှိပ်ပြီး ပေါ်လာတဲ့ search box မှာ id='post' လို့ ထည့်ရှာလိုက်ပါ။ ပြီးတာနဲ့ အောက်ပါအတိုင်း ဟုတ်ရဲ့လားဆိုတာကို လိုက်စစ်ကြည့်လိုက်ပါ . မဟုတ်ဘူးဆိုရင် အောက်ကအတိုင်း လိုက်ပြင်ပေးပါ . တူညီအောင် သေချာလိုက်စစ်ပြီး ပြင်ပေးလိုက်ပါ . အဲ့လို မလုပ်ချင်ရင်လဲ နံပါတ် (၇) နည်းအတိုင်း လုပ်ကြည့်လိုက်ပါ...

Tuesday 27 December 2011

တကယ်လို့ တစ်နေ့နေ့မှာ..... - နိုင်းနိုင်းစနေ

တကယ်လို့ တစ်နေ့နေ့မှာ ငါ့ဖုန်းကိုနင်ဆက်တဲ့အခါ နံပါတ်ပိတ်သွားပြီဆိုတဲ့အသံကို နင်ကြားခဲ့ရင် စိတ်မကောင်းမဖြစ်ပါနဲ့၊ စိတ်မထိခိုက်ပါနဲ့၊ ငါ့ကို လွမ်းမသွားပါနဲ့.... ငါဆိုတဲ့လူတစ်ယောက်ရှိခဲ့ဖူးမှန်း ပိုလို့တောင် သတိမရပါနဲ့။ တကယ်လို့ တစ်နေ့နေ့မှာ နင့်ဖုန်း မကြာခဏ မမြည်တော့တဲ့အခါ ကျေးဇူးပြုပြီး မစောင့်ပါနဲ့၊ မမျှော်လင့်ပါနဲ့.... ငါကိုရှာဖွေဖို့ ပိုလို့တောင် မစဉ်းစားပါနဲ့။ ဒါမှပဲ နင့်ကိုငါ စိတ်ချလက်ချ ခွဲသွားရက်မှာမို့ပါ...

တကယ်လို့ တစ်နေ့နေ့မှာ နင့်ဘေးမှာ "ရှုပ်လိုက်တာ"၊ "မုန်းစရာကြီး"လို့ တပျစ်တောက်တောက် ပြောတဲ့လူမရှိတော့တဲ့အခါ၊ ငါပြောတာတွေက အမြဲမှန်တယ်လို့ပြောတဲ့ ခေါင်းမာသူ မရှိတော့တဲ့အခါ၊ နင်အပေါ် ကြမ်းကြမ်းတမ်းတမ်း ဒေါသထွက်တဲ့သူ မရှိတော့တဲ့အခါ၊ ဖုန်းကြာကြာပြောချင်တယ်လို့ တောင်းဆိုတဲ့သူ မရှိတော့တဲ့အခါ၊ ဖုန်းမချခင် ချစ်စရာစကားလေးပြောပါ၊ အနမ်းလေးပေးပါလို့ ပူဆာတဲ့သူ မရှိတော့တဲ့အခါ.... ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား?

တကယ်လို့ တစ်နေ့နေ့မှာ နင့်ရဲ့Inboxထဲ နင်ဘယ်အချိန်အိမ်ပြန်မလဲ? အိမ်ရောက်ဖို့ ဘယ်နှမိနစ်လို့လဲလို့ သနားကမားနဲ့ စာတိုလေးပို့တဲ့သူ မရှိတော့တဲ့အခါ၊ ငါ့ကိုစကားပြန်မပြောရင် နင့်ကိုငါ မခေါ်တော့ဘူးလို့ ပြောတဲ့သူ မရှိတော့တဲ့အခါ၊ "ဟင့်.. မောင်နော်"လို့ ချွဲချွဲနွဲ့နွဲ့ အပြစ်တင်တဲ့သူ မရှိတော့တဲ့အခါ၊ အမှားလုပ်ပြီးမှ ငါနောင်တရလိုက်တာလို့ ကိုယ့်ကိုယ်အပြစ်ပေးတဲ့သူ မရှိတော့တဲ့အခါ၊ စကားတတွတ်တွတ် ပြောတဲ့သူ မရှိတော့တဲ့အခါ၊ အပြစ်မရှိ အပြစ်ရှာတဲ့သူ မရှိတော့တဲ့အခါ၊ နင်ပြောသမျှ အထာကောက်ပြီး စိတ်တိုတဲ့သူ မရှိတော့တဲ့အခါ.... ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား?

အဲဒီလိုနေ့မျိုးရှိခဲ့ရင် နင်စိတ်လေး နည်းနည်းတော့ ထိခိုက်စေချင်တယ်။ နည်းနည်းတော့ နာကျင်စေချင်တယ်။ ငါ့ကို နည်းနည်းတော့ သတိရစေချင်တယ်။ ငါနဲ့ပတ်သက်တဲ့အရာတွေ နင်အတွေးထဲ နည်းနည်းလေးရှိစေချင်တယ်။ တကယ် နည်းနည်းလေးမှ နည်းနည်းလေးပါ...


ကွန်ပျူတာ မြန်အောင်ပြုလုပ်နည်း - Htun May

ကွန်ပျူ တာ speed မြှင့်ခြင်းအကြောင်းလေးပါ။
ကဲလုပ်ကြည့်ရအောင်

(1) Start > Run သွားပါ။ prefetch ရိုက်ထည့်လိုက်ပါ။အဲဒီမှာတွေ့တဲ့
folder ထဲက file တွေကို delete လုပ်လိုက်ပါ။ပြီးရင် ပြန်ပိတ်လိုက်ပါ။
နောက် Run မှာပဲ regedit ဆိုတာရိုက်လိုက်ပါအုန်း။ Registry Editor box
ပေါ်လာပါလိမ့်မယ်။အဲဒီမှာ HKEY_CURRENT_USER >>Control Panel >> Desktop
Desktop ကို click ပေးလိုက်ပါ။ အဲဒီမှာ MenuShowDelay ကိုရှာ ။ပြီးရင်right click>>Modify
လုပ်လိုက်ရင် ပေါ်လာမဲ့ box မှာ from 400 to 0 ကိုပြောင်းပေးပါ။ပြီးရင်ပိတ်လိုက်ပါ။

(2) My Computer ကိုright click>> properties >>Advanced >>Settings >>visual Effects မှာ -
Adjust for best appearance ကိုရွေးပေးပါ။ ကိုယ့်စက်ကိုတော်တော်ကြီးကိုမြန်ချင်တဲ့သူကတော့
Adjust for best performance ကိုရွေးပေးပါ။ပြီးရင် အောက်ကဇယား အောက်ဆုံးက
Use visual styles on windows and buttons ကိုပဲ click လုပ်လိုက်ပါ။ကျွန်တော်ကတော့
screen စာသားလေးတွေမှိန်သွားတာကိုမကြိုက်လို့ Adjust for best appearance ကိုပဲရွေးလိုက်ပါတယ်။
မြန်ချင်သူများအတွက်ပြောတာပါ။ ပြီးရင် apply လုပ်ပါ။

Monday 26 December 2011

ကွန်ပြူတာ Memory သန့် ရှင်းအောင်လုပ်နည်း - ပုသိမ်သားလေးဖြိုးဝေ

၁. Desktop ပေါ်မှာ Right-click နိုပ်ပြီး New-Shortcut ကိုထပ်နိုပ်ပါ၊
၂. Type the location of the item လိုရေးထားသည့်နေရာမှာအောက်ကစာကြောင်းတွေကိုထည့်လိုက်ပါ၊

%windir%\system32\rundll32.exe advapi32.dll,ProcessIdleTasks

၃.Next ထပ်နိုပ်ပါ၊

၎.Type a name for this shortcut:နေရာမှာ Clear Memory ဆိုပြီးရေးထည့်လိုက်ပါ၊

၅. Finish. ကိုနိုပ်လိုက်ပါ။ပြီးပါပြီ။။

ကွန်ပျူတာသိသိတာတာမြန်ဆန်လာလိမ့်မည်!အားလုံးလည်းကြိုက်ကြမယ်လို့မျော်လင့်ပါတယ်။


Source : ပုသိမ်သားလေးဖြိုးဝေ

Blog and Html - ညီနေမင်း(နည်းပညာ)


ဒီမှာ
သွားလိုက်ပါ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဘလော့ - နေမင်းမောင်


ဒီမှာ
သွားလိုက်ပါ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။

how to remove trojan-dropper vbs agent ? - နေမင်းမောင်

ညကပေါ့ဗျာ ကျနော့်စက်ကို USB stick လေး ထိုးလိုက်တာ Extra HDD ထဲက DATA တွေ အကုန်

trojan dropper ဆိုတာကိုက်ပါရော..သူငယ်ချင်းစက်မှာက Microsoft Essential သုံးတယ် သူ့ကို

မတွေ့ဘူးတဲ့လေ သူက ဘယ်လိုမျိုးလဲ ဆိုရင် သုံးနေတဲ့ Window ကိုဘာမှမဖြစ်ပဲ ကျနော်တို့ Extra

HDD တို့ တခြား တခုခု တပ်ထားရင် အဲ့မှာသွားပြီးတော့ Effect ဖြစ်တယ်ထင်တာပဲ.stick လေးကို

တပ်လိုက်တော့ လက်ရှိသုံးနေတဲ့ kaspersky 2011 က alarm ပေးတယ်.ကျနော် သတိမထားလိုက်ဘူး

လေ.ပြီးလဲ ပြီးရော HDD ထဲမှာ Shortcut လေးတွေ အကုန်ဖြစ်ပြီး folder တွေအကုန်ပျောက်ကုန်တယ်

ဘာမှလဲ လုပ်လို့မရတော့ဘူး (တခုသတိပေးချင်တာက virus ကိုက်တယ်လို့ သံသယရှိနေရင် တခြား


partations တွေကိုလုံးဝမဖွင့်ပါနဲ့ 


Sunday 25 December 2011

Microsoft Windows 7 complete - နေမင်းမောင်


Source : နေမင်းမောင်

ကျွန်တော် ဒီစာအုပ်လေးကို တင်ပေးလိုက်ရတာကတော့ ကျွန်တော်တို့ တစ်နေ့တစ်နေ့ ကွန်ပျူတာကို အမြဲလိုလို အသုံးပြုနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီဝင်းဒိုးမှာ ရှိတဲTools လေးတွေ နဲ့အစိတ် အပိုင်း လေးတွေရဲ့ အခေါ်အဝေါ်တွေကို သိသင့်သလောက်လဲသိမယ် ပေါ့ဗျာ။ မသိတာတွေလည်း အများကြီးရှိပါတယ်။ ဒီစာအုပ်လေးထဲမှာ ကျွန်တော်တို့ကို အသေးစိတ်ပုံလေးတွေနဲ့ပါ ရှင်းပြပေးထားပါတယ်။ ဥပမာ ကျွန်တော်တို့ ဖိုလ်ဒါလေးတစ်ခုမှာရှိတဲ့ Command bar , navigation buttons , details စတာတွေပေါ့ဗျာ။ ဘယ်နားက အရာလေးက ဘာဆိုတာကို အသေးစိတ် ရှင်းပြပေးထားပါတယ်။ စာမျက်နှာ အားလုံးပေါင်း ၄၈၈ မျက်နှာရှိပါတယ်။ သူ့အပိုင်းလိုက် သက်ဆိုင်တာလေးတွေကို ရှင်းပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 31.49 ဖြစ်အောင်ချုံ့ပေးထားပါတယ်။ တန်ဖိုးရှိတဲ့ စာအုပ်လေးပါ။ ဒီစာအုပ်လေးကို သေသေချာချာဖတ်ပြီးရင်တော့ ကျွန်တော်တို့သုံးနေတဲ့ ဝင်းဒိုးရဲ့ ဘယ်နေရာက ဘာဆိုတာကို ပိုင်ပိုင်နိုင်နိုင်ပြောနိုင်သွားပါပြီ။ အောက်မှာယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ။ ကျွန်တော် ဥပမာ တစ်ပုံပြထားပါတယ်။ ကြည့်ကြည့်လိုက်ပါ။

Microsoft Window 7 Complete



အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ.။

FormatFactory 2.80 Portable Multilingual

Portable ဆိုတော့ USB Stick ထဲထည့်ပြီး။အသုံးပြုချင်တဲ့နေရာမှာ လွယ်လွယ်ကူကူအသုံးပြုနိုင်ပါတယ်။ သုံးနေတဲ့သူအများစုကတော့ ဒီကောင်လေးရဲ့ Features လေးတွေကိုသိကြမှာပါ။ ကျွန်တော်တို့ Video ဖိုင်တွေ Music ဖိုင်တွေ နဲ့ Photos လေးတွေကိုပါ ပြောင်းလဲပေးနိုင်တဲ့ Converter လေးတစ်ခုပဲဖြစ်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 48.3 MB ရှိပါတယ်။

Wednesday 21 December 2011

အတောင်တွေဖွင့်လို့မင်းလည်းပျံသန်းနိုင်တဲ့ တစ်နေ့နေ့မှာ

ပုံပြင်လေးရဲ့အစမှာပေါ့ လှပတဲ့ ငန်းတစ်ကောင်က ပျံသန်းရင်း သန်မာတဲ့ ဘဲတစ်ကောင်ကို တွေ့တော့ ချက်ချင်းကြွေသွားတယ်။ ပုံစံမတူတဲ့ ဘဲကို တွေ့ပြီး ပြောမတက်အောင်ရင်ခုန်ခဲ့တယ်။ငန်းရဲ့လှပတဲ့ စွဲဆောင်မှုကြောင့် ဘဲလဲချက်ချင်း ချစ်မိသွားတယ်။ အင်းလေ ကွဲပြားမှူ့တွေဟာ အဲ့ဒီအချိန်က ဘာမှခြားနားတယ်လို့မမြင်ခဲ့ဘူးပေါ့။ တစ်ယောက်ရဲ့ရင်ခွင်ဟာ တစ်ခြားတစ်ယောက်အတွက် နန်းတော်တစ်ခုလိုကို ခန်းနား ရှင်းရှင်းပြောရရင် အဲ့ဒီအချိန်တုန်းက သူတို့ဟာ အပျော်ရွှင်ဆုံးပဲ။အဲ့ဒီအချိန်က သူတို့ရဲ့ကြား ဘာတစ်ခုမှခြားနားမှူ့မရှိအောင်ကို ထပ်တူကြခဲ့တယ်။

သူတို့ဘာကိုမှလည်း ဂရူမစိုက်ခဲ့ဘူးလေ ။ ဒါကိုရိုးသားတယ်လို့ကောက်ခြက်ခြရင်လည်း ဒီလိုသတ်မှတ်လို့ရတယ်။

အင်း ဒါပေမဲ့ အချစ်မှာ ချစ်နေရုံနဲ့မပြီးဘူး။သူတို့တွေ မြေပြင်မှာပဲ ပျော်မြူးနေကြတယ်။ ရေကန်ဘေးက ရွှံ့တွေကြောင့် ငန်းလေးက တနေ့တခြား ဖြူဖွေးတဲ့ အမွေးအတောင်လေးတွေညစ်ပတ်လာတယ်။ လှပတဲ့ ခြေထောက်တွေလဲ ရောင်ရမ်းလာတယ်။ ဒါနဲ့ ငန်းက မခံနိုင်လာတော့ ဘဲကို နင်ပျံသန်းနိုင်အောင်ကြိုးစားပါလား ငါတို့ ကောင်းကင်ပေါ်မှာ ပျော်မြူးကြရအောင်။ဘဲလဲ ငန်းအတွက် ပျံသန်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ သူက ဘဲက ဘဲပါပဲ။ မပျံတက်ဘူး။ အတတ်နှိုင်ဆုံး ကျိုးစားပါတယ်။ ပင်ပန်းသမျှတွေဟာ တစ်ချိန်ကြ ချစ်သူနဲ့ပျံသန်းဖို့ဆိုပြီး အမောတွေပြေခဲ့တယ်။ ငန်းဟာလည်း သူ့ချစ်သူရဲ့ကျိုးစားမှူ့နဲ့ နာကျင်ခြင်းတွေအတွက် ဘဲကလေးကို အရမ်းချစ်မိခဲ့တယ်။ အတောင်တွေနာပြီး မြေပြင်နဲ့ရိုက်မိတဲ့ ဒဏ်ရာတွေကြောင့် နာကျင်မှူ့တွေကို မခံနှိုင်တဲ့အဆုံးနောက်ဆုံးမဖြစ်နိုင်တော့မှန်းသိတော့ ဘဲလေး စိတ်ပျက်အားငယ်ပြီး လက်လျော့လိုက်တယ်။ဘဲလေးက မင်း ငါ့ကို ခေါ်ပြီး ပျံသန်းပါလား လို့ တောင်းဆိုတယ်။

ငန်းလဲ ဘဲကို ချစ်တော့ ခေါ်ပြီး ပျံသန်းတယ် ဒါပေမဲ့ အားအင်တွေ အရမ်းကုန်ခမ်းတယ်။ ခဏလေးပဲ ပျံသန်းနိုင်တယ်။

မြေပြင်ကို ရောက်တော့ ဘဲပြုံးတယ်။ ကောင်ကင်ပေါ်ရဲ့ မြင်ကွင်းဟာ အရမ်းကို လှပတယ်။ ငန်းကို ချစ်မိတာ အရမ်းကောင်းတာပဲလို့ စဉ်းစားတယ်။အဲဒီနေ့ကနေစပြီး ဘဲက ငန်းကို ကောင်းကင်မှာပျံသန်းဖို့ ပြောတယ်။ အကြာကြီး ပျံသန်းခိုင်းတယ်။ မပျံသန်းနိုင်ရင် ဘဲက စိတ်ဆိုးတယ်။ဟုတ်တယ်လေ အပျံသင်ခါစ ငန်းအတွက်က သူ့ဟာသူတောင် ကျိုးစားပျံသန်းနေရတာကို။

ဒါပေမဲ့ သူဟာ ဘဲကလေးကို အရမ်းချစ်တယ် အဲ့ဒီအတွက် သူဟာ သူရင်းနှီးနေတဲ့အရာတွေနဲ့ မိတ်ဆက်ပေးလိုက်တော့ ဘဲကအရမ်းစွဲလန်းသွားတယ်။ ဒီလိုနဲ့ ငန်းကဘဲကို ချစ်နေရတာ ပင်ပန်းလာတယ်။ ဘဲရဲ့တောင်းဆိုမှုတွေကို လိုက်လျောရင်းနဲ့ တစ်ရက်မှာ ငန်းက အမြင့်အမြင့်ဆုံးကို ပျံပြီး နက်ရှိုင်းစွား ဘဲကိုနမ်းလိုက်ပြီး ဘဲက ထူးဆန်းနေတဲ့အချိန်မှာပဲ ဘဲကို ဆွဲထားတာကို တဖြည်းဖြည်း လွှတ်လိုက်တယ်………….ငန်းကမျက်ရည်တွေကြပြီး ကောင်းကင်ရဲ့အမြင့်ဆုံးကို ရောက်အောင် ဆက်ပြီး ပျံသန်းသွားတယ်။

ဒီလိုနဲ့ တနေ့နေ့မှာ ကောင်းကင်အမြင့်ကြီးမှာ ရင်ကွဲပက်လက်နဲ့ ပျံနေတဲ့ ငန်းတစ်ကောင်ကိုတွေ့လိမ့်မယ်။ သူပျံသန်းလိမ့်မယ် ။ ကြယ်တွေထက်မြင့်အောင် လဆီရောက်အောင်ထိပျံသန်းလိမ့်မယ် ။ ဘဝဆိုတာက သူ့အတွက် ပျံသန်းဖို့ပဲမဟုတ်လား အားလုံးဟာ ချစ်သူဆီက ရနိုင်တာလေးနဲ့ ကျေနပ်ရောင့်ရဲတင်းတိမ်တတ်ရင် ကောင်းတာပေါ့ ။ ရထားတာလေးကို မြတ်နိုးတတ်ရမယ်။ အဲ့ဒီအတွက်လည်း ကိုယ့်ချစ်သူကို ကျေးဇူးတင်တတ်ရမယ် ။ လိုချင်မှုတွေများလာတာ ချစ်သူရဲ့အရည်အချင်းကိုသာ မက်မောတာဟာ မစစ်မှန်ခြင်းပဲပေါ့......


Source : စင်္ကာပူရောက်မြန်မာများ

အင်္ဂလိပ် - မြန်မာ - အင်္ဂလိပ် အဘိဓာန် - ညီနေမင်း(နည်းပညာ)


Source : ညီနေမင်း(နည်းပညာ)
 
 english - myanmar , myanmar-english dictionary ပါ . နှစ်မျိုးစလုံးသုံးလို့ရပါတယ် . ctrl + shif နှိပ်ပြီးတော့ ပြောင်းသုံးနိုင်ပါတယ် . ကျွန်တော်ကတော့ သဘောကျပါတယ် . စာဖတ်ပရိတ်သတ်များ အဆင်ပြေမယ် ထင်လို့ တင်ပေးလိုက်ပါတယ် . အားလုံးပဲ အဆင်ပြေနိုင်ပါစေဗျာ . ကဲ အောက်မှာ download လုပ်ယူလိုက်ပါ .

Download ifile.it | Download mediafire | Download ziddu | Download zshare

မိန်းကလေးရင်ထဲက စကား - နိုင်းနိုင်းစနေ

(၁) ယောက်ျားအကြောင်းကို နားလည်သလို နားမလည်သလိုနဲ့ မိန်းမတစ်ယောက်ဟာ နောက်ဆုံးမှာ အဲဒီယောက်ျားရဲ့ဇနီးမယားဖြစ်သွားတယ်။

ယောက်ျားအကြောင်း လုံးဝနားလည်သူဟာ နောက်ဆုံးမှာ အပျိုကြီးဖြစ်သွားတယ်။


(၂) မိန်းမတစ်ယောက်ရဲ့တစ်သက်မှာ ယောက်ျားနှစ်ယောက်ရှိတယ်။

တစ်ယောက်က အမှတ်တရထဲမှာ၊ နောက်တစ်ယောက်က တစ်သက်လုံးအနားမှာ

(၃) ယောက်ျား
သင့်ရဲ့ငွေကြေး၊ သင့်ရဲ့ရုပ်ရည်၊ သင့်ရဲ့အတတ်ပညာ၊ သင့်ရဲ့ဟာသဉာဏ်
ဘယ်အရာကမှ သင့်ရဲ့သစ္စာစောင့်သိတာလောက် အရေးမကြီးဘူး။

(၄) မိန်းမ
သင့်ရဲ့အလှ၊ သင့်ရဲ့စိတ်နေစိတ်ထား၊ သင့်ရဲ့ဂုဏ်ယူစရာတွေကို ထိုက်တန်တဲ့သူတစ်ယောက်အတွက် ချန်ထားပေးပါ။

(၅) လောကမှာ အလွယ်တကူ ယုံလို့မရတဲ့အရာ သုံးမျိုးရှိတယ်။
ယောက်ျားလေးရဲ့ ဂတိ၊ ယောက်ျားလေးရဲ့အချစ်၊ ယောက်ျားလေးရဲ့ဆင်ခြေဖြစ်တယ်။

လောကမှာ အဖိုးတန်ဆုံးအရာ သုံးမျိုးရှိတယ်။
ယောက်ျားလေးရဲ့ ဂတိ၊ ယောက်ျားလေးရဲ့အချစ်၊ ယောက်ျားလေးရဲ့နှလုံးသားဖြစ်တယ်။

(၆) ဘယ်လောက်ပဲ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့လူဖြစ်ဖြစ် လမ်းခွဲလိုက်ပြီဆိုတာနဲ့ တဖြေးဖြေး စိမ်းစိမ်းသွားတော့တယ်။

(၇) အချစ်မှာ လူကိုအနာကျင်စေဆုံးက "အမှတ်တရ"ဖြစ်တယ်။
တကယ်လို့ အမှတ်တရတွေသာ မရှိခဲ့ရင် ဒီလောက်နာကျင်လိမ့်မှာ မဟုတ်ဘူး။

(၈)လမ်းခွဲလိုက်ပြီဆိုတာနဲ့ သူ့ဘဝကို သွားမနှောင့်ယှက်နဲ့တော့... ပြန်လည်တွေ့ဆုံခဲ့ရင်လည်း အမုန်းရန်ငြိုးမထားနဲ့..... ခေါင်းတစ်ချက်ညိတ် ပြုံးပြလိုက်ပါ။

(၉) မိန်းကလေးတွေ နုပျိုချိန်မှာ ဘယ်လောက်ပဲ ချောခဲ့ချောခဲ့၊ ဘယ်လိုပဲ မာနာကြီးခဲ့ကြီးခဲ့ နောက်ဆုံးမှာ ယောက်ျားတစ်ယောက်အတွက် ဖြစ်သွားတယ်။

ယောက်ျားလေးတွေ နုပျိုချိန်မှာ ဘယ်လောက်ပဲ လွတ်လပ်ခဲ့လွတ်လပ်ခဲ့၊ ဘယ်လောက်ပဲ ထကြွခဲ့ထကြွခဲ့ နောက်ဆုံးမှာ မိန်းမတစ်ယောက်အတွက် ရုန်းကန်ရတော့တယ်။

(၁ဝ) မိန်းကလေးများ တစ်ခုခု စိတ်ကြိုက်ဖြည့်စွက်ပါ...

အင်တာနက်ပေါ် ရှာဖွေဘာသာပြန်သည်။


Source : နိုင်းနိုင်းစနေ

"ကောင်းရော" - စင်္ကာပူရောက် မြန်မာသူနာပြုများ

အများသုံးအိမ်သာထဲတစ်ခုထဲဝင်ပြီး ကမုတ်ထဲဝင်ထိုင်ကာရှိသေးတယ် ဟိုဘက်အိမ်သာထဲက

" နေကောင်းလား " တဲ့ လှမ်းနှုတ်ဆက်တယ် ။

ဒီနေရာမျိုးမှာ အလာပ သလာပ စကားပြောရတာ စိတ်မသက်သာရှိလှသည် ။ ဒါပေမယ့် မကောင်းတတ်တော့ . . .

" နေကောင်းပါတယ် "

ဟုသာပြန်ပြောလိုက်သည် ။ ဘာပဲဖြစ်ဖြစ်လေ . . . .

ကိုယ့်ကိစ္စကိုယ်ဆက်ရှင်းမယ်ကြံကာရှိသေး . . . . ဟိုဘက်ကထပ်မေးလာပြန်သည် ။

"ခင်ဗျားဘာတွေအလုပ်ရှုပ်နေလဲဗျ" တဲ့

ဘယ်လိုလဲဟ . . ဒီနေရာမျိုးမှာ ဒီလို ဂွတီးဂွကျ မေးခွန်းမျိုးကို ဘယ်လိုလုပ်ဖြေရမလဲ ။

"ခင်ဗျားလိုပဲပေါ့ဗျာ" လို့ပြန်ဖြေလိုက်ပါတယ် ။

ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့စိတ်ကူးလိုက်တယ် ။ ဒါပေမယ့် နောက်မေးခွန်းတစ်ခုထပ်ထွက်လာပြန်သည် ။

"ကျွန်တော်လာခဲ့ရမလား" တဲ့

ဘာတွေမေးနေတာလဲဟ ။ စိတ်ထဲမှာတော်တော်လေးအံ့သြစိတ်ညစ်ဖြစ်သွားတယ် ။ ဒါပေမယ့် အလိုက်သင့်ပဲ ပြန်ပြောလိုက်တယ်။

" မလုပ်ပါနဲ့ဗျာ ကျွန်တော်လဲဒီမှာအလုပ်ရှုပ်နေတယ်လို့ပေါ့ "

ဟိုဘက်ကလဲထပ်မေးလာပြန်တယ် ။

" စားပြီးပြီလားတဲ့ "

စိတ်ထဲမှာတော်တော်လေး ဘုသွားတယ် ။ ဘယ်လိုလူလဲရိုင်းလှချည်လားဆိုပြီး ပြန်ပြီးရန်တွေ့မယ်လုပ်တော့ . . . . . . . . . .
ဟိုဘက်ကအသံတစ်ခု ထပ်ပြန်ကြားလိုက်တယ် ။

" နောက်မှပဲပြန်ဆက်လိုက်မယ်နော် ။ သူငယ်ချင်းကို ကိုယ်မေးနေသမျှ ဟိုဘက်ခန်းက
ဘယ်က ငကြောင်လဲမသိဘူး ရူးကြောင်မူး ကြောင်နဲ့ ငါပြောသမျှလိုက်လိုက်ဖြေနေတာတဲ့လေ "

" ကောင်းရော "


Source : စင်္ကာပူရောက် မြန်မာသူနာပြုများ

Genuine Activators For Window Xp, Vista, 7 (x86/x64) - နေမင်းမောင်


Source : နေမင်းမောင်
 
Genuine Activators For Window Xp, Vista, 7  



အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ.ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Window 7 activated မဖြစ်သူများနှင့် Genuine မဖြစ်သူများအတွက် - ညီနေမင်း(နည်းပညာ)


 
အခုဒီနေ့အထိ ထွက်သမျှ loader ထဲက အကောင်းဆုံးနဲ့ အဆင်အပြေဆုံး loader တွေကို ပေါင်းပြီးတော့ တင်ပေးလိုက်ပါတယ်. version 2.0.2,5,6,8 လေးမျိုး တင်ပေးလိုက်ပါတယ်. 2.0.8 ကတော့ နောက်ဆုံးထွက်ပါ. အရင်က တင်ပေးတဲ့ window 7 loader နဲ့ အဆင်မပြေသူများ အခုတင်ပေးလိုက်တဲ့ loader နဲ့ စမ်းလိုက်ပါ ရကို ရသွား ပါလိမ့်မယ်. သုံးနည်းကတော့ အရင်အတိုင်းပါပဲ. install လုပ်လိုက်ပြီး ခဏစောင့်လိုက် ကွန်ပျူတာကို restart တောင်းရင် restart ပေးလိုက်ပါ. window activated ဖြစ်သွား ပါလိမ့်မယ်. အထဲမှာ license key ပါ ထည့်ပေးထားပါတယ်. window 7 version အားလုံးအတွက် ပါပါတယ်. loader တွေကတော့ မကြာခဏ အဖျက်ခံရပါတယ်. ဒါပေမယ့် ကိစ္စမရှိပါဘူး. တင်ထားတာ အဖျက်ခံရလဲ ထပ်တင်ပေးပါ့မယ်. အမြန်ဆုံးသာ အောက်မှာ Download လုပ်လိုက်ပါ. မရှိမဖြစ် ဆောင်ထား သင့်ပါတယ်.
Download
Download




Source : ညီနေမင်း(နည်းပညာ)

Monday 19 December 2011

ဆင်ဆာဖြတ်ကြမယ်

Word 2010 အသုံးပြုနည်း(မြန်မာလို) - ညီနေမင်း(နည်းပညာ)


Source : ညီနေမင်း(နည်းပညာ)
 
ဒါကတော့ microsoft office word 2010 အသုံးပြုနည်းစာအုပ်ပါ. ဒါကတော့ မေးလ်ကနေ ပို့ပြီးတော့ တောင်းထားတာလေးပါ. အဆင်ပြေ ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်. အဆင်ပြေတဲ့ link ကနေသာ Download လုပ်လိုက်ကြပါဗျာ.

Mirrorcreator | ifile | Mediafire | Zshare | Ziddu | Megaupload

Excel 2010 အသုံးပြုနည်း(မြန်မာလို) - ညီနေမင်း(နည်းပညာ)


Source : ညီနေမင်း(နည်းပညာ)
 
ဒါကတော့ Excel 2010 ကို အသုံးပြုနည်းစာအုပ်ပါ. ဟိုတစ်ရက်က ညီလေး တစ်ယောက် တောင်းထားတာ တွေ့လို့ တင်ပေးလိုက်ပါတယ်. အဆင်ပြေ မယ်လို့ မျှော်လင့်ပါတယ်. အောက်မှာ Link တွေအများကြီးကနေ တင်ပေးထား ပါတယ်. အဆင်ပြေတဲ့ Link ကနေသာ Download လုပ်ကြပါ.

Mirrorcreator | ifile | mediafire | Zshare | Ziddu | Megaupload

Sunday 18 December 2011

Window 7 အတွက် Zawgyi - မောင်စေတနာ


Source : မောင်စေတနာ
 Window 7 သုံးပြီး ဇော်ဂျီဖောင့် သုံးမရလို့ မေးမေးလာတဲ့ စာဖတ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ ယခု ဖော်ပြပေးတဲ့ ဇော်ဂျီဖောင့် Installer ကို အသုံးပြုကြည့်ပါ။ ဒီဖောင့်က Window 7 မှာ အဆင်ပြေတယ် ပြောပါတယ်။ သုံးကြည့်ပါ။ မိမိအနေနဲ့တော့ မစမ်းထားတဲ့အတွက် မသိပါ။ Window XP ကို အသုံးပြုနေတဲ့အတွက်ကြောင့်ပါ။ ဒီတွင် Download လုပ်ယူပါ။

မောင်စေတနာ

A-PDF Office to PDF 5.5.0 - ကိုမြတ်


Source : ကိုမြတ်
 
A-PDF Office to PDF 5.5.0 | 26.7 MB
 Key Features
- Convert Microsoft Office documents (.docx, .doc, .xls, .ppt, .rtf, .wri etc) to PDF files easily
- Convert One File: Quickly convert one office file to PDF via shortcut menu
- Convert a batch of Files: Support drag-and-drop feature to convert multiple Office files to PDF
- Add watermarks, properties, security and page number with one step
- The original texts, images, graphics, tables, layouts and formatting are exactly retained after convert Office documents to PDF files
- Separate graphics from tables and text after convert Office documents (Word, Excel, PPT, etc) to PDF files with Hot Directories Monitor
- Able to set up a monitored directory and save all MS Office files written to that directory to PDF
- Able to recode all of the conversion in log files
- Standalone, need no PDF Acrobat installed in advance
- Support Command line operation in Windows console utility
- Support over 100 languages

Support Various File Formats
- MS Word File: .DOCX, .DOC, .DOT, .TXT, .RTF, .WRI
- MS Powerpoint File: .PPTX, .PPT, .POT, .PPS
- MS Excel File: .XLSX, .XLS, .XLT, .XLC, .XLA, .XLW, .XLM
- MS Publisher File: .PUB
- MS Infopath File: .XML, .XSN
- MS Visio File: .VSD, .VDX
- Image File: .TIF, .TIFF, .FAX, .G3N, .G3F, .XIF, .GIF, .JPG, .JPEG, .JPE, .JIF, .PCX,
- .BMP, .DIB, .RLE, .PNG, .DCM, .DIC, .DICOM, .WMF, .EMF, .TGA, .TARGA, .VDA, .ICB, .VST,
- .PIX, .PXM, .VBMP, .JP2, .J2K, .DCX, .CRW,.PSD, .IEV, .LYR






Saturday 17 December 2011

IDM နှင့် ဖြေရှင်းနည်း - နေမင်းမောင်


Source : (နေမင်းမောင်)
 
 




 ဒီနေ့ ဒီ အကြောင်းအရာလေးကို ရေးဖို့တော့ အတွေးပေါက်လာတာ မဟုတ်ပါဘူး။ လက်တွေ့ နယ်ပယ်မှာ တကယ်ကို အဆင်မပြေတာလေးတွေကို သွားတွေ့တာနဲ့ လူတိုင်းလုပ်တက်စေဖို့ ကျွန်တော်ပြောပြချင်တာပါ။ တကယ်တော့ သိသွားရင် မခက်ပါဘူး။ မသိခင်တော့ ခက်ပါတယ်။ ဒါကို လူတိုင်း သိပြီးသားစကားပါ ။IDM ပြသနာကို တက်လာပြီဆိုရင် လူတော်တော်များများ တွန့်သွားကြတယ်။ဒီပြသနာက တကယ်တန်းတော့ မခက်ပါဘူး. .. ကဲ့ပြောနေတာ ကြာပါတယ်။ ဖြေရှင်းမယ့် နည်းလမ်းတွေ ကြည့်ကြရအောင်...ဒါနဲ့ စကားမစပ် မိသားစုမှာ စာမရေးတာ ကြာပါပြီ ဒီနေ့က စပြီး စာပြန်ရေးပါတော့မယ်။
IDM ကို Activate လုပ်နည်း ဆိုပေ့မယ့် ဆော့ဝဲတော်တော်များများကို ဒီနည်း တွေနဲ့ပဲ့ Activate လုပ်ရပါတယ်။ ဒီတော့ အောက်က နည်းလမ်းတွေ အကုန်လုံး လိုက်လုပ်နေရမှာလားလို့တော့ ပြန်မမေးကြပါနဲ့ … အဆင်ပြေရာ တနည်းနည်း နဲ့ Activate လုပ်နီုင်ပါတယ်။  တနည်းနည်း နဲ့ လုပ်နိုင်ပါတယ်။

ပထမ နည်းလမ်း..
ပထမဆုံးနည်းလမ်းကတော့ Crack နဲ့ ဖြေရှင်းမယ့်နည်းလမ်းကို အရင်ဆုံး စြေ့ပာပြပါ့မယ်။ ဒီနည်းလမ်းကတော့ လွယ်ပါတယ်။ ပထမဆုံး နမူနာ အနေနဲ့ ကျွန်တော် IDM မှာ crack ရော patch ရော.. Keygen ရော ပါတဲ့ ဖိုင်ကို အရင်ဆုံးဒေါင်းလိုက်ပါ...  
or
or
or


အထဲ့မှာ Keygen ,Crack , နဲ့ Patch ဖိုင် အကုန်ပါပါတယ်။ ကျွန်တော် ဒီ ၃ ခုလုံးနဲ့ ရှင်းပြတာကတော့ ဒီဆော့ဝဲတင် မဟုတ်ပါဘူး .. ကျန်တဲ့ ဘယ်ဆော့ဝဲမဆို Keygen ,Crack , နဲ့ Patch တွေနဲ့လာရင် ဒီတိုင်းပဲ့ Full version ဖြစ်အောင်လုပ်ရပါတယ် ။ဒါကြောင့် ကျွန်တော် ရှင်းပြမှာ ပါ...


 


အရင်ဆုံး ရမ်းပြီးပြီဆိုရင် Full သုံးလို့ မရဘူးဆိုရင် ဒါမှမဟုတ် ကီးတွေတောင်းနေရင် IDM မှာ ဒီအပေါ်က ပုံလေးပေါ်နေတာကိုတွေ့ဘူးကြပါလိမ့်မယ်။ ဒီတော့  ကျွန်တော် Crack နဲ့ အရင်ဆုံး Full Version ဖြစ်အောင် လုပ်ပြပါမယ်။
Crack ဖြင့် Activate လုပ်နည်း..
ဒီကောင်လေးကတော့ IDMan ဆိုတာလေးကို Copy ကူးပြီး ကျွန်တော်တို့ IDM ရမ်းခဲ့တဲ့ Location ထဲ့ကို သွားရပါလိမ့်မယ်။ ဘယ်လို location လည်းဆိုရင် အောက်မှာ နမူနာ ပြထားပါတယ် 
"C:\Program Files\Internet Download Manager\IDMan.exe"
ဒီ IDMan ဆိုတဲ့ Copy ကူးလာတာလေးကို Paste လုပ်ရပါမယ်။ ဒီနေရာမှာ အရင်ရှိပြီးသား IDMan ကို ဖျက်ပစ် ပြီးမှ ထည့်လည်း ရသလို မဖျက်ပဲနဲ့ Copy and replace လုပ်လည်း ရပါတယ်။


ပြီးရင်တော့ ကျွန်တော်တို့ Window က  32 bit လား 64 bit လား သိရပါမယ် ။ 32bit ဆိုရင် 32 regkey ကို ညာကလစ်ထောက်ပြီး Merge လုပ်လိုက်ရင် အဆင်ပြေပါပြီ။ ဒါဆိုရင် Crack ချိုးလို့ ပြီးပါပြီ။ Full version ရသွားပါပြီ။ 


Friday 16 December 2011

ကလေးသန်ကျဆေး

maungwanna "ကိုမင်းမင်းဇော် ရေ မှတ်ခရု အကြောင်း ဖြေကြားပးတာကျေးဇူးဘဲဗျာ အခုတခါ သန်ကောင်၊တုတ်ကောင် ရှိတဲ့ကလေးကိုဘယ်လိုဆေးတိုက်ရမယ်ဆိုတာ လုပ်ပါအုံးဗျာ"

Details
maungwanna "ကလေးက ကိုးလ သားပါ"

"လပြည့် "maungwanna: ခင်ဗျာ....ကိုမင်းမင်းဇော် အစားကျွတော်ဖြေပါရစေခင်ဗျ.....သန်ကောင်တုတ်ကောင်ရှိတဲ့ ခလေးအတွက် နာနတ်သီးကို ပျားရည်နဲ့ဆမ်းပြီးစားပေးပါ...." "

Details
အခုလိုမေးတာရော အခုလိုဖြေပေးတာရော ကျေးဇူးတင်ပါတယ်.....

နောက်ထပ်ဆေးနည်းများကို ဖော်ပြပေးလိုက်ပါတယ်........


ကလေးသန်ကျဆေးနည်း

ဆေးရွက်ကြီးကို ရေဆွတ်၍ ကလေးဗိုက်ပေါ်မှာ စည်းထားပေးပါ။


သောက်ဆေးနည်းက.......

ဇာရွေးဖြူဆံ........(၁)ကျပ်
ပေါက်စေ့.........(၁)ကျပ်
အိပ်မွေ့သီး..........(၁)ကျပ်
ငရုတ်ကောင်း...........(၁)ကျပ်

တို့ကို ကြိတ်၍ ရွေးစေ့ခန့် လုံး၍ ကလေးကို တိုက်ပါ။

ကျန်းမာကြပါစေ............မင်းမင်းဇော်



Source : မြန်မာ့ဆေးမြီးတို

သင်နှင့်တကွ အပေါင်းအပါများ သိသာရန်




သင်နှင့်တကွ အပေါင်းအပါများ သိသာရန်

လောကမှာ တွဲမစားကောင်းတဲ့ အရာတွေ ရှိသလို
အတူတကွ ယှဉ်တွဲ မထားကောင်းတဲ့ အရာတွေလည်း ရှိတယ် ဆိုရင် သူနဲ့ ကျွန်တော် ရှေ့ဆုံး ကပါ ပါလိမ့်မယ်။
ကျွန်တော်တို့ နှစ်ယောက်ဟာ ဝါဒရေးရာမှတော့ သုံးနဲ့ လေးပါပဲ။ ဒါနဲ့တောင် ကမ္ဘာလောကကြီးရဲ့ ထောင့်ကျဉ်းလေး တထောင့်မှာ….

၁။
“ဘယ်လိုလဲ၊ နေကောင်းတယ် မဟုတ်လား.။ မင်းရည်းစားကောင်လေးနဲ့ကော မကြာခဏ စိတ်ကောက်ကြတုန်းပဲလား”
အဲလို စကားစလိုက်တယ် ဆိုရင်ပဲ သူ့မျက်ခုံးတွေ ဆတ်ခနဲ တွန့်ကွေးသွားကြပြီး မလိုအပ်ပဲ အသံကျယ်ကျယ်နဲ့ ဟက်ခနဲ ရယ်ချလိုက်တယ်။ ပြီးတော့ ကျွန်တော့်လက်မောင်းကို လှမ်းရိုက်ရင်း “ရှင်ဟာလေ၊ အရင်အတိုင်းပဲ” တဲ့။
ဒါပဲပေါ့။ ဒါဇင်ဝက် သာသာ နှစ်သက္ကရာဇ်တွေက လူတယောက်ကို ထူးထူးခြားခြား ဘယ်လောက်များ ပြောင်းလဲ သွားစေမှာမို့လဲ။ သူတောင်မှ ခန္ဓာကိုယ်မှာ အဆီတွေ နည်းနည်း တိုးပြီး ခေါင်းပေါ်က ဆံပင်တွေ နည်းနည်း တိုသွားတာက လွဲရင် လေယူလေသိမ်းနဲ့ ဟန်ပန် အမူအရာက အရင်အတိုင်းပဲ မဟုတ်လား.။

Thursday 15 December 2011

ငွေ

တစ်ခါက အင်မတန် ကပ်စေးနည်းတဲ့ သူဌေးကြီး တစ်ယောက်နဲ့ သူတောင်းစားတစ်ယောက် ဆုံပါတယ် . .

သူတောင်းစား က "ငွေလေး တစ်ပြားတစ်ချပ်လောက် စွန့်ကြဲပါ ခင်ဗျာ . . . "

သူဌေးကြီး က "ငါ့မှာငွေမရှိဘူးကွာ . . . ."

သူတောင်းစား က "ဟာဗျာ . . . သူဌေးကြိး က ဒီလောက်ချမ်းသာတာ မလိမ်ပါနဲ့ . . ခင်ဗျာ . . . "

သူဌေးကြီး က "တကယ်ပါ. . . . .ငါ့မှာ ငွေမရှိဘူး . . . သွား. . . သွား . . . "

အဲဒီမှာ လူတစ်ယောက် က မနေနိုင်တာနဲ့ ၀င်ပြောလိုက်ပါတယ်. . .

"ဟေ့ လူ သူဌေးကြီး က အမှန်ပြောနေတာဗျ. . . "

သူတောင်းစား က "ဒီလောက်ချမ်းသာတဲ့ လူဆီမှာ ငွေမရှိဘူးဆိုတာ . . . "

လူတစ်ယောက် "သြော် ဒီလူ့နှယ် . ခက်ပါရော ငွေဆိုတာ သုံးလိုက်မှ ငွေ လို့ခေါ်တာဗျ. . . မသုံးစွဲရင် စက္ကူပဲ . . . ."

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


Source : ဧရာဝတီစာကြည့်တိုက်

Wednesday 14 December 2011

အင်္ဂံလိပ်စာအသံထွက်လေ့လာရန်

ယနေ့ခေတ်မှာ အင်္ဂလိပ်စာဟာ ထိပ်တန်းတစ်နေရာမှာ ရှိနေတဲ့ ဘာသာစကားတစ်ခုပါ။ ဘယ်သွားသွား၊ ဘယ်လာလာ၊ Communication အတွက် တတ်ကျွမ်းဖို့ လိုအပ်ပါပြီ။
ယခုဖော်ပြတဲ့ ဆော့ဝဲလ်လေးက အင်္ဂလိပ်စာ အသံထွက်များကို ပီပြင်စွာ ရွတ်ဆိုပေးတဲ့ ဆော့ဝဲလ်လေးတစ်ခုပါ။ မိမိတို့ သိချင်တဲ့ အသံထွက်များကို ကွက်လက်ထဲတွင် ရိုက်ထည့်၊ သို့မဟုတ် Copy ကူးထည့်ပြီး စကားပြောကို နားထောင်နိုင်ပါတယ်။ စိတ်ဝင်စားသူများ Download လုပ်ယူပါ။

Tuesday 13 December 2011

WinRar အကြာင်း - နေမင်းမောင်

Source : နေမင်းမောင်
 
ကျွန်တော်ဒီနေ့ Win RAR အကြောင်းလေးအနည်းငယ်ရေး ပေးချင်ပါတယ်။ အများစုလည်း သိပြီးသား ဖြစ်နေကြသလို မသိသေးတဲ့သူတွေလည်း အဆင်ပြေပြေနဲ့ အသုံးပြုနိုင်အောင်ရည်ရွယ်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ ဖိုင်တွေကို ဖြည်တဲ့နေရာမှာ အဓိကပြဿနာလေးဖြစ်ပါတယ်။ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ကို အသေးစိတ်တစ်ဆင့်ခြင်း ရှင်းပြပေးသွားပါ့မယ်။ သိပြီးသားသူတွေကတော့ သည်းခံပေးပါခင်ဗျာ။ ကျွန်တော်တို့စပြီး စခွဲတဲ့ အပိုင်းကိုအရင်ဆုံး ကြည့်ရအောင်ဗျာ။ အောက်မှာကြည့်လိုက်ပါ။
ပထမဆုံးကျွန်တော့်ဆီက Wifi Hack တဲ့ Tool လေးကို အရင်ဆုံးစပြီးခွဲပါမယ်။ ပုံမှာကြည့်လိုက်ပါ။

Monday 12 December 2011

ဓါတ်ပုံ Slide Show လေးတွေကို အလွယ်ကူ လုပ်ချင်သူများအတွက် - နေမင်းမောင်


 
သူငယ်ချင်း တစ်ယောက်ကလည်း ဟိုနေ့က လာတောင်းနေတာနဲ့ ဒီနေ့ ဒီကောင်လေးကို တွေ့လို့ သုံးချင်တဲ့ သူတွေအတွက် ပြန်ရှယ် ပေးလိုက်ပါတယ် .. ပြီးတော့ Ashampoo ကထုတ်တာ ဆိုတော့ ကျွန်တော် အကြိုက်တွေကတာလည်း ပါပါတယ် .. ဒီကောင်လေးက အသုံးပြုရတာလည်း လွယ်သလို Key ဖိုင်လေးကို Double Click လေးပေးလိုက်ယုံနဲ့ Registery ထဲမှာ Key ထည့်ပြီးသွား ဖြစ်သွားတာ ဆိုတော့ Crack တို့ Patch ဆို့ကို မသုံးတက်တဲ့ သူတွေ အတွက် ပိုပြီးတော့လည်း အဆင်ပြေစေပါတယ် .. ပြီးရင် .avi , .mpg , .m2ts , .wmv စတဲ့ File type တွေကို အလွယ်တကူ ပြန်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ် .. အခွေ Burn ချင်တယ်ဆိုရင်လည်း  Burn a disc ကနေပြီး တစ်ခါတည်း တန်းပြီး Burn လို့ရပါတယ် .. သုံးကြည့်ပေါ့ဗျာ .. သုံးနည်းလွယ်လို့ ရေးမပေးတာပါ .. ဘာမှမခက်ပါဘူး .. မြန်မာဖောင့်လည်း သုံးလို့ရပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ ယူသွားလိုက်ပါ ..

Friday 9 December 2011

Zawgyi Keyboard Installer for Windows 7_8 (64-bit) - ကိုကျော်မြင့်ဦး

Windows 7 (64-bit) အတွင်းတွင် Alpha Zawgyi Uni-code ကို ထည့်သွင်းအသုံးပြုသောအခါ စာရိုက် မရသည့် ပြဿနာများ ကြုံတွေ့ရတတ်ပါသည်။ ထိုကဲ့သို့ ကြုံတွေ့ခဲ့ရပါက Zawgyi Keyboard Layout လေးကို ဒီမှာ DOWNLOAD ပြုလုပ်၍ install တင်လိုက်ခြင်း အားဖြင့် အဆင်ပြေသွားနိုင်ပါသည်။ မိမိအသုံးပြုနေသည့် ကွန်ပျူတာရဲ့ Operation System ဟာ 32-bit လား၊ သို့မဟုတ် 64-bit လားဆိုတာကို စစ်ဆေးကြည့်ရှုနိုင်ရန် My Computer ရဲ့အပေါ်မှာ Right Click တစ်ချက်နှိပ်၍ Properties ကို ရွေးချယ်လိုက်ပါ။ ထိုအခါတွင် အထက်ပါ ပုံစံအတိုင်း System type တွင် 64-bit လား၊ 32-bit လား ဆိုသည်ကို ဖော်ပြပေးထားပါတယ်။ ထို့ကြောင့် 64-bit ဖြစ်နေသော သင့်စက်အတွက် Alpha Zawgyi ကို install ပြုလုပ်သောအခါတွင် conflict ဖြစ်နေရခြင်းပင် ဖြစ်သည်။

-အကယ်၍များ သင့်စက်တွင် Language Bar မပေါ်လာခဲ့ပါက Control Panel အတွင်းမှ Regional and Language ကို Open လုပ်ပါ။ ပေါ်လာသော Menu အတွင်းမှ Language Bar ကို Click နှိပ်၍ ရွေးချယ်ပေးပါ။ ဆက်လက်၍ Docked in the taskbar နှင့် Show text labels on the Language bar ကို အမှန်ခြစ်တပ်ရွေး ချယ်လိုက်ပါ။
-သင့်စက်ရဲ့ Language Bar အတွက် Key Sequence များကို ပြောင်းလဲလိုပါက Advanced Key Settings ကို ရွေးချယ်ရပါမည်။ ထို့နောက် Change Key Sequence ကို Click တစ်ချက်နှိပ်လိုက်ပါ။ ထို့နောက် Ctrl + Shift ကို ရွေးချယ်လိုက်နိုင်ပါသည်။ ဒါဆိုရင် Windows 7 (64-bit) အတွင်း မြန်မာစာနဲ့ အင်္ဂလိပ်စာကို Ctrl + Shift တွဲနှိပ်၍ အလှည့်ကျ ရိုက်လို့ရသွားပေမည်။ ပြီးပြီဆိုရင်တော့ Apply > OK နှိပ်၍ ပြန်ထွက်လိုက်ပါ။ အဆင်ပြေ ကြပါစေဗျား။

Download Zawgyi keyboard (64bit)

Download


Source : ကိုကျော်မြင့်ဦး
အဆင်ပြေကြပါစေ။

Desktop Camstudio Software - မိုးထက်မြင့်(နည်းပညာ)


Source : မိုးထက်မြင့်(နည်းပညာ)



ကျွန်တော် အရင်းက ကိုယ့် Computer ကို Screen ပြန်ရိုက်တဲ့ Software ကို တစ်ခါတင်ပြပေးဖူးပါတယ်။ အရင်းတင်ပြခဲ့တဲ့ Software က အခု Software လောက် အဆင်မပြေခဲ့ပါဘူး။ ဒီ Software ကတော့ အတော် အဆင်ပြေတယ်လို့ ဆိုရမယ်။ ဒါကြောင့် ကျွန်တော် ဒါလေးကို တင်ပေးလိုက်တာပါ။အရမ်းအသေးစိတ်တော့ မရေးပေးတော့ပါဘူး။
1. အရင် CamStudio Software ကို Drownload ချပြီ Run လိုက်ပါ။
Download Dropbox
Download Zippyshare
Download Mediafire

Desktop Gadgets Error ကိုဖြေရှင်းရန် - နေမင်းမောင်


Source : နေမင်းမောင်
ကျွန်တော် ဒီတစ်ခါ အများစု ခေါင်းရှုပ်ကြရတဲ့ Error လေးဖြစ်တဲ့ Desktop Gadgets လေးတွေ Error တက်တဲ့ ပြဿနာလေးပါ။ သိပြီးသားသူတွေကတော့ သည်းခံပေးပါခင်ဗျာ။ ကျွန်တော်နည်းလမ်း လေးတွေ ကိုပြောပေးထားပါတယ်။ ကဲကျွန်တော်တို့ စပြီး ဖြေရှင်းကြည့်ရအောင်ဗျာ။
ပထမဆုံးကျွန်တော်တို့ Gadgets လေးတွေကို Enable / Disable ပေးတဲ့ နည်းကိုသုံးပြီး ဖြေရှင်းကြည့်ပါမယ်။
အောက်မှာ ကျွန်တော် Enable / Disable အတွက် သတ်သတ်စီ ခွဲတင်ပေးထားပါတယ်။ ပထမဆုံး ကျွန်တော် တို့ Disable ပေးလိုက်ပါ။ သူရဲ့ Reg ဖိုင်လေးကို RUN ပေးရုံပါပဲ။ ပြီးရင် Enable ဆိုတဲ့ Reg ဖိုင်လေးကို ပြန် RUN ပေးလိုက်ပါ။ ဒါကတော့ ပထမတစ်နည်းပါ။ 
To Enable Gadgets

To Disable Gadgets
အခုနောက်ထပ်တစ်နည်းကတော့ Restore ပြန်လုပ်တဲ့ နည်းလေးပါပဲ။ ကျွန်တော်အောက်မှာ ပုံလေးတွေ နဲ့ပြပေးထားပါတယ်။ ရှင်းကြည့်လိုက်ပါ။
  
အခု Restore လုပ်တဲ့နည်းနဲ့ မရသေးဘူးဆိုပါတော့ဗျာ။ နောက်ထပ်တစ်နည်းရှိပါသေးတယ်။ အခုက Gadgets ကို Restart ချပေးတဲ့ နည်းပါပဲ။ .Bat ဖိုင်လေးနဲ့တင်ပေးထားပါတယ်။ အဲ့ဒီကောင်လေးကို Administrator နဲ့ RUN ပေးလိုက်ပါ။ ဒီနည်းနဲ့မှမရသေးရင် နောက်ထပ် ကျွန်တော် CMD ထဲမှာရိုက်ထည့် ပြီးဖြေရှင်းပေးရမယ့် နည်းကိုရေးပေးပါ့မယ်။ ကျွန်တော် နှစ်နေရာခွဲတင်ပေးထားပါတယ်။

အခုနောက်ထပ်တစ်နည်းကတော့ Command Prompt ကို Right-click ပေးပြီး Administrator နဲ့ RUN ပေးလိုက်ပါ။ အဲ့ဒီအထဲမှာရိုက်ထည့်ရမယ့်စာသားတွေကတော့အောက်မှာပေးထားပါတယ်။
  • taskkill /im sidebar.exe /f
  • regsvr32 msxml3.dll
  • regsvr32 scrrun.dll
  • regsvr32 jscript.dll
  • regsvr32 atl.dll
  • Regsvr32 "%ProgramFiles%\Windows Sidebar\sbdrop.dll"
  • Regsvr32 "%ProgramFiles%\Windows Sidebar\wlsrvc.dll"
  • reg delete "HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Internet Settings\Zones" /f
  • "%ProgramFiles%\Windows Sidebar\sidebar.exe"
  • မှန်အောင်ရိုက်ထည့်ပေးဖို့တော့လိုပါတယ်။ ပြီးရင်တော့ စက်ကို Restart ချပေးလိုက်ပါ။ ဒီလောက်ဆိုရင် အဆင်ပြေမယ်လို့ထင်ပါတယ်။ အားလုံးပဲ Errors တွေရန်ကနေ ကင်းနိုင်ကြပါစေဗျာ။

    Thursday 8 December 2011

    English - Myanmar Dictionary For Andrious OS - နေမင်းမောင်


    Source : နေမင်းမောင်
     
    အခုတင်ပေးလိုက်တဲ့ ကောင်လေးကတော့ Android OS ဖုန်းတွေအတွက် English to Myanmar, Myanmar to English အဘိဓာန် ဆော့ဝဲလေးပဲ ဖြစ်ပါတယ် .. မေးလ်ထဲကနေ အကိုတစ်ယောက် တောင်းထားတာလည်း ရှိတာနဲ့ တစ်ခြား လိုအပ်တဲ့ သူတွေ ရှိရင်လည်း အလွယ်တကူ အသုံးပြုလို့ ရအောင် တင်ပေးလိုက်ပါတယ် .. ကျွန်တော် အောက်မှာ သုံးနေရာ ခွဲပြီး တင်ပေးထားပါတယ် .. လိုအပ်တဲ့ သူတွေကတော့ မိမိတို့ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..








    အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

    Wednesday 7 December 2011

    Dream Aquarium Screen Saver

     Dream Aquarium Screen Saver လေး

    အောက်မှာတင်ပေးလိုက်ပါပြီဗျာ .

    Monday 5 December 2011

    Microsoft Office 2010 အား Active လုပ်နည်း - နေမင်းမောင်




    Source : နေမင်းမောင်
     မေးထားတာလေးတွေလဲရှိတာနဲ့ကျွန်တော်အဆင်မပြေတဲ့သူတွေပါအလွယ်တကူအဆင်ပြေစေချင်လို့ပို့ဒ်
    လေးတစ်ခုတင်ပေးလိုက်ပါတယ်..။ Microsoft  Office  2010  ကိုတော့ကျွန်တော်သက်သက်တင်မပေးတော့
    ပါဘူး..အရင်တင်ပြီးသားလင့်ကိုပဲညွန်းလိုက်ပါတော့မယ်အဲ့ဒီမှာသာသွားယူလိုက်ပါ..။ဒီကောင်လေးကိုဘယ်
    လို  Active  လုပ်ရမယ်ဆိုတာကိုတော့အောက်မှာပုံလေးတေါနဲ့ရှင်းပြပေးထားပါတယ်...

    အရင်ဆုံးမိမိတို့ရဲ့ကွန်ပျူတာမှာ  Microsoft  Office  2010  ကို  Install  လုပ်လိုက်ပါ..။ Install  လုပ်ပြီးပြီဆိုတာ
    နဲ့အောက်မှာကျွန်တော်ပြထားသလိုအဆင့်ဆင့်သွားလိုက်ပါ...

    Using System Restore in Windows 7 and Vista - 11 Dreams


    ဒီမှာ
    သွားလိုက်ပါ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

    Windows 7 Version အနိမ့်ကနေ အမြင့်ကို Upgrade လုပ်နည်း - ညီနေမင်း(နည်းပညာ)


    Source : ညီနေမင်း(နည်းပညာ)
     thet thet " window starter ကနေ window 7 ကိုပြောင်းချင်ပါတယ် ... ဘယ်လိုပြောင်းရ မလဲဟင် ..ပြောင်းလို့ရော ရနိုင်ပါသလား ..ကျေးဇူး တင်ပါတယ်"

    ပြောင်းလို့ရပါတယ်. ဘာတွေကို ဘယ်လိုပြောင်းရသလဲ ဆိုရင်တော့ ပထမဦးဆုံး ပြောင်းလို့ရတာတွေကို ပြောပြပါ့မယ်. အဲ့ဒါကို ကြည့်ပြီးတော့ ဘယ်ဟာကို ပြောင်းသင့်သလဲ စဉ်းစားပါ. version အနိမ့်ကနေ version အမြင့်ကို Upgrade လုပ်လို့ရပါတယ်. သူ့ version အလိုက် အောက်မှာ ဖော်ပြထားပါတယ်.  အရင်ဆုံး ဘာလို့ ပြောင်းချင်တာလဲဆိုရင် အခုလက်ရှိ window အမျိုးအစားကို မကြိုက်ဘူး ဒီ့ထက်မြင့်တာကို upgrade လုပ်ချင်တာမျိုးလဲ ရှိသလို . Window တော့ တင်ချင်ပါရဲ့ ဒါပေမယ့် driver တွေ software တွေနဲ့ လိုအပ်တာတွေကို ပြန်တင်နေရမှာက အလုပ် တစ်ခုလို ဖြစ်နေတာမျိုးတွေလဲ ရှိမှာပါ. အခုလို window upgrade လုပ်လိုက်ခြင်းကြောင့် မိမိရဲ့ ယခင် တင်ထားတဲ့ driver တွေနဲ့ install လုပ်ထားတဲ့ software တွေကို ဘာတစ်ခုမှ ထိခိုက်မှာ မဟုတ်ပါဘူး. 










    1. Windows 7 Starter ကနေ ဆိုရင် Home premium, Professional,Ultimate သုံးမျိုးမှာ ကိုကြိုက်တဲ့ version ကို upgrade လုပ်လို့ ရပါတယ်.
    2. Windows 7 Home premium ကနေဆိုရင်တော့  Professional နှင့် Ultimate နှစ်မျိုးမှာ ကိုကြိုက်တဲ့ version ကို upgrade လုပ်လို့ ရပါတယ်.
    3. Windows 7 Professional ကနေဆိုရင်တော့ Ultimate တစ်မျိုးကိုပဲ upgrade လုပ်လို့ရမှာပါ. 

     အဲ့တော့ upgrade လုပ်နည်းကို ပြောပြပါ့မယ်.
    • Start ရဲ့အပေါ်မှာ Search Programs and Files ဆိုတဲ့ Search box လေးတစ်ခု ရှိပါတယ်. အဲ့ဒီ့အကွက်ထဲမှာ ပုံထဲကအတိုင်း Anytime Upgrade လို့ပဲ ရိုက်ရိုက် Windows Anytime Upgrade လို့ရိုက်ရိုက် ကြိုက်သလို ရိုက်ရှာလိုက်ပါ အပေါ်က result မှာ windows anytime upgrade ဆိုပြီးတော့ တွေ့ရပါလိမ့်မယ်. 
    Related Posts Plugin for WordPress, Blogger...