အင်တာနက်နည်းပညာတွေ ကျယ်ပြန့်လာတာနဲ့ အမျှ ကျွန်တော်တို့ရဲ့ တကိုယ်ရေလုံခြုံမှု၊ လွတ်လပ်မှုနဲ့ သီးခြားထင်ရှားမှု တွေဟာ ပိုပြီး အရေးကြီးလာပါတယ် ... သတင်းနည်းပညာခေတ်ကြီးထဲမှာ အင်တာနက် သုံးနေသူတိုင်းဟာ မိမိတို့ရဲ့ အမှတ်အသား (Identity) နဲ့ လွတ်လပ်မှု (Privacy) တွေကို မသမာသူတွေရဲ့ အလွဲသုံးစား အလုပ်ခံရတဲ့ အန္တရာယ် ကနေ ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို ကောင်းကောင်းနားလည်ထားဖို့ အရေးကြီးပါတယ်။ ဒီလို အကာအကွယ်ပေးဖို့ဆိုတာ
- ကိုယ်အသုံးပြုနေတဲ့ စကားဝှက်(Password) တွေကို ကောင်းစွာ အသုံးပြုနိုင်မှုနဲ့
- စကားဝှက်တွေရဲ့ အကာအကွယ်ပေးနိုင်မှု တွေကို ကောင်းစွာ နားလည်မှု တွေအပေါ်မှာ မူတည်နေပါတယ် ...
- အသုံးများသော၊ အဘိဓါန်စကားလုံးများ အပေါ် အခြေခံထားသော စကားဝှက်
- အများသုံး အမည်များ အပေါ် အခြေခံထားသော စကားဝှက်
- User/Account အမည်များ အပေါ် အခြေခံထားသော စကားဝှက်
- တိုတောင်းသော (သင်္ကေတ ၆ ခုထက် လျော့နည်းသော) စကားဝှက်
- အထက်ပါအတိုင်း တစ်ခုမှ မဟုတ်သော စကားဝှက်