HomeMovies Blogger Saw Eh Lor News Health Dictionary
. .
Tuesday 31 January 2012
ကိုဇော်ရေးတဲ့ ဘလော့တခုပြင်ဆင်ခြင်း
ကိုဇော်ရဲ့ မူရင်းစာအုပ်လေးပါဒီစာအုပ်လေးရဲ့ ထူးခြားမူ့ ကတော့
အပြင်မှာစာအုပ်တွေလှန်ဖက်နေရသလိုမျိုး
ဖက်လို့ ရအောင်ပြန်လည်ပြုပြင်ထားတာပါ။စာအုပ်တွေ.E-BOOK
တွေ၊ ဂျာနယ်တွေကိုအခုလိုမျိုး
လေးတွေဖက်လို့ ရအောင်ပြုလုပ်တဲ့ နည်းလေးကိုလည်း
ကျွှန်တော်တင်ပေးပါမယ်။   ။
မှတ်ချက်။    ။စာလုံးများကိုရှင်းလင်းပြတ်သားစွာဖက်ချင်ရင်တော
                      စာအုပ်လေးပေါ်တွင်ရှိသော Expand ကိုက
                    လစ်ပြီးဖက်နှိုင်သည်။ ။
                                                                                                                                                                 အားလုံးပဲအဆင်ပြေနှိုင်ကြပါစေ
Source : ပုသိမ်သားလေးဖြိုးဝေ
Recover method of folder hidden file
ပျောက်နေတဲ့ ဖိုင်လေးတွေဖော်နည်းလေးပါ.။
Virus ကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ့်ကြောင့်ပဲဖြစ်ဖြစ် ကိုယ်မှတ်ထားတဲ့
ဖိုင်လေးတွေ ပျောက်သွားရင် ပြန်ဖော်နည်းလေးကို ဝေမျှလိုက်ပါတယ်။ အရင်
ဆုံးလုပ်ရမှာက Hidden လုပ်ထားတဲ့ဖိုင်လေးထဲကိုဝင်လိုက်ပါ။ ပြီးရင် Tools-----> Folder Options ----> View ထဲက
Hidden Files & Folder ထဲကနေ Show Hidden File, Folder & drives ကိုရွေးပေးပါ။ ဒါမှမပေါ်လာသေးရင်
Hide Protect Operating System File(Recommemded) ကို အမှန်ခြစ်လေး
ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ပေါ်လာပါလိမ့်မယ်။ ဒါမှမပေါ်လာရင်
cmd နဲ့ဖော်နည်းလေးကိုပြောပြပါမယ်။
အရင်ဆုံး Start------>cmd
CMD တက်လာပါက ကိုယ်ဖော်ချင်တဲ့ Folder ထဲကို
ဝင်ပါ။ ဥပမာ- ပျောက်နေတဲ့ဖိုင်တွေ
ရှိတဲ့နေရာက stick ထဲမှာဆိုပါက stick
နာမည်ကို ရိုက်ထည့်ပေးပါ။ stick Name : E ဆိုပါက ( E:)ဟု ကွန်မန်း
လိုင်းထဲတွင်ရိုက်ထည့်ပေးပါ။ ထိုအခါ E :ထဲသို့ရောက်သွားမှာဖြစ်တယ်။
အဲ့ဒီအချိန်မှာ ပျောက်နေတဲ့ဖိုင်ကိုဖော်ဖို E:\> attrib -S-H-R-A *.*/S/D
လို့ ရိုက်ထည့်ပေးပါ။ S ရဲ့အဓိပ္ပာယ်က S။ H အဓိပ္ပာယ်က hidden file
R က Read-Only File ကိုခေါ်တယ်။
ဒါဆိုရင် ပျောက်နေတဲ့
ဖိုင်လေးတွေကို ပြန်ဖော်ဖို့အတွက် အဆင်
ပြေကြလိမ့်မယ် လို့ထင်ပါတယ်။
Source : မောင်ပညာ
PC- Mechanic (Diagnostic of PC using by order tracking) mm Ebook
မိမိPC ကွန်ပျူတာ error ဖြစ်ပေါ်ပါက စနစ်တကျ စမ်းသပ်စစ်ဆေးသည့် နည်းလမ်းစာအုပ်လေးပါ။
ကွန်ပျူတာ၏ မည်သည့်အစိတ်အပိုင်းက ပျက်နေသည်ဆိုတာကို တစ်ဆင့်ချင်းစစ်ဆေးပုံ၊ ပြဿနာများ။ အကြောင်းရင်းများ၊
လက္ခဏာများ၊ ဖြေရှင်းပုံများ သိသင့်သိထိုက်သည်များ ကိုဤစာအုပ်တွင် ဖော်ပြထားပါသည်။
ကိုဇော်လင်း _Youth computer Group ကရေးသားထားတဲ့စာအုပ်လေးပါ
ကွန်ပျူတာသမားများအတွက် လက်စွဲထားသင့်တယ် ထင်လို့ပါ..http://www.blogger.com/img/blank.gif
လိုချင်ရင်တော့ အောက်မှာပါ..........
Download
ဒါကတော့ လက်တော့ အသစ်ဝယ်မဲ့သူများ ၊ ပါဝင်သော အစိတ်အပိုင်း services များကိုသိလိုသူတွေအတွက်
Laptop Services Guide ဖစ်ပါတယ် အဆင်ပြေကြပါစေ
Download
Source : မောင်ပညာ
ProShowProducer
ProShowProducer လို့ခေါ်တဲ့ Movie Maker ဆော့လ်ဝဲလေးဖြစ်ပါတယ်။ http://www.blogger.com/img/blank.gif
Portable လေးလည်းဖြစ်တော့ သုံးရတာလည်း အဆင်ပြေပါတယ်
လုပ်နည်းကိုပါ ထည့်ပေးထားပါတယ်.....။ဓာတ်ပုံတွေ Movie တွေနဲ့  Movie ကောင်းကောင်းဖန်တီးချင်သူတွေ
အတွက်အသုံးဝင်မယ်လို့ထင်ပါတယ်..။
ချွင်းချက်အနေနဲ့
Movie ကို .mpg နဲ့ သိမ်းမှသာ MB နည်းနည်းနဲ့ သိမ်းဆည်းနိုင်မှာပါ..။
သူနာပြုများအတွက် လက်ဆောင်မွန်
စင်္ကာပူရောက် မြန်မာသူနာပြုများအတွက် မေးခွန်းဟောင်းတချို့ တင်ပေးလိုက်ပါသည်။ မေးခွန်းဟောင်းများကို ကြည့်ရတာ လွယ်ကူအောင် iPhone မှာ ထည့်သုံးလို့ ရအောင်ဆိုပြီး MS ကနေ PDF ပြောင်းပေးထားပါတယ်.File Size 236 kb ပဲရှိပါတယ်. အပိုင်း ၂ ကို PDF ပြောင်းပြီးရင် တင်ပေးပါ့မယ်...မေးခွန်း အဖြေ အမှား အမှန်ကိုတော့ မိမိကိုယ်မိမိ လေ့လာပါ။ 
ဒီမှာ ယူပါ..
မူရင်း - စင်္ကာပူရောက်မြန်မာသူနာပြုများ
PDF Editor
PDF ဖိုင်တွေကို ဖတ်ရူရုံတင် မဟုတ်ဘဲ မိမိမှတ်သားချင်တာ တွေကိုပါ ထင်ထင်ရှားရှား မှတ်သားနိုင်ဖို့ အတွက် PDF Editor လေးပါ။ သူ့ရဲ့အဓိက အားသာချက်ကတော့ Adobe reader မရှိဘဲနဲ့ PDF ဖိုင်တွေကို ဖတ်နိုင်ပါတယ်။ မိမိစိတ်ကြိုက် ပြင်ဆင်တည်းဖြတ် နိုင်ပါတယ်။ ပြောမယ်ဆိုရင်တော့ Microsoft Word နဲ့ Paint Function နှစ်ခုစလုံးကို အသုံးပြူနိုင်တဲ့ သဘောပါ။ ဆော့ဝဲရမ်းပြီး အသုံးပြူလို့ ရသလို Portable အနေနဲ့လည်း အလွယ်တကူ အသုံးပြူလို့ရအောင် နှစ်မျိုးစလုံး ဝေမျှလိုက်ပါတယ်။ တကယ်လိုအပ်သလို အသုံးလည်းတည့်လို့ ဝေမျှလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။
SETUP
PORTABLE 
Crack
အဆင်ပြေကြပါစေ။
မူရင်းး မိုးထက်မြင့်(နည်းပညာ)
Monday 30 January 2012
Chilli ငရုတ်သီး အရသာ
သမီး အစ်ကို ဘာရောဂါဖြစ်နေမှန်းမသိလို့။ သူက အရင်တုန်းကတော့ ကွမ်းစားတယ်။ မစားတာ နှစ်လလောက်တော့ ရှိပါပြီရှင့်။ သူအခု အစပ်စားလို့ မရတဲ့ ရောဂါ ဖြစ်နေပါတယ်ရှင့်။ အရောင်တင်လေး နည်းနည်းလေးပါရင်ကို လျှာကော လည်ချောင်းကော အာခေါင်ကော စပ်နေပါတယ်။ လျှာကွဲတာလည်း မဟုတ်ဘူးလို့ ပြောပါတယ်ရှင့်။ နည်းနည်းလေး စားမိရင် ချွေးသီးချွေးပေါက်တွေ ကျလာပါတယ်။ မခံမရပ်နိုင်အောင် စပ်တယ်ပြောလို့ အစပ်မစားပဲ နေနေရပါတယ်။ ဘာဖြစ်မှန်းလည်း မသိပါဘူးရှင့်။ သူ့အသက်က ၂၅ နှစ်ပါ။ အာခေါင်-ကင်ဆာ ဖြစ်နိုင်မလားရှင့်။ ရောဂါရယ်၊ သောက်ရမဲ့ဆေးရယ် သိချင်ပါတယ်ရှင့်။
Oral cancer ခံတွင်း-ကင်ဆာရဲ့ လက္ခဏာတွေက ပါးစပ် နဲ့ နှုတ်ခမ်းမှာ အဖြူ-အနီ-(အဖြူ+အနီ) ကွက် ပေါ်မယ်၊ အဖြူကွက်ကနေ ကင်ဆာဖြစ်စေတာ များတယ်။ အနီကွက်က ကင်ဆာ မဟုတ်တာ ဖြစ်ဘို့ များတယ်။ နှုတ်ခမ်းနဲ့ ပါးစပ်မှာ အနာပေါက်မယ်။ အနာက တော်တော်နဲ့ မပျောက်ဘူး။ ပါးစပ်ကနေ သွေးထွက်မယ်။ သွားနဲ့မယ်။ မျိုချတဲ့အခါ နာမယ်။ အမျိုရခက်မယ်။ သွားအတုတပ်ရသူဆိုရင် အရင်လိုတပ်ရတာ အဆင်မပြေဖြစ်လာမယ်။ လည်ပင်းမှာ အကျိတ်ပေါ်မယ်။ နားကိုက်မယ်။ ဒါတွေ မရှိရင် ဒီနေရာ ကင်ဆာ အတွက် ပူပင်စရာမလိုပါ။
မြန်မာတွေက ချို-ချဉ်-စပ်-ငန်-ဖန်-ခါး အရသာ ခြောက်ပါးလို့ သိကြတယ်။ မြန်မာတိုင်းရင်းဆေးမှာလဲ အဲလိုပါတယ်။ ဆရာဝန်တွေ သင်ရတဲ့ ဆေးပညာမှာတော့ လျှာကနေ ခံစားတဲ့အရသာဟာ Sweet အချို၊ Salty အငန်၊ Sour အချဉ်၊ နဲ့ Bitter အခါး၊ လေးပါးထဲ ရှိတယ်။
အရသာကို သိစေတာက လျှာမှာရှိတဲ့ Taste buds ခေါ်တဲ့ အရသာသိ-အဖုကလေးတွေကြောင့် ဖြစ်တယ်။ လူတိုင်းမှာ Taste buds တသောင်း ရှိတယ်။ လူတွေရဲ့ Five senses အထူးအာရုံခံ ငါးမျိုးဖြစ်တဲ့ Hearing အကြား၊ Sight အမြင်၊ Touch အထိအတွေ့၊ Smell အနံ့ နဲ့ Taste အရာသာ ဆိုတဲ့ထဲမှာ အရသာက အားအနည်းဆုံး ဖြစ်တယ်။ အရသာ မရဖြစ်ရတာက ဆေးဝါး သောက်တာ၊ ဆေးလိပ် သောက်တာ၊ ဗီတာမင် ချို့ယွင်းတာ၊ ဦးခေါင်းကို ထိခိုက်မိတာ၊ ဦးနှောက်-အကျိတ်၊ ဓါတ်ကင် ခံရတာတွေကနေ ဖြစ်စေနိုင်တယ်။ ကွမ်းစားတာကို ဆေးစာထဲ ထည့်မရေးသေးဘူး။ သူတို့ဆီမှာ မရှိလို့ဖြစ်မယ်။ ကွမ်းစားတဲ့လူ အရသူယူတာ တမျိုးဖြစ်တယ်။ ချဉ်တာ မကြိုက်ဘူး။ တော်တော့ စပ်တာကို မမှုဘူး။
အစာတခုခုကို ပါးစပ်ထဲထည့်လိုက်ရင် သွားရည်နဲ့ အစာ ရောထွေးပြီး ကြေချက်ပေးမယ်။ အဲလိုလုပ်နေရင်း လျှာမှာရှိတဲ့ Tastes buds အရသာခံတဲ့ အဖုကလေးတွေနဲ့ ထိတွေ့မယ်။ ဒီ အဖုလေးတွေမှာရှိတဲ့ Receptor cells အာရုံခံ (ဆဲလ်) တွေကို သတင်း အချက်အလက် ပို့ပေးလိမ့်မယ်။ Sensory nerves အာရုံကြောတွေကတဆင့် ဦးနှောက်ကို ရောက်စေတယ်။ ဦးနှောက်ကနေ ဘယ်လိုအရသာ ရှိတယ် ဆိုတာ ပြောလိမ့်မယ်။
အငန် နဲ့ အချိုကို သိစေတာတွေကတော့ လျှာရဲ့ ရှေ့ပိုင်းကနေ တာဝန်ယူတယ်။ အချဉ်ကို လျှာရဲ့ ဘေးနှစ်ဘက်က သိစေပြီး အခါးကိုတော့ လျှာရဲ့ နောက်ပိုင်းက လုပ်ပေးတယ်။ လူတွေ အရသာခံတာ မတူကြပါ။ မိန်းကလေးတွေက ယောက်ျားလေးတွေထက် အရသာသိတာ ပိုများတယ်။ တယောက်ထဲလဲ အသက်ပြောင်းရင် ပြောင်းတတ်တယ်။ သိပ်ငယ်တုံးမှာ အရသာသိစေတဲ့ Taste buds တွေဟာ လျှာတခုထဲကနေ မဟုတ်ဘဲ၊ ပါးစပ်ဘေးဘက်တွေနဲ့ အာခေါင်မှာလဲ ရှိတယ်။ ဒါ့ကြောင့် ကလေးတွေ အပူမခံနိုင်၊ အစပ်မစားနိုင်ကြဘူး။
အရှေ့တောင်အာရှ၊ တောင်အာရှ နဲ့ တောင်အမေရိကားက လူတွေ အလွန်ခံတွင်းတွေ့လှတဲ့ အစပ်အရသာဟာ အမေရိကာ၊ ဥရောပနဲ့ နိုင်ငံတော်တော်များများမှာ လုံးဝမစားကြပါ။ အရသာတမျိုးကို မခံစားတတ်ကြတဲ့သဘော ဖြစ်မယ်။ ငရုတ်သီးစပ်တာကို အင်္ဂလိပ်လို Hot ပူတယ်လို့သာ ခေါ်တယ်။ သူတို့မစားလို့ စပ်တယ်လို့ မပြောတာလား။
Chilli ငရုတ်သီးထဲမှာ ပါတဲ့ Capsaicinoids ဆိုတာက ပါးစပ်ကို ဖုံးနေတဲ့ အလွှာမှာရှိတဲ့ Receptor တွေကို သက်ရောက်စေတယ်။ ဒီလို ဖြစ်တာဟာ Heat ပူလို့ရတဲ့ Pain နာကျင်မှုနဲ့အတူတူ ဖြစ်တယ်။ Burning feeling ပူလောင်တဲ့ ခံစားမှုရစေတယ်လို့ ဆိုတယ်။ စပ်တဲ့ အရသာလို့ မပြောဘူး။ ဘာလို့လဲဆိုတော့ Taste buds တွေဟာ ချိုတာ၊ ငန်တာ၊ ချဉ်တာ နဲ့ ခါးတာတွေကိုသာ ခံစားစေပြီး ပူလောင်တာကို ခံစားတဲ့ အထူး အဖုတွေ မရှိဘူး။ ရိုးရိုး အာရုံကြောတွေကနေသာ ဒါကို သိစေတယ်တဲ့။ ဒီအာရုံကြောတွေက စပ်တာကို ပူတယ်လို့ ထင်တော့ ဦးနှောက်ကလဲ ပူတယ် ဖြစ်သွားရော။
ကြွက်တွေကို စမ်းသပ်လို့သိရတာက Spicey-hot ဆိုတာ Temperature-hot ဆိုတာနဲ့ မျိုးဗီဇ တူတာကို သိရတယ်။ ကြက်တူရွေးကို ငရုတ်သီး ကြွေးရတယ်။ ငှက်တွေကို ငရုတ်သီးက မစပ်စေဘူး။ လူဆိုရင် ပါးစပ်ထဲ မထည့်ခင်ကတည်းက ငရုတ်သီးဟာ ပူတယ်။ ငရုတ်သီး မထောင်းတတ်ရင် ချွေးမ မတော်ချင်ကြတာတင် မကဘူး။ ငရုတ်သီး ထိတဲ့နေရာမှန်သမျှကို ပူစေတယ်။ Burn အပူလောင်တယ်လို့ အင်္ဂလိပ်လို သုံးတယ်။ ငရုတ်သီး အမျိုးမျိုးစားလို့ ချွေးထွက်တဲ့နေရာ မတူတာကို ကိုယ်ပိုင် သုတေသနအရ သိရတယ်။ ရွှေလံဘို-ငရုတ်က ဂုတ်မှာ ချွေးထွက်တယ်။
Chilli ငရုတ်သီး၊ Ginger ချင်း (ဂျင်း)၊ Pepper ငရုတ်ကောင်းတွေက ဘာလို့ စပ်ကြသလဲ။ Spicy food ပူစပ်တာတွေထဲမှာ Capsaicin ပါတယ်။ ဒါကိုခံရတာက ပါးစပ်ထဲမှာရှိတဲ့ Vanilloid receptor (VR1 receptors) အာရုံခံတွေနဲ့ သွားပေါင်းမယ်။ Sensory neuron အာရုံခံ (နူရုန်) ဟာ Depolarized ပြောင်းလဲသွားပြီး Spicy stimuli ဆိုတဲ့ အာရုံခံသတင်းကို ပို့ပေးတယ်။
ထူးဆန်းတာက VR1 receptors အာရုံခံတွေဟာ Capsaicin ကို မသိဘူး။ ဒါ့ကြောင့် အမှတ်တမဲ့ သွားပေါင်းမိတယ်။ VR1 receptors တွေရဲ့ တကယ့်တာဝန်ဟာ Thermo-reception ပူတာကိုသာ သိတယ်။ အပူက ကိုယ့်မလောင်အောင် အသိပေးတဲ့ တာဝန်ကို ထမ်းရတယ်။ VR1 receptors တွေဟာ ပါးစပ်၊ လျှာ နဲ့ အရေပြားတွေမှာ ရှိနေကြတယ်။ မျက်စိကို ထိလဲ ပူလောင် နာကျင်စေလို့ မိန်းကလေးတွေ Self-defense product ကိုယ့်ကိုယ်ကို ကာကွယ်ဘို့ ဆောင်ထားတဲ့ လက်နက်တခုဟာ Pepper spray ငရုတ်ကောင်း-ပန်းဆေး ဖြစ်ပါတယ်။ Mace Pepper Gun ဆိုတာ ဒေါ်လာ ၉၀ လောက်ပေးရတယ်။ ၂၅ ပေအထိရောက်တယ်။
ငရုတ်သီး ဘယ်လောက်စပ်သလဲကို Scoville Organoleptic Test နဲ့ စစ်ဆေး သတ်မှတ်တယ်။
- Standard Pepper Spray မိန်းကလေးသုံး (ပက်ပါ-စပရေး) ပန်းဆေးဟာ ၂၅ဝဝဝ-၂ဝဝဝဝဝ ယူနစ် ရှိတယ်။
- Bear Mace ဆိုတဲ့ ဝက်ဝံတွေကိုတောင် နိုင်တဲ့ ပန်းဆေးဟာ ၂ သိန်း- ၂ သိန်းခွဲယူနစ် ရှိတယ်။
- Law Enforcement Grade Pepper Spray ရဲတွေ သုံးတာက ၅ သိန်းကနေ ၅ သန်းယူနစ် ရှိတယ်။
- Sweet Bell Peppers ခေါ်တဲ့ လုံးဝမစပ်တဲ့ ငရုတ်ပွပွကြီးတွေဟာ သုည ယူနစ်သာ ရှိတယ်။
- Jalapeno (၅-၉ စင်တီမီတာ) ရှည်ပြီး၊ မက်ဆီကို ကလာတဲ့ ငရုတ်သီးဟာ ၂၅ဝဝ-၈ဝဝဝ ယူနစ် ရှိတယ်။
- Cayenne pepper ဆိုတဲ့ အာဖရိက-ငရုတ်က ၃ဝဝဝဝ-၅ဝဝဝဝ ယူနစ် ရှိတယ်။
- Red Savina Habanero ငရုတ်မျိုးက ၃၅ဝဝဝဝ-၅၇၇ဝဝဝ ယူနစ် ရှိတယ်။
အစပ်ကို ဘာလို့ ကြိုက်ကြသလဲ။ ကိုယ့်အတွက်ကောင်းလို့ ဖြေကြသူတွေ ရှိတယ်။ Capsaicin ငရုတ်မှာ ဆေးစွမ်းတွေ ရှိတယ်။
- Anti fungal မှိုပိုးကိုနိုင်တယ်။ Anti-microbial ပိုးတွေကိုနိုင်တယ်။
- Pain reliever for arthritis အဆစ်နာတာအတွက် .05% Capsaicin cream (ခရင်မ်) သုံးတယ်။
- Adlea ထိုးဆေးထဲမှာ ပါတယ်။ ခွဲစိတ်လို့နာတာ၊ အဆစ်နာတာတွေအတွက် တာရှည် အနာသက်သာဆေး ဖြစ်တယ်။
- Prostate cancer cells ယောက်ျား ဆီးကျိတ်-ကင်ဆာ (ဆဲလ်) ကို သတ်နိုင်တယ်။
- Lower blood pressure သွေးဖိအား ကျစေတယ်။
- Salivation သွားရည်များစေလို့ စားရတာ ခပ်ပြင်းပြင်း ရှိတဲ့ အစာနဲ့ တွဲစားလို့ ကောင်းတယ်။
- တခြား ခံစားနေရတာကို လွှမ်းမိုးစေတယ်။
- Capsaicin topical ointments နဲ့ High-dose dermal patch (Qutenza) တွေက Peripheral neuropathy ရောဂါကြောင့် နာတာကို သက်သာစေတဲ့ဆေး ဖြစ်တယ်။
- 0.025% - 0.075% ကို သာမန်ကိုက်ခဲတာ၊ Arthritis အဆစ်နာရောဂါ၊ Backache ခါးနာတာ၊ Strains and Sprains ဟိုနာ-ဒီနာတာတွေ အတွက် ထုံအောင်အရင် လုပ်ပြီးမှ ဆေးကို လက်အိပ် သုံးပြီး လိမ်းပေးရတယ်။
- Capsaicin creams ကို Psoriasis အရေပြားနာကြောင့် ယားတာ-ရောင်တာ သက်သောစေအောင် သုံးနိုင်တယ်။
- ငရုတ်သီး စားရင် (ကာဗွန်ဟိုက်ဒရိတ်) တွေ ဖျက်ပေးလို့ ကိုယ်က အပူတွေ ထွက်လာတယ်။ ဆီးချို၊ လူဝတာတွေအတွက်လဲ သုံးကြတယ်။
ငရုတ်သီး မျက်စိထဲဝင်လို့ ခြေမကို ရေလောင်းတာ စိတ်ပြောင်းအောင် လုပ်တာနေမယ် ထင်တယ်။ Capsaicin ဟာ Fat soluble အဆီမှာ ပျော်ဝင်လို့ ပူစပ်တာ ပြေစေအောင် ရေနဲ့ မရဘူး။ ရေးအေး ဆိုရင်တော့ အေးတာကို သိနေတုံးမှာ စိတ်ပြောင်းပြီး ခဏသက်သာစေမယ်။ Cold milk နွားနို့အေးအေး နဲ့ Cold sugar water သကြားရည်အေးကလဲ သက်သာစေမယ်။
Dr. တင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၁
မူရင်းး Link
 ကျေးဇူးတင်ပါတယ်။
စာဖတ်သူများဆီသို့ အကြောင်းကြားစာ..
စာဖတ်သူများဆီသို့ အကြောင်းကြားစာ..
ကျွန်တော်တို့ ရင်ထဲ့မှာ ခံစားနေရတာလေးတွေကို ဖော်ပြပေးချင်တာထက် ပြန်လည်ပြောပြချင်နေမိတာပါ။ တကယ်တော့ လူကျင့်ဝတ် လူစည်းကမ်းဆိုတာ အလိုလို သိသင့်သိထိုက်တာတွေကို သိရတာကိုဆိုတယ်ထင်ပါတယ်။ ကျွန်တော် စကားကို ရှည်ရှည်ဝေးဝေး အများကြီးတော့ မပြောတက်ဘူး။ ပြောချင်တာကို တည့်တည့်ပိတ်ပြောတက်တယ်။ စာဖတ်နေတဲ့ ပညာရှာနေတဲ့ လူတိုင်းကို ကျွန်တော် လေးစားပါတယ်။ ကိုယ်ချင်းလည်းစာပါတယ်။ ဒါပေ့မယ့် ဖြတ်လမ်းနည်းကနေ ကျွန်တော်တို့ကို ဒုခ ပေးနေသူတွေကိုတော့ သူလမ်းနဲ့ သူ သွားမှာမှန်းသိပေ့မယ့်လည်းဗျာ စာရေးသူ တစ်ယောက်အနေနဲ့ ရင်ထဲ့ ဘယ်လိုရှိမယ်ဆိုတာကို ခံစားကြည့်ပေးဖို့ ဒီပိုစ့်လေးကို ကျွန်တော် ဆက်ဖတ်ပေးပါလို့ တောင်းဆိုပါတယ်။
ကွန်ပျူ တာ keyboardတစ်ခုလုံးရဲ့အသုံးဝင်ပုံလေး
ဒီနေ့ကျနော်တို့ကွန်ပျူ တာကိုအစဉ်မြဲသုံးနေကြတဲ့ရွှေညီအကိုအားလုံးကိုချစ်ခင်လေးစားစွာနဲ့
ကွန်ပျူ တာ keyboardတစ်ခုလုံးရဲ့အသုံးဝင်ပုံလေးကိုအောက်မှာဖော်ပြပေးထားပါတယ်။
သိပြီးကြသူတွေလည်းများမယ်ထင်ပါတယ်၊မသိကြသေးတဲ့ချစ်မိတ်ဆွေအားလုံးအတွက်လိုအပ်တာ
လေးတွေရှိခဲ့ရင်အဆင်ပြေအောင်ပါ။ရေးမှားပြောမှားတာတွေရှိရင်လည်းခွင့်လွတ်နားလည်ပေး
လိမ့်မယ်လို့မျော်လင့်ပါတယ်၊မြန်မာစာမရေးဖြင့်တာလည်းနှစ်ကတောတောကြာသွားပါပြီ။
မြန်မာစာနဲ့တော့ဘာသာမပြန်တော့ပါဘူးစာလုံးတွေကရှင်းရှင်းလေးတွေဆိုတော့၊၊၊၊၊၊၊၊၊၊၊၊
UPLOADING SIDE များအကြောင်း
အခုတင်ပေးလိုက်တဲ့စာအုပ်လေးကတော့ကျွန်တော်တို့လိုဘလော့သမားတွေအတွက်တော့အရမ်းကိုအသုံး
တဲ့ပါတယ်..။ကျွန်တော်ဆိုအခု Software တစ်ခုခုကိုတင်ချင်တယ်ဆိုရင် Ifile.it , Mediafire စတဲ့ဆိုဒ်တွေမှာ
တစ်ခုချင်းဆီမှာလိုက်ပြီးတော့ Upload တင်ရပါတယ်..။ဒီစာအုပ်လေးထဲမှာတော့ကျွန်တော်တို့ Upload ဆိုဒ်
တစ်ခုကနေတင်လိုက်တာနဲ့အခြား Upload ဆိုဒ်တွေမှာပါတစ်ဆင့် Upload တင်ပေးမယ့်ဆိုဒ်တွေအကြောင်း
ကိုရေးထားတဲ့စာအုပ်လေးပါ..။လိုအပ်တဲ့သူများကတော့အောက်မှာအဆင်ပြေတဲ့လင့်ကနေသာဒေါင်းလော့
ချသွားလိုက်ပါ...။
Download  Ifile.it  ၊ Download  Mediafire
နေမင်း Blogger facebook မှ...ကူးယူဖေါ်ပြသသည်။
Local area connetion မပေါ်ရင် ဘယ်လိုလုပ်ရမလဲ
ကွန်ပျူတာကို restart ပေးလိုက်ပါ .. ပထမဦးဆုံး ကွန်ပျူတာစဖွင့်ပြီး ၄ စက္ကန့်လောက်ကြတာနဲ့ delete key ကိုပဲ ဆက်တိုက်နှိပ်ထားလိုက်ပါ(ဆိုက်တိုက်ခေါက်နေပါ) ခဏနေကျရင် BIOS SETTING ပေါ်လာပါလိမ့်မယ် (ဖွင့်ပြီးပြီးချင်းနော် ၄ စက္ကန့်နော်)
power management setup ကို ရွေးလိုက်ပါ ပြီးလျှင် အောက်မှာပြထားတဲ့ Lan ကို Disable ဖြစ်နေရင် Enable ပြန်ပြီးလုပ်လိုက်ပါ .. အောက်မှာပုံလေးနဲ့ပြထားပါတယ် ... အဲ့လို ရေးပြီးတာနဲ့
F10 ကိုနှိပ်လိုက်ပါ .. box ပေါ်လာတာနဲ့ သူမေးတာနဲ့ y ကိုနှိပ်လိုက်ပါ .. ပြီးရင် enter ကိုခေါက်လိုက်ပါ ကွန်ပျူတာ restart လုပ်ပါလိမ့်မယ် .. ပြီးတာနှင့် lan မှာ local area connetion ပေါ်လာပါလိမ့်မယ် .. အဆင်ပြေပါစေဗျာ ..
Source : ညီနေမင်း(နည်းပညာ)
How to Make Myanmar Blog
အသေးစိတ်မြန်မာလိုဖတ်ချင်လျှင်ဒီမှာသွားဖတ်လိုက်ပါ။
အဆင်ပြေကြပါစေ။
Firefox မှာ အသံမလာဘူးဆိုရင်
အခု ကျွန်တော် မေးထားတဲ့ အကိုတစ်ယောက်လည်း ရှိတာနဲ့ တစ်ခြား အခက်အခဲ ရှိတဲ့ သူတွေလည်း အဆင်ပြေအောင် Firefox မှာ အသံမလာဘူး ဆိုရင် ဖြေရှင်းလို့ ရမယ့် နည်းလမ်းလေးကို Video Tutorial လေးရှာပြီး တင်ပေးလိုက်ပါတယ် .. နည်းလမ်းလေက လွယ်ပါတယ် .. သေချာ ရှင်းပြပေးထားတာ ဖြစ်တဲ့ အတွက် ကျွန်တော် ပြန်မရေးပေးတော့ပါဘူး .. ကျွန်တော်တို့ အသုံးပြုနေတဲ့ ကွန်ပျူတာမှာ သီချင်းတွေကို Audio Player တွေနဲ့ ဖွင့်တဲ့ အခါမှာ အသံလာပြီး Firefox မှာ ဖွင့်မယ် ဆိုရင် အသံမလာတာမျိုး ကြုံတွေ့နေရတဲ့ သူတွေအတွက် အခုနည်းလေးက အထောက် အကူ ပေးပါလိမ့်မယ် .. အောက်မှာ ကျွန်တော် နှစ်နေရာ ခွဲတင်ပေးထားပါတယ် .. အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ ..
အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
Source : ကောင်လေးငယ်
Sunday 29 January 2012
Xilisoft Video Converter Ultimate
XiliSoft Video Converter ကဗီဒီယိုတွေကို အမျိုးအစားများစွာ Convert လုပ်ပေးပါတယ်။ XiliSoft ကို ကြိုက်ရတဲ့အကြောင်း  ကတော့သူ့အမျိုးအစားနဲ့သူရွေးပေးလိုက်ရင် သူ့ပါသာသူပြောင်းပေးသွားလို့ပါပဲ။ ဥပမာ-Psp ထဲထည့်မယ် ဆိုရင် Psp ကိုရွေးပေးပြီးတော့ ကြိုက်တဲ့အမျိုးအစားကိုထားပေးလိုက်ပါ။ပြီးရင်Convert လုပ်ပေးလိုက်ပါ။ပြီးရင် Psp ထဲမှာ Convert လုပ်ထားတဲ့ဖိုင်ကို ပြန်ပြီးတော့ကူးပြီး Psp နဲ့ပြန်ဖွင့် ကြည့်ပါ။သေချာပေါက်အလုပ်လုပ်ပါတယ်။Serial Key ပါထည့်ပေးထားပါတယ်...ကီးမထည့်ခင်အရင် ReadMe File-ကိုဖတ်ပေးစေချင်ပါတယ်...ဆော့ဝဲအညွှန်းတွေနဲ့-Serial-သုံးပုံကိုရှင်းလင်းစွာရေးသားပေး ထားပါတယ်။စာတွေလည်းတော်တော်များသွားပြီး...အောက်မှာဒေါင်းလိုက်ပေတော့..။
FileSize:29.21MB
Download Here
Source : Kogeeelay
ကွန်ပျူတာမှာပြဿနာတစ်ခုတက်တိုင်းဒီနည်းလေးကိုသတိရပါ
 အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးကွန်ပျူတာပြင်နည်းလေးတစ်ခုကိုပြပါဆိုရင်ဒီနည်း
လေးကိုပြောရမှာပဲကျနော်အပါအ၀င်လူတော်တော်များများရဲ့ပြဿနာတွေကိုအခုကျ
နော်ပြောတဲ့နည်းလေးနဲ့ အဆင်ပြေခဲ့တာပါကွန်ပျူတာမှာအလိုလျောက်ပါတဲ့ပြုပြင်
နည်းလေပါSystemRestoreအကြောင်းကိုဆရာသမားတော်တော်များများသိထား
ကြပါတယ်အခြေခံပညာသင်ဝါသနာတူသူငယ်ချင်းတွေအတွက်ပြန်လည်မျှဝေလိုက်
ပါအကြောင်းအမျိုးမျိုးကြောင့်ကွန်ပျူတာတစ်ခုခုဖြစ်သွားတဲ့အခါအသံမလာတာ တို့ 
ဖိုင်တွေပျောက်သွားတာတို့ Settingတစ်ခုခုလွဲသွားတာအစုံပါပဲမူလအခြေနေကိုပြန်
ရောက်စေပါတယ်
Friday 27 January 2012
Karaoke Subtitle (VCD Karaoke စာတန်းထိုးနည်း) ပြုလုပ်နိုင်သော Program များ
Karaoke Subtitle (VCD Karaoke စာတန်းထိုးနည်း) ပြုလုပ်ဖန်တီးပေးနိုင်တဲ့ဆော့ဝဲလေးတွေနဲ့မိတ်ဆက်ပေး ချင်ပါတယ်။ ဒါပေမယ့် ဒီဆော့ဝဲများရဲ့ Tutorial ပြုလုပ်နည်းတွေကိုတော့ ကျနော်မတင်ပြနိုင်သေးပါ။ ကျနော် အချိန်မရတာတစ်ကြောင်း၊ နောက်ပြီး Edit သမားမဟုတ်တာတစ်ကြောင်းရယ်ပေါ့။ အဲဒါတွေအချိန်ပေးနိုင်တဲ့ တစ်နေ့ဆို ပို့စ်အဖြစ်ရောက်အောင် ကျနော်ကြိုးစားပေးမှာပါ။ ကျနော်တို့တတ်တဲ့ သိတဲ့အရာတွေဟာ အများအ တွက်ဖြစ်ဖို့ အာရုံထားဖို့လဲလိုတယ်မလား။
ကျနော်သိသလောက်ပြောရရင်တော့ Video Subtitle (VCD Karaoke စာတန်းထိုးနည်း) ပြုလုပ်နိုင်တဲ့ဆော့ ၀ဲများဟာ အောက်ပါ ပရိုဂရမ်များတွေပါပဲ။ တစ်ခုချင်းဆီ tutorial ပြုလုပ်နည်းတွေကို နောက်မှပဲရေးတော့မယ်။
Myanmar Calendar on Blogspot
မြန်မာ သက္ကရစ်ခုနှစ်၊ ရက်စွဲများ ဘလော့မှာပေါ်ချင်သူများအတွက် မာ့ခ်၏ ကိုယ်​ပိုင် အတ္တများ
နာမည်ကတော့မိုက်တယ်နော် (နာမည်တွေ့တာနဲ့ကြောက်စရာကြီး) ကျနော်တောင် အဲဒီဆိုက်ရောက်ရင် ကြောက်ကြောက်လာတယ်။သူ့ဆိုက်ကိုရောက်ရင် အသာလေးပြန်လှည့်လာရတယ်။ တော်ကြာဆော်ထည့်
လိုက်မှ ရှိစုမဲ့စုလေးတွေကြွကုန်အုံးမယ်။နောက်တာပါဗျာ....နာမည်ကြမ်းတယ်ဆိုပေမယ့် စိတ်ကောင်းမယ့်
ပုံပါဗျာ။ သူတို့တစ်တွေကိုကြည့်ပြီးအားကျခဲ့ရတယ်။
ကျနော်တို့လို ၀ါသနာမျှသာရှိပြီး နည်းပညာမရှိသူတွေအတွက် အဲဒီဆိုက်တွေကို အားကိုးရတယ်လေ။ တကယ်တော့
သူတို့တွေဟာ နည်းပညာတွေကို အဖိုးအခတစ်ပြားတစ်ချမယူပဲ စေတနာပြည့်ဝစွာဖြင့် ဝေငှတဲ့သူတွေဖြစ်ပါတယ်။
ဒါကြောင့် နည်းပညာရေးသားသူအားလုံး ကျနော်က သူတို့ကို မတွေ့မမြင်ရပေမယ့် စိတ်ထဲမှာအမြဲကျေးဇူးတင်မိတယ်။
နောက်ပြီး သူတို့အားလုံးအဆင်ပြေကြပါစေ ထာဝရအောင်မြင်ကြပါစေဆိုပြီး မေတ္တာပို့ပေးခဲ့ပါတယ်။
အဓိကပြောလိုသည်မှာ သူ့ဆိုက်မှာဒီအကြောင်းကိုရေးထားပါတယ်။ အောက်ဆုံးကလင့်ပေးထားပါတယ်။
အော်မြန်မာ ပြက္ခဒိန်ထည့်နည်းက ဘယ်ရောက်နေပါလိမ့်၊ အဲ...ထည့်ချင်ရင် အောက်ပါအတိုင်းလုပ်ပါ....
Layout ကိုသွားပါ. Add a gadget ကိုသွားပါ. HTML/Javascript ကိုယူပါ. ပြီးရင်တော့ ဒီအောက်က ကုဒ်ဒင်းလေးတွေကို ကော်ပီပေ့စ်လုပ်လိုက်ပါ. ဒါပါပဲ.
Make a D'tree Menu at Blog
အချိန်ရတာနဲ့ ဘလော့နဲ့ဆိုင်တဲ့ပို့စ်တင်လိုက်အုန်းမယ်။ ဘလော့ဆိုက်ဘားမှာ dtree Menu လုပ်နည်းလေးပါ။ ဘလော့ဆိုက်ဘားမှာ dtree Menu ထည့်ထားခြင်းသည် ရှုပ်ထွေးတဲ့မိမိပို့စ် Label တွေကို စနစ်တကျရှိပြီး ဘ လော့ကိုလှပစေပါတယ်။ dtree Menu ဆိုတာ ဘာလဲလို့မသိသေးရင် ပုံကိုကြည့်လိုက်ပါ။ မသိသေးတဲ့
ပုဂ္ဂိုလ်များအတွက်ပြောတာနော်။ ဒီစတိုင်လ်သည် dtree Menu ရဲ့စတိုင်လ်လေးပါပဲ။ ကြိုက်ရင် အောက်ပါ
အဆင့်ဆင့်ဖြင့်လိုက်လုပ်ကြရအောင်...
၁။ Dashboard--->>Layout---->>Edit html ကိုသွားပါ။ Template ကို Backup လုပ်ခဲ့ပါ။ (Download Full Template)
၂။ </head>ဆိုတဲ့ Code ကိုတွေ့အောင်ရှာပါ။ တွေ့ရင် အဲဒီ</head>အပေါ်ကနေ အောက်မှာပေး ထားတဲ့ Code တွေကို ထည့်လိုက်ပါ။
ခရမ်းချဉ်သီးများများစားပါ...
ကိုယ်အလေးချိန်လျော့ကျစေဖို့ အတွက် စားသင့်တဲ့ အစားအသောက်တွေကို သုတေသီတွေက လေ့လာ ဖော်ထုတ်ခဲ့ကြပေမယ့်. . တကယ်တမ်းမှာတော့ ထိထိရောက်ရောက် အသုံးဝင်တဲ့ အစားအသောက်ဆိုတာ ရှားပါတယ်. . . ဒါပေမယ့် . . . အဲဒီအစားအစာတွေထဲမှာ ခရမ်းချဉ်သီး စားပေးတာက ကိုယ်ခန္ဓာသွယ်လျဖို့ အတွက် တကယ်ကို ထိရောက် အသုံးဝင်ပါတယ်. .
  • ခရမ်းချဉ်သီးဟာ ဗိုက်ပြည့်စေပြီး သရေစာ စားချင်စိတ်ကို ချိုးနှိမ်ပေးပါတယ်..
  • ခရမ်းချဉ်သီးမှာ အစာ စားချင်စိတ် ဖြစ်စေတဲ့ ဟော်မုန်းကို ပြောင်းလဲစေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်.
  • အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား အမျိုးသမီးတွေကို လေ့လာမှုအရ ခရမ်းချဉ်သီး ညှပ်ထားတဲ့ ပေါင်မုန့်စားသူတွေဟာ. . . ခရမ်းချဉ်သီး မပါတဲ့ ပေါင်မုန့်စားသူတွေထက် စိတ်ကျေနပ်မှု ပိုရကာ နောက်ထပ် အစာစားချင်စိတ်လျော့နည်းသွားကြောင်း လေ့လာ တွေ့ရှိရပါတယ်.
  • တခြား လေ့လာ မှုတစ်ခုအရ ခရမ်းချဉ်သီးမျာ အစာ စားချင်စိတ်ကို ထိန်းချုပ်ထားတဲ့ ဟော်မုန်း Ghrelin ပမာဏာကို ပြောင်းလဲစေတဲ့ အာနိသင်ပါဝင်ကြောင်း သိရပါတယ်. . .
  • ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ကလည်း ကင်ဆာလျော့ကျစေခြင်း ၊ မျိုးပွား နိုင်စွမ်းအားကောင်းခြင်း စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေပါတယ်.
  • ခရမ်းချဉ်သီးမှာ ဗီတာမင်စီ ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် အနာကျက်နှုန်း မြန်စေခြင်းနှင့် ခန္ဓာကိုယ်မှာ သံဓာတ်စုပ်ယူအားကောင်း ခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေပါတယ်. .
ဒါကြောင့် ခရမ်းချဉ်သီးကို ကိုယ်ခန္ဓာ သွယ်လျလှပစေဖို့အတွက် စားပေးပါက တခြား ကျန်းမာရေး အကျိုးရလာဒ်ကောင်းတွေကိုပါ. . ရရှိနိုင်မှာ ဖြစ်ပါတယ်. .
အားလုံးကိုချစ်ခင်လေးစားလျှက်...
ကရင့်ရိုးရာ ကြေးဖါးစည်
ကရင်ဘာသာအားဖြင့် “က္လိုအိုဝ်တ္လာအိုဝ်” ဟုခေါ်သည့်
ကရင်ရိုးရာကြေးဖါးစည်သည် ကရင်ရိုးရာယဉ်ကျေးမှု၏
အရေးကြီးဆုံး ပြယုဂ်များတွင် တစ်ခု အပါအ၀င်ဖြစ်သည်။
အလားတူ စည်များကို တရုတ်၊ မွန်ဂိုလီးယားနှင့် အခြားအ
စည်အမျိုးအစားငါးမျိုးရှိရာတွင် တစ်မျိုးမှာ
 ကရင်ဖါးစည်ဖြစ်သည်။ ဖားစည်တွင် လုံးရှည်ပုံ
ကိုယ်ထည်ရှိသည်။ မျက်နှာပြင်သည် အနည်းငယ်ကျယ့်အ
ပြန့် ပြီး အလယ်ဗဟိုရှိ ကြယ်ကို ၀န်းရံထားသော စုဆုံစက်ဝိုင်း
 သဏ္ဍာန်မျိုးစုံဖြင့် တန်ဆာဆင်ထားသည်။ မျက်နှာပြင်
ထောင့်စွန်းဝန်းကျင်တွင် လေး သို့ မဟုတ် ခြောက်
အရေအတွက်ရှိသော ဖားများ အကွာအဝေး
တူညီစွာရှိကြသည်။ ဖါးစည်အားလုံးသည်
အရွယ်အစားအမျိုးအမျိုး ပြောင်းလဲမှုရှိပြီး ၎င်းတို့ ကို
သေးငယ်သော လက်ကိုင်နှစ်ခုဖြင့် သယ်ဆောင်ကြသည်။
ဖါးစည်၏ မူလအစကို မည်သူမျှသေချာ မသိပါ။ ကရင်ရိုးရာ
အဆိုအရမူ တစ်နေ့ သ၌ ဖူးမော်ထော်ဟု ခေါ်သော
ကရင်အဘိုးတစ်ယောက်သည် သူ့ ထံ သို့  ဦးတည်လာသော
 မျောက်ရိုင်းတစ်အုပ်ကို တွေ့ ရသည်။ အသက်အန္တရယ်ကို
ကြောင့်ရွံ့ သောကြောင့် သူလည်း သေချင်
ဟန်ဆောင်လိုက်သည်။ ၎င်းအချင်းအရာကို တွေ
့မြင်ရသောအခါ အသုဘ အခမ်းအနားအတွက် အုပ်စုထဲမှ
မျောက်များကို စည်ပြန်ယူခိုင်းလေသည်။ နောက်ဆုံးတွင်
မျောက်များသည် ဖါးစည်(၃)မျိုး ရွှေရောင်၊ ငွေရောင်နှင့်
အဖြူရောင်ဖါးစည်များကို ယူဆောင်လာကြသည်။ စည်များကို
တီးခတ်စဉ်အတွင်း ဖူးမော်ထော်က ထထိုင်လိုက်ရာ
မျောက်များက လန့် ပြီး ထွက်ပြေးသောကြောင့်
အဖြူရောင်ဖါးစည်သည် ရေထဲသို့ ပြုတ်ကျသွားတော့သည်။
ဖူးမော်ထော်သည် ကျန်ရစ်သောဖါးစည်များကို
ကရင်လူမျိုးများထံ ယူဆောင်လာပြီးချိန်မှစ၍ ၎င်းတို့ သည်
ကရင်လူမျိုးတို့ ၏ အမြတ်နိုးဆုံးအရာများ ဖြစ်သွားကြသည်။
ထိုအချိန်မှစ၍ ဖါးစည်များကို ဂုဏ်ပြုသောအားဖြင့်
နှစ်စဉ်နှစ်တိုင်း “က္လိုထူးဂေါ်”နှင့် က္လိုခွါ့ ဆေး”ပွဲတော်ကို
နှစ်ပေါင်းများစွာကျင့်ပခဲ့သည်။
Thursday 26 January 2012
Window7 update ပေးရင် သတိထား
ကျနော်တို့ window တွေတင်ပြီးလို့ update တွေပေးလိုက်ရင် genuine မဖြစ်တော့ပဲ Update
ထဲမှာစစချင်း တင်ထားတဲ့ keyတွေကိုဖျက်လိုက်တဲ့ update ဖိုင်လေးကို
ဒေါင်းလိုက်မိလို့ပါပဲ၊၊အဲ့လိုဖြစ်သွားရင် activate လေးရမ်းဖို့ လုပ် ၊   မလုပ်ရသေးခင်
မိုက်ကရိုဆော့ essential က ဖျက်ဖြစ် ရွာကိုလည်နေတာပဲလေ၊၊
ဒီတော့ ကျနော်တို့ ဒီ update ဖိုင်လေးကို  အလွတ်မှတ်ထားသင့်နေပါပြီ၊၊အများဆုံးဖြစ်တတ်တာ
လကုန်ခါနီး ရက်တွေမှာ တောင်းတဲ့  updateတွေမှာ ပိုဖြစ်များတတ်ပါတယ်၊၊
အဲ့ Update file လေးနာမည်ကတော့       update KB971033     ပဲဖြစ်ပါတယ် ၊၊
ခုကတော့ သူ့ကို update ပေးမိတဲ့ စက်တွေတွက် ပြန်ပြီး ဖြုတ်တာလေးကိုပြောပြပေးလိုက်ပါမယ်၊၊
စစချင်း update history ထဲမှာ ခုနက ကျနော်ပြောခဲ့တဲ့ နာမည် KB971033
ဆိုတာလေးကိုရှာပါမယ်
  တွေ့ရင် တော့ Control panel ထဲက Control Panel\Programs and Features ထဲကိုဝင်လိုက်ပါ..
ပြီးရင်ဘယ်ဘက် နားမှာ view update history ဆိုတာလေးကို တွေ့ပါလေ့မယ်၊၊ သူ့ကို ထပ်ပြီး ဖွင့်လိုက်ပါ၊
 ကျနော်ပြောတဲ့ နာမည်နဲ့ ဖိုင်လေး တွေ့ရှိရင် ပြန်ပြီး uninstall လုပ်ပေးလိုက်ပါ၊၊
ဒီလောက်ဆို သဘောပေါက်ကျမှာပါ နောက်တခါ update ပေးခါနီးကျရင် တချက်လောက် စစ်ဆေးပြီးမှ စိတ်ချ လက်ချ ပေးစေချင်ပါတယ်
ဒါဆိုရင် အဆင်ပြေကျမှာပါ၊၊
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Source : ကောင်လေးငယ်
kaspersky anti virus 2012
ဒါကတော့ kaspersky anti virus (KAV) နောက်ဆုံးထွက် version ပါ. လိုချင်တဲ့သူများ အောက်မှာ Download လုပ်ယူနိုင်ပါတယ် . ဖိုင်ဆိုက်က သိပ်မကြီးပါဘူး. တောင်းတဲ့သူများလို့ တင်ပေးလိုက်ပါတယ် . အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ် . key ကတော့ ဘယ်လို ထည့်ရတယ်ဆိုတာကို ရေးထားပေးပြီးသားပါ။ ထည့်တတ် မယ်လို့ မျှော်လင့်ပါတယ် . ဆိုက်ရဲ့ ညာဖက်အခြမ်းမှာ kaspersky keys တွေကို version အားလုံးအတွက် အမြဲတမ်း up to date တင်ပေးနေပါတယ် .
Download mirrorcreator | Megaupload | Mediafire | Zshare | rapidshare | ifile.it
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Source : ညီနေမင်း(နည်းပညာ)
Living Together And Social Problems
ယနေ့ခေတ်ကြီးမှာ အရာရာဟာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ရုပ်ဝထ္ထုပိုင်းဆိုင်ရာတွေဟာလည်း များစွာ ဖွံ့ဖြိုး တိုးတက်လျှက်ရှိပါတယ် ။ ရုပ်ပိုင်းဆိုင်ရာတွေဘယ်လောက်ပဲ တိုးတက်တိုးတက် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ၊ အားနည်းချက်တွေဟာလည်း နေရာတိုင်းမှာတွေ့မြင်နေရဆဲဖြစ်ပါတယ် ။ ကဲ ဒီတော့ ဒီနေ့လူ မှုရေး ကွန်ယက် ကြီးအတွင်း အင်တာနက်တွေဂျီတော့ခ်တွေ VZO တွေ အလွယ်တကူ သုံးနေနိုင်ပြီဖြစ်တဲ့ ခေတ်ကြီးမှာ ဘာကြောင့်အားနည်းချက်တွေရှိနေသလဲ ၊ ဘာတွေလိုအပ်နေသေးလဲဆိုတာ ကျွန်တော်တို့အား လုံးလေ့ လာ ကြည့်ကြရအောင် ။ ယနေ့ခေတ်ကြီးမှာ ရေပန်းစားနေတဲ့ ဝေါဟာရတစ်ခုရှိပါတယ် ။ " Living Together " တဲ့ .. မြန်မာ လိုပြောရရင် လက်မထပ်ပဲ အတူနေထိုင်ခြင်းပေါ့ ။ ဒီထက်ပိုပြီး ရှင်းရရင် လက်မထပ်ပဲ လင်စုံမယား ဖက် ပေါင်းသင်းနေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ် ။
ဟိုးယခင်ကတော့ Living Together ဟာ မြန်မာလူမျိုးတွေနဲ့အတော်လေး စိမ်းနေခဲ့ပါတယ် ။ အခုတော့ လည်း ခေတ်လူငယ်တွေရဲ့ တီးတိုးပါးစပ်ဖျားမှာ ရေပန်းစားလို့လာခဲ့ပါပြီ ။ အနောက်တိုင်းနိုင်ငံတွေမှာLiving together အပေါ် ထောက်ခဲ့တဲ့လူတွေအများကြီးရှိခဲ့သလို ရှုံ့ချတဲ့သူတွေလည်း အများကြီးရှိခဲ့ပါတယ် ။ ကဲဒါဆို ကျွန်တော်တို့ကရော Living together အပေါ် ဘယ်လိုမြင်ပါသလဲ ???? ။ နှစ်ဦးနှစ်ဖက်လုံးက လည်း သဘော တူတယ် အခြေအနေအရပ်ရပ်ကလည်း အိုကေတယ်ဆိုရင် ဘာမှဝေဖန်စရာ ၊ မှတ်ချက်ချစရာမရှိပါဘူး ။ ဒီနေရာမှာ အပိုင်း ၂ပိုင်းဖြစ်သွားပါပြီ ။
၁ ။ နှစ်ဦးနှစ်ဖက်လုံး သဘောတူညီခြင်း
“ အိုဗျာ.. အတူနေဖို့တောင် ညှိပြီးပြီပဲ နှစ်ယောက်လုံး သဘောမတူတာမျိုးရှိပါ့မလားဗျာ ” လို့ မေးစရာရှိပါတယ် ။ အဲဒါကတော့ အကျပ်ကိုင်ခြင်းပဲပေါ့ ။ ယောင်္ကျားလေးဖက်က“ နင်ငါ့ကို တကယ်ချစ်ရင် တကယ်ယုံတယ်ဆိုရင် ဒီတစ်ခါတော့ လိုက်လျောပေးပါ ” လို့ အကျပ်ကိုင်လာလို့ရှိရင် “ နင်ငါ့ကို တကယ်ချစ်တာ ဟုတ်ရဲ့လားဟာ ဒါဆိုငါနဲ့အတူနေမှ နင့်အချစ်ကို ယုံမယ် ” လို့ ဆိုလာရင် သာမန် အချစ်ကြီးတဲ့ မိန်းကလေး ၊ ချစ်သူအတွက် ဆို ဘာမဆို ပေးလိုက်မယ်လို့ ခံယူထားတဲ့ မိန်းကလေး ၊ စိတ်ပျော့လွယ်တဲ့ မိန်းကလေး ကတော့ ခေါင်းညှိတ်မိမှာအမှန်ပါပဲ ။ ဒီနေရာမှာ လက်ထပ်ပြီးမှ အပျိုစင်ဘ၀ကို ပေးမယ်လို့ ဆုံးဖြတ်ထားတဲ့ မိန်းကလေး တစ်ယောက်က ငြ်းလိုက်ပြီဆိုရင် ပြဿနာရှိလာပါပြီ ။ မိန်းကလေးကလည်း ပြတ်သားဖို့ လိုလာ ပြီပေါ့ ။ ငါ့ကိုတကယ်ချစ်တာလား ၊ ကာမ ကိုလိုချင်တာလားဆိုတာ ခွဲတတ်ဖို့လိုပါတယ် ။ တစ်ခုမှာချင်တာက မိန်းကလေးတစ်ယောက်ကို တကယ်နှစ်နှစ်ကာကာ ချစ်မိတဲ့ ယောင်္ကျားလေး တစ်ယောက် အဖို့ အဲဒီမိန်းကလေးဆီက ဘာမှလိုချင်တောင့်တမှု မရှိပါဘူး ။ သူ့ကို အမြဲဖြည့်ဆည်းပေးချင်တဲ့စိတ် သူပျော်နေ တာကိုပဲ မြင်ချင်တဲ့ စိတ်ကလေးသာ ရှိပါလိမ့်မယ် ။ ဒါကြောင့် နှစ်ဦးနှစ်ဖက် သဘောတူညီလို့ ဖြစ်မြောက် သွားတဲ့Living together တွေရှိသလို တစ်ဖက်က အတင်းအကျပ်ကိုင်လို့ မတတ်သာလို့ (သူမချစ်ဘူးလို့ ထင်သွားမှာစိုးလို့ ) အလျော့ပေးလိုက်ရတဲ့ တစ်ဖက်သတ် Living together တွေလည်းရှိပါလိမ့်မယ် ။
၂ ။ အခြေအနေအရပ်ရပ်က အဆင်ပြေခြင်း
Living together နေဖို့ဆိုရင် အခြေအနေအရပ်ရပ်က အဆင်ပြေမှသာလျှင် ဖြစ်မြောက်နိုင်မှာပါ ။ နိုင်ငံခြားမှာ မိဘကွယ်ရာမှာ ကိုယ့်ခြေထောက်ကိုယ်ရပ်တည်နေတဲ့သူမျိုးကို မဆိုလိုပါဘူး ။ မြန်မာနိုင်ငံအတွင်းမှာဆို မိဘ အလစ် လည်းဖြစ်ရဦးမယ် ။ ဥပမာ မိဘက ခရီးသွားနေတာမျိုး ၊ ဒါမှမဟုတ် အလုပ် (သို့မ ဟုတ်) ကျောင်းပြေးပြီး ရည်းစားနဲ့အတူသွားနေခြင်းစတဲ့အပြုအမူမျိုးကို ဆိုလိုတာပါ ။ ဒါမှမဟုတ် နယ်ကေ န မြို့တက် ပြီးတစ်ယောက် တည်းရပ် တည်နေ ရတဲ့သူမျိုး ။ ဇတ်လမ်းတွေကတော့ အမျိုးစုံရှိကြမှာပါ ။ မိုးက ရွာ မှောင်က လည်းမှောင်မိုးခိုရင်း ဟော်တယ်မှာ ရင်ခွင်ထဲ ရောက်သွားတဲ့သူတွေ ၊ သင်္ကြန် မှာ လျှောက် လည်ရင်း ချမ်းလွန်း လို့ အချမ်းပြေ ဘီယာလေးသောက် ဟိုတယ် ၊တည်းခိုခန်း ခဏရောက် သွားတဲ့အဖြစ်တွေ အများကြီးရှိကြမှာပါ ။
Living Together ၏ကောင်းကျိုးများ
သိပ်များများစားစားတော့ရှိမယ်မထင်ပါဘူး ။ အလွန်ဆုံး ၁ နာရီလောက် အတူနေပြီးတဲ့နောက် မှာ နှစ်ယောက် စလုံးရဲ့ သံယောဇဉ်တွေ ပိုပြီး ခိုင်မာလာမယ်လို့ သင်ထင်ပါသလား ။ နိုင်ငံခြားတိုင်းပြည်အနေနဲ့ကြည့်ရင်တော့ လက်မထပ်သေးပဲ Living together နေခြင်းဖြင့် တစ်ယောက်နဲ့တစ်ယောက်အချိန်ကြာကြာ လေ့လာနိုင်မယ် ။ ဒီအတောအတွင်း သဘောထားခြင်းမတိုက်ဆိုင်ရင် လမ်းခွဲကြမယ်ပေါ့ ။ ပြဿနာမရှိဘူး သူတို့ဆီမှာက ဒီ sex ကိစ္စသည် ဒီလောက်ကြီး အရေးတယူရှိတဲ့ ကိစ္စတော့မဟုတ်လှဘူး ။ ဒါကြောင့် တချို့ဆို ကလေးတွေ ဘာတွေရပြီးမှလက်ထပ်တာမျိုးလည်း ရှိတာပေါ့ ။ သူ့အယူအဆနဲ့သူ ၊ သူ့အိုးနဲ့သူ့ဆန် တန်နေတာပါပဲ ။
Living together ၏ ဆိုးကျိုးများ
မှတ်ရလွယ်အောင် အချက်ကလေးတွေစဉ်ပြီး ကြည့်ရအောင် ။
၁ ။ အပျိုစင်ဘ၀ကို ယူပြီးသွားတော့ ချစ်သူကကြာရင် ရိုးလာပြီး စွန့်ပစ်ခံရတာမျိုး ကြုံရနိုင်ပါတယ် ။ (ဒါကြောင့် ခက် ခဲလေ ပိုတန်ဖိုးမြင့်လေလို့ ဆိုခဲ့ကြတာပေါ့ )
၂ ။ တနည်းနည်းနဲ့ မိဘတွေသိသွားရင် အရှက် ၊ သိက္ခာ ကျဆင်းနိုင်မဲ့အဖြစ်မျိုးပါ ။ အထူးသဖြင့် မိန်း ကလေးတွေမှာပေါ့ ။
၃ ။ ကိုယ်က အပျိုစင်ဘ၀ပေးပြီးတော့ သူ့ဖက်က ကိုယ့်ကို တာဝန်ယူပါ့မလားဆိုတဲ့ ပူပန်သောကမျိုး (Anxiety) ရနိုင်ပါတယ် ။ အမြဲတမ်းစိတ်ပူနေရတတ်ပါတယ် ။ နောက်ဆုံး depressionအထိရနိုင်ပါတယ် ။
၎ ။ Living together နေခဲ့တုန်းက စိတ်ချရတဲ့ သန္ဓေတားနည်း (Safety contraceptive method) မသုံးခဲ့ရင် ကိုယ်ဝန်ရနိုင်ပါတယ် ။
၅ ။ ကိုယ်ဝန်ရလာခဲ့ရင် အဆင်သင့်မဖြစ်ကြသေးတော့ အများစုက ကိုယ်ဝန်ဖျက်ချခြင်း (Abortion) ဆိုတဲ့ဖက်ကို ဦးတည်ကြမှာပါ ။ ဒီအခါ အပစ်မရှိတဲ့ အသက်တွေသေကြရဦးမယ် ။
အထက်ပါ ငါးချက်ဟာ အကြမ်းဖျဉ်း ယေဘူယျ ဆိုးကျိုးငါးချက်ပဲရှိပါသေးတယ် ။ အသေးစိတ်ထပ်ချဲ့ရင် အများကြီး ရှိပါသေးတယ် ။ (ဥပမာ အကုန်လုံးလူသိရှင်ကြားသိသွားပြီမှယောင်္ကျားလေးဖက်က သဘောမတူဘူး တာဝန်မယူနိုင်ဘူးဆိုခဲ့ရင်.....................)
Living together ၏နောက်ဆက်တွဲကြုံတွေ့ရမည့် လူမှုရေးပြဿနာများ (Social Problems)
“ သေသေချာချာ ပြင်ဆင်ထားခြင်းမရှိပဲ ဧည့်သည်တစ်ယောက်ကို ဖိတ်ခေါ်ခြင်းဟာ အိမ်ရှင် တာဝန်မကျေပါဘူး ”
လုပ်ပြီဆိုမှတော့ ပီပီပြင်ပြင်ပေါ့ ။ ကဲ Living together ဘယ်တော့မှ အတူမနေဘူးဆိုရင်တော့ ဘာမှပြော စရာမရှိပါဘူး ။ ကဲ နေမယ်ရှင် ဆိုတဲ့မိန်းကလေးတွေအဖို့ ဘာတွေလုပ် သင့်သလဲဆိုတဲ့ အ ချက်တွေကို ရေးပေး လိုက်ပါတယ် ။
၁ ။ ကိုယ်ဝန်မရအောင် လုံးဝ ကာကွယ်မယ်ဆိုတဲ့ စိတ်ကိုမွေးပါ ။
၂ ။ မိမိရဲ့ partner ကို ကွန်ဒုံးသုံးခိုင်းပါ ။ တချို့လူတွေက မိန်းကလေးဖက်ထည့်မတွက်ပဲ တစ်လွှာခြားရင် တစ်ကမ္ဘာခြားတယ် လုပ်ကြသေးတယ် ။ အဲဒီနေရာမျိုးမှာ မိန်းကလေးဖက်က ပြတ်ပြတ်သားသားအမိန့်ပေးပါ ။
၃ ။ ကဲ ရှုံးနိမ့်သွားပြီဆိုပါစို့ ။ အမိန့်ပေးနိုင်စွမ်းမရှိလို့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိပြီဆိုပါစို့ ။ လိင်ဆက်ဆံမှုရဲ့ အမြင့်ဆုံးအချိန် သုတ်လွှတ်ခြင်းမရောက်ခင် ကြိုပြောခိုင်းပါ ။ သုတ်ရည်ကို မိမိ မိန်းမကိုယ် (vagina) ထဲမှာမလွှတ်စေပဲ အပြင်မှာ ထုတ်ခိုင်းပါ ။ဒီနည်းလမ်းကလည်း ပြောမယ့်သာပြောတာ အဲဒီအချိန်ကျမှ အပြင်ထုတ် ၊ အပြင်မှာ လွှတ်ဆိုတာ သိပ်တော့လွယ်မယ်မထင်ပါဘူး ။
၎ ။ ကဲ နံပါတ် ၃အချက်ကိုလည်း ရှုံးနိမ့်ပြီး သုတ်ရည်ကိုလည်း မိန်းမကိုယ်ထဲ လွှတ်မိသွားပြီး အရာအားလုံး ပြီးဆုံးသွားပြီဆိုပါစို့ ။ ကိုယ်ဝန်မရအောင် အရေးပေါ်သန္ဓေတားဆေး သောက်ဖို့လိုပါတယ် ။ ဈေးကွက်ထဲမှာ ၇၂ နာရီအတွင်း သောက်ရတဲ့အရေးပေါ်သန္ဓေတားဆေးတွေ အလွယ်တကူ ၀ယ်လို့ရပါပြီ ။ Levonogestrel 0.75 mg ပါဝင်ပါတယ် ။ လိမ်ဆက်ဆံပြီးပြီးချင်း ၇၂ နာရီအတွင်း စောနိုင်သမျှ စောစော စသောက်ရပါမယ် ။ ဆေး ၂ လုံးပါပါတယ် ။ ပထမဆေးသောက်ပြီး နောက် ၁၂ နာရီကြာရင်နောက်တစ်လုံးသောက်ရပါမယ် ။ ဆေးသောက်ပြီး လို့ ၁ နာရီအတွင်း ပျို့အန်ခဲ့ရင် ပြန်သောက်ရပါမယ် ။
၅ ။ ခဏခဏတော့ Living together အတူမနေမိပါစေနဲ့ ။ ဒါဆိုရင် အရေးပေါ်သန္ဓေတားဆေးကလည်း ကူညီပေးနိုင် မှာမဟုတ်ပါဘူး ။ ခဏခဏ နေမယ်စိတ်ကူးရှိရင် ရေရှည်စီမံကိန်း ဆွဲပါ ။ OC Pills လို့ခေါ်တဲ့ မြှားကဒ်လေးတွေသောက်မလား ၊ ၃ လခံဆေး 3 month depo injection ထိုးမလား ၊ IUD လို့ခေါ်တဲ့ သားအိမ် တွင်းထည့်ပစ္စည်းထည့်မလား သင်ကြိုက်ရာရွေးပါ ။
ချစ်ခြင်းမေတ္တာဆိုတာ sex နဲ့တွဲမှ လေးနက်ခိုင်မြဲတဲ့အရာမဟုတ်ပါဘူး ။ သူ့အလိုလို နားလည်ခွှင့်လွှတ် ချစ်တတ်ခြင်းဟာလည်း မွန်မြတ်တဲ့စိတ်ကလေးတစ်ခုပါပဲ ။
အထက်ပါအကြောင်းအရာများကို ရေးသားခြင်းဟာ လူငယ်လူရွယ်လေးတွေအဖို့ သိသင့်သိထိုက်တာတွေကို ရှင်းရှင်း လင်းလင်း သိပြီး ရှောင်သင့်တာရှောင်ဆောင်သင့်တာဆောင်နိုင်ဖို့ အတွက်ပဲဖြစ်ပါတယ် ။ Love နဲ့ Sex ကို ခွဲခွဲခြားခြား သိမြင်နိုင်ပါစေဟု လေးနက်စွာ ဆန္ဒပြုလျှက်.............။
(မရှင်းလင်းတာတွေ ထပ်ပြီးသိချင်တာတွေကို ကွန်းမန့်မှာမေးသွားနိုင်ပါတယ် ။ အတတ်နိုင်ဆုံး ပြန် လည်ဖြေပေးသွားပါ့မယ် ။ )
သက်တန့်ချို
23 Feb 2011
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
သိထားသင့်တဲ့ ကွန်ပျူ တာဆိုင်ရာ အခြေခံအချက်အလက်များ
ကျွန်တော် ဒီနေ့တော့ အားလုံးအတွက် ကွန်ပျူ တာကို လေ့လာနေသူတိုင်းအတွက် သိသင့်တဲ့ အခြေခံ အချက်လေးတွေကို ရေးပေးသွားပါမယ် .. ကျွန်တော် ဒီအကြောင်းအရာ လေးတွေကို ရေးပေးသင့်တာ ကြာပါပြီ .. စာရေးရတာ အာရုံမလာတာနဲ့ မရေးဖြစ်တော့တာပါ .. ကျွန်တော် ရေးမယ်ဆိုပြီး အကြောင်းအရာ တွေစုထားလိုက် မရေးဖြစ်လိုက်နဲ့ နောက်ပိုင်းတော့ ကျွန်တော် စာများများ ပြန်ရေးဖြစ်အောင် ကြိုးစားသွားပါမယ် .. စာရေးတယ် ဆိုပေမယ့်လည်း ကျွန်တော် အဓိကထားပြီး ရေးချင်တဲ့ ပုံစံလေးကို အရင်ပြောပြ ပေးပါမယ် .. 
ကျွန်တော် အကြောင်းအရာ တစ်ခုကို ရေးပါမယ် .. ဒါပေမယ့် အဲ့ဒီအကြောင်း အရာနဲ့ ပါတ်သတ်ပြီး နားလည်နိုင်မယ် ထင်တဲ့ ပုံစံနဲ့ နည်းနည်းနဲ့ ကျဲကျဲ ရေးပေးပါမယ် .. ဒါပေမယ့် အရမ်းကြီး အသေးစိတ်ကြီးတော့ ကျွန်တော် မရေးပေးပါဘူး .. ဘာလို့ မရေးပေးတာလည်း ဆိုတာ အကြောင်းရှိပါတယ် .. ကျွန်တော်တို့ အခုစာရေးပေးနေတဲ့ ရည်ရွယ်ချက်က ကွန်ပျူ တာကို လုံးဝနားမည်သေးတဲ့သူတွေ ကွန်ပျူတာကကို စပြီးအသုံးပြုခါစသူတွေ အနေနဲ့ အကြောင်းအရာ တစ်ခုထဲကိုပဲ အများကြီး ဖတ်နေရတဲ့ အခါမှာ သူတို့အနေနဲ့ အလွယ်တကူ နားလည်နိုင်ဖို့ ခက်ခဲပါတယ် .. ကွန်ပျူ တာ နယ်ပယ်မှာ အကျွမ်းဝင် ပြီးသားသူတွေ အနေနဲ့ အခက်အခဲ မရှိနိုင်ဘူး ဆိုရင်တောင် စတင်လေ့လာကာစ သူတွေ အတွက်တော့ အကြောင်းအရာ တစ်ခုကို ဖတ်နေရတာနဲ့တင် ကွန်ပျူ တာ အကြောင်းလေ့လာဖို့ တော်တော် စိတ်ညစ်သွားမှာ သေချာပါတယ် .. ဒါကြောင့် ကျွန်တော်က အကြောင်းအရာတစ်ခုနဲ့ ပါတ်သတ်ပြီး အများကြီး မရေးပေးဘူး .. အသေးစိတ်ပေါ့နော် .. ဒါပေမယ့် မျက်မြင် တွေ့နိုင်တာလေးတွေကို ပုံလေးတွေနဲ့ သဘောပေါက်အောင် ရေးပေးချင်ပါတယ် .. 
ကွန်ပျူ တာတွင်ရှိသင့်သည့် WinRAR ဆော့ဝဲ 32 bit / 64 bit
ဆော့ဝဲကို Run ပြီးလျှင် အောက်မှာလိုင်စင်ကီး rarreg ကို Copy ယူလိုက်ပါ ပြီးရင် Desktop ပေါ်က WinRAR icon ကို Right Click ထောက်ပြီး Properties ပြီးရင် Open file location မှာ လွတ်တဲ့နေရာ Mouse ထောက်ပြီး Paste ချလိုက်ပါ။ License Version သုံးလို့ရပါသည်။
Wednesday 25 January 2012
ကွန်ပျူ တာလက်ကွက်လေ့ကျင့်ရန်ဆော့ဝဲ
ကွန်ပျူ တာစတင်သင်ကြားသူများအတွက်မရှိမဖြစ်လက်ကွက်လေ့ကျင့်ရန်ဆော့ဝဲဖြစ်ပါသည်။ Download ချပြီးလျှင်  WinRar ဖြင့်ဖြည်လိုက်ပါ။ရရှိလာသောဖိုင်အသစ်ကို install လုပ်လိုက်လျှင်ရပါပြီ။
ဖိုင်ဖြည်နည်းကတော့ Rightclick ထောက်ပြီး  Extractfiles... ကလစ်လိုက်ပါ။ပြီးလျှင် Keep broken files ကို အမှန် ခြစ်ပြီး Ok နှိပ်လိုက်ရုံပဲ။
ရရှိလာတဲ့ဖိုင်အသစ်ထဲက setup.exe ကိုကလစ်လိုက်ပြီး Run လိုက်ပါ။ Register Now ကိုဘာမှမလုပ်ပါနဲ့ Finish ကိုနှိပ်ပြီး ပိတ်လိုက်ပါ။ Desktop မှာပေါ်လာတဲ့ MB icon ၂ချက်ကလစ်ပြီး ဖွင့်လိုက်ပါ။ Enter Name Here မှာမိမိနာမည်ထည့်လိုက်ပါ။ပြီးလျှင် Ok ကိုနှိပ်ပြီး Take a Lesson ကလစ်လုပ်ပြီးလျှင် STARTနှိပ်ပြီးစတင်လေ့ကျင့်လို့ရပါပြီ။
Tuesday 24 January 2012
ငါဝအောင်ငိုမယ်
ဟိန်းဝေယံ အဖေနှင့် ဝိုင်းစုခိုင်သိန်း ဖုန်းပြောကြခြင်း ( အသံဖိုင် )
ဝိုင်းစုခိုင်သိန်း နဲ့ ဟိန်းဝေယံ တို့ရဲ့ အချစ်မီး
အဆိုတော် ဝိုင်းစုခိုင်သိန်း နဲ့ သရုပ်ဆောင် ဟိန်းဝေယံရဲ့ ဖခင်အကြား ဝိုင်းစုနဲ့ ဟိန်းဝေယံတို့ ခိုးပြေးခဲ့ကြတဲ့ ကိစ္စနဲ့ ပတ်သက်ပီး အပြန်အလှန် ငြင်းဆို ပြောခဲ့ကြတဲ့ အသံဖိုင်ပါ။ ဒီအသံဖိုင်ကို Facebook စာမျက်နှာမှာ တင်ပီး ဖြန့် ခဲ့တာကြောင့် မြန်မာပရိတ်သတ်အကြား အထူးစိတ်ဝင်စားစရာ ဖြစ်နေတာပါ။ အသံဖိုင်ထဲမှာပြောတဲ့ စကားအရ ဝိုင်းစုနဲ့ ဟိန်းဝေယံ တို့ ခိုးပြေးခဲ့ကြတဲ့ ကိစ္စဟာ လွန်ခဲ့တဲ့ ၃နှစ်လောက်ကဖြစ်ပီး ဒီအသံဖိုင်ဟာလည်း အဲ့ဒီတုန်းက ဝိုင်းစုဖက်က record လုပ်ထားတဲ့ ဖိုင်လို့ သုံးသပ်သူတွေလဲ ရှိပါတယ်။ ဒါပေမယ့် ဝိုင်းစုခိုင်သိန်း လက်ထပ်တော့မယ်လို့ သတင်းထွက်နေချိန် အခုလို ၃နှစ်တောင် ကြာခဲ့ပီးချိန်မှ ဒီအသံဖိုင်ကို ဘယ်သူက အင်တာနက်ပေါ် တင်ခဲ့သလဲ ဆိုတာကလဲ မေးခွန်း ထုတ်စရာပါ။ ၂၀၁၀ ဒီဇင်ဘာလထုတ် ရွှေအမြုတေ မဂ္ဂဇင်း ပါ ဟိန်းဝေယံ နဲ့ အင်တာဗျူးမှာတော့ သရုပ်ဆောင် ယိန်းဝေယံက ချစ်သူလည်း မရှိဘူး ရည်းစားလဲ မရှိဘူးလို့ ဖြေထားတဲ့အပြင် ဘဝလက်တွဲဖော် ဘယ်တော့ရှာမှာလဲ မေးတဲ့မေးခွန်းအပေါ် ကြားရတာနဲ့ တောင် ကြက်သီးထတယ်လို့ ဖြေခဲ့ပါတယ်။
WyneSu by Erickimhttp://www.myanmarcelebrity.com
WyneSu by Erickim
Print this post
Monday 23 January 2012
shortcut တွေ ပုံစံတူလိုက်ပွားနေတဲ့(folder, .exe) virus ကို ဘယ်လို သတ်မလဲ.
စိုင်းစိုးလှိုင် : မင်္ဂလာပါ ကိုညီ . ကျွန်တော်က ကိုညီနေမင်း သင်ပေးနေတဲ့ နည်းပညာတွေကို ခံယူနေတဲ့ ညီငယ်ပါ။ အခု ကျွန်တော့်စက်က ပြသနာတက်နေလို့ ကူညီပါဦး ကိုညီ... desktop နှင့် စက်ထဲရှိ ဖိုင်အားလုံး Shortcut တွေဖြစ်နေပါပြီ.... ဖွင့်လို့လဲမရတော့ဘူး... အဲ့ဒါ ၀င်းဒိုးမတင်ပဲနဲ့... ဖြေရှင်းလို့ရမယ့် နည်းလမ်းကောင်းများရှိရင် ကျွန်တော့်ကို ကူညီပါဦး ကိုညီ....
အဲ့ဒီ့ virus ကို သတ်မယ့်အကြောင်း မပြောခင်မှာ အဲ့ဒီ့ virus ဘယ်လို အလုပ်လုပ်သလဲ အရင်ပြောပြပါ့မယ်.  ဖိုင်ဆိုက်သေးပြီး နာမည်မကြီးလို့များ သွားအထင်မသေးနဲ့နော် သုံးကြည့်လိုက်ဦး. အဲ့ ဒီ့ virus ၀င်လာရင် folder နာမည်တူ .exe format ဖိုင်နာမည်တူ စတဲ့ဟာတွေ အကုန်လျှောက်ပြီး ပေါ်လာပါတယ်. သတ်လို့လဲ မကုန်နိုင်လောက်အောင်ပါပဲ. ဒါပေမယ့် ဘယ်လောက်ပွားပွား စိတ်မပျက်ပါနဲ့ . သတ်လို့ရပါတယ်. ကျွန်တော်ကိုယ်တိုင်လည်း သတ်ခဲ့ပြီးတဲ့ အကောင်းဆုံးတစ်နည်းကို ပြောပြပါ့မယ်. အရင်တုန်းကတော့ antivirus ၂ မျိုးလောက်နဲ့ သတ်ရုံတင်မကဘူး registry ထဲကိုပါ ၀င်ပြီးပြင်ပေးရပါသေးတယ်. အခုတော့ မလိုတော့ပါဘူး. တစ်မျိုးတည်းနဲ့တင် သတ်လို့ရသွားပါပြီ. အောက်မှာ licence version ကိုပါ တင်ပေးလိုက်ပါတယ်. kaspersky နဲ့သတ်ဖို့ကြိုးစားတာ သိပ်အဆင်မပြေလိုက်ပါဘူး. ဘာလို့လဲဆိုတော့ တင်လို့ကို မရလို့ပါ. အဲ့ဒီ့နေရာမှာ မေးစရာရှိပါတယ်. အဲ့ဒါများဗျာ အဲ့ HDD ကို ဖြုတ်ပြီး kaspersky update ဖြစ်တဲ့ စက်မှာ သွားစစ်လိုက်ပေါ့လည်း မပြောပါနဲ့ ကျွန်တော် သတ်ခဲ့တုန်းက အဲ့ဒီ့ laptop က ၀ယ်ထားတာ မကြာသေးတဲ့အတွက် အာမခံ ရှိပါသေးတယ်. အဲ့အတွက်ကြောင့်မို့ အထဲက HDD ကို ဖြုတ်လို့မရပါ. virus တော်တော်များများဟာ သူတို့ ကွန်ပျူတာထဲကို ရောက်ပြီဆိုတာနဲ့ တင်ထားတဲံ (သို့)တင်မည့် antivirus program ကို အလုပ်မလုပ်နိုင်အောင် ပိတ်ထားတတ်ပါတယ်. အခုနည်းလေးနဲ့ ရှင်းပေးလိုက်ပါ. တစ်ခုပဲရှိပါတယ်. virus များရင် သတ်ရတာ လက်ညောင်းမယ် ဒါပါပဲ. ကဲအောက်မှာ ဘယ်လို လုပ်ရမလဲ ကြည့်လိုက်ပါ.
Photo Makeup Editor 1.85
အခုကျွန်တော် ဓာတ်ပုံအလွယ်တကူ ပြုပြင်ချင်တဲ့ သူတွေအတွက် Photo Makeup Editor လေးတင်ပေးလိုက် ပါတယ် .. ဒီကောင်လေးကို ကျွန်တော်တို့ ဘာအတွက် အသုံးပြုနိုင်လည်း ဆိုတော့ ပုံမှန်အတိုင်း ရှိနေတဲ့ ဓာတ်ပုံတစ်ပုံကို မိမိတို့စိတ်ကြိုက် အလှပြင်ယူလို့ ရတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ် .. အပြင်မှာ မိတ်ကပ်လိမ်း သလိုပဲပေါ့ဗျာ .. အသုံးပြုရတာ လွယ်ပါတယ် .. ကျွန်တော် ဒီကောင်လေးကို Full Version လေးနဲ့ အသုံးပြု လို့ရအောင် Serials Key လေးပါ ထည့်ပေးထားပါတယ် .. လိုအပ်လို့ အသုံးပြုချင်တဲ့ သူတွေကတော့ အောက်မှာ  ဒေါင်းလော့ ချသွားလိုက်ပါ ..
အချစ်ဆိုတာ...........
(၁) တကယ့်အချစ်ဆိုတာ ညည်းညည်းခံတာ မဟုတ်ဘူး။ လက်ခံတာဖြစ်တယ်။
တကယ့်အချစ်ဆိုတာ စိုးမိုးခြယ်လှယ်တာ မဟုတ်ဘူး။ အားပေးထောက်ခံတာဖြစ်တယ်။
တကယ့်အချစ်ဆိုတာ စီစစ်မေးမြန်းတာ မဟုတ်ဘူး။ နှစ်သိမ့်တာဖြစ်တယ်။
(၂) တကယ့်အချစ်ဆိုတာ ကျေးဇူးတင်တတ်ရသလို တောင်းပန်တတ်ရတယ်။
တကယ့်အချစ်ဆိုတာ ချစ်ခင်ကြင်နာတတ်ရသလို ခွင့်လွှတ်နားလည်တတ်ရတယ်။
တကယ့်အချစ်ဆိုတာ အမှားကိုပြင်တတ်ရသလို အမှားကိုလည်း ဝန်ခံရဲရတယ်။
(၃) တကယ့်အချစ်ဆိုတာ အချင်းချင်း စူးစိုက်ငေးမောနေတာ မဟုတ်ဘူး။ ဦးတည်ရာတစ်ခုတည်းကို နှစ်ယောက်အတူ ကြည့်တာဖြစ်တယ်။
(၄) တကယ့်အချစ်ဆိုတာ လှပ ပြီးပြည့်စုံတဲ့လူကို ရှာဖွေတာ မဟုတ်ဘူး။ ပြီးပြည့်စုံတဲ့အကြည့်နဲ့ မလှပ၊ မပြည့်စုံသူကို နှစ်သက်တတ်အောင် သင်ယူတာဖြစ်တယ်။
(၅) လက်ချင်းတွဲပြီဆိုတာနဲ့ လမ်းခွဲဖို့စကားကို အလွယ်တကူ မပြောတော့ပါနဲ့။
(၆) အချစ်ဆိုတာ လိုလိုလားလားပေးဆပ်ပြီး ချိုချိုခါးခါး အတူတကွ မျှဝေတာဖြစ်တယ်။
(၇) ဆုံးရှုံးသွားမှ တန်ဖိုးထားရကောင်းမှန်းသိတဲ့အထိ မစောင့်ပါနဲ့။
နာကျင်ထိခိုက်ပြီးမှ ခခယယ တောင်းပန်ရကောင်းမှန်းသိတဲ့အထိ မစောင့်ပါနဲ့။
တချို့အရာတွေက ဆုံးရှုံးသွားပြီးရင် ဘယ်တော့မှ အစားပြန်မရနိုင်တော့ပါဘူး။
(၈) အထီးကျန်ချိန်မှ အချစ်ကို ချစ်မိသွားတာမျိုး ဘယ်တော့မှ မဖြစ်ပါစေနဲ့။
အထီးကျန်လို့ချစ်တာ မဟုတ်ဘဲ အချစ်ကြောင့် အထီးကျန်တာကို မခံစားရတာပဲ ဖြစ်ပါစေ။
(၉) အချစ်က ထိခိုက်နာကျင်တာတွေအားလုံးကို ကုစားပျောက်ကင်းစေပါတယ်။
(၁ဝ) လူ့ဘဝတစ်သက်မှာ အရသာကင်း ပျင်းရိငြီးငွေ့တဲ့အချိန်၊ အခက်အခဲနဲ့ ကြုံတွေ့တဲ့အချိန်တွေ ရှိပါတယ်။ လူ့စိတ်အလိုမကျတဲ့ အခက်အခဲတွေကို ချိုးဖြတ်နိုင်တာ "အချစ်"ပါ။ အချစ်က လှပမှုတွေပေးသလို မျှော်လင့်ချက်ကိုလည်း ရှင်သန်စေပါတယ်။
(၁၁) အချစ်ရှိရင် အခက်အခဲဆိုတာ ဝန်တစ်ခု၊ ထမ်းပိုးတစ်ခု မဟုတ်တော့ပါဘူး။
(၁၂) လက်ရှိပိုင်ဆိုင်တဲ့အချစ်ကို တန်ဖိုးထားမြတ်နိုးတာဟာ ဟိုးဝေးဝေးက မရှိ၊ မဖြစ်သေးတာကို မျှော်မှန်းတမ်းတတာထက် ပိုအရာရောက်ပါတယ်။
အင်တာနက်ပေါ်က အချစ်လေးတွေပါ... ဘာသာပြန်မျှဝေခံစားပါတယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
အချစ်နဲ့ နားလည်မှု
သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က အချင်းချင်း စိတ်လက်ချမ်းသာစေတဲ့အချစ်ကို သယ်ဆောင်ပေးလာနိုင်သတဲ့။
သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က နောက်ဆုံးမှာ သင့်ကိုဆင်ခြေတွေးတောစရာ တစ်ခုပေးပါသတဲ့။ အဲဒီတွေးတောစရာက "လူ့ဘဝမှာ "နားလည်မှုရှိတာ"ဟာ "ချစ်တာ"ထက် ပိုအရေးပါတယ်" ဆိုတာပဲဖြစ်တယ်။
"သင့်ကိုနားလည်တဲ့သူ ချစ်ပါစေ"ဆိုတဲ့ သီချင်းဟောင်းတစ်ပုဒ်မှာ သီချင်းစာသားတစ်ခုက..... "ချစ်ကြိုက်တယ်ဆိုတာ တစ်ဘက်သားရဲ့ နေထိုင်မှုထဲဝင်ရုံတင်မဟုတ်ဘူး.. အချင်းချင်းရဲ့ဘဝထဲ ပိုဝင်နိုင်ရမယ်"လို့ ဆိုထားပါတယ်။ "အချစ်"ရဲ့ အမြင့်ဆုံးအဆင့်က "နားလည်မှု"ဖြစ်တယ်။
"နားလည်တာလား! ချစ်တာလား!"ဆိုတာကို လူတွေက ရွေးချယ်မှုပုစ္ဆာအဖြင့် သဘောထားပြီး လူအများက "ချစ်တယ်"ဆိုတာကို ရွေးချယ်တတ်ကြတယ်။ နားလည်တာထက် ချစ်ရတာဟာ လူကို ပိုကြည်နူးစေတယ်လို့ သူတို့ထင်ကြလို့ဖြစ်တယ်။
တကယ်တမ်းတော့ ဒီလိုမဟုတ်ခဲ့ပါဘူး...
မကြာခဏမြင်တွေ့နေရတဲ့ မပျော်ရွှင်တဲ့ ချစ်သူရည်းစားတွေ၊ လမ်းခွဲပြတ်စဲသွားကြတဲ့ ချစ်သူရည်းစားတွေဟာ အချင်းချင်း မချစ်ကြလို့မဟုတ်ဘူး။ အချင်းချင်း နားလည်မှုမပေးနိုင်ကြလို့ဖြစ်တယ်။ လူ့လောကထဲမှာ အချင်းချင်းနာကျင်အောင် ညှင်းပန်းနှိပ်စက်နေကြတဲ့ ယောက်ျားမိန်းမ၊ ချစ်သူစုံတွဲတွေဟာ မချစ်ကြလို့မဟုတ်ဘူး။ နားလည်မှု မရှိကြလို့ဖြစ်တယ်။
ချစ်သူဖြစ်ချိန်မှာ မိန်းကလေးတွေက ယောက်ျားလေးတွေကို နားလည်မှုပေးနိုင်တယ်လို့ သူတို့ကိုယ်သူတို့ ထင်ခဲ့ကြတယ်။ အသဲကွဲလမ်းခွဲချိန်ရောက်မှ အရင်ကနားလည်ခဲ့တဲ့ "နားလည်မှုတွေ"ဟာ "နားလည်မှုအလွဲ"တွေဆိုတာကို သူတို့သိကြရတယ်။
မိန်းကလေးတွေက နားလည်မှုမရှိဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။
မိန်းကလေးတွေက သူတို့ကိုယ်သူတို့ နားလည်မှုရှိတယ်လို့ ထင်ကြတယ်။
ယောက်ျားလေးတွေရဲ့စိတ်ကို မိန်းကလေးတွေ နားမလည်ကြဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။ ဒါဟာ မိန်းကလေးတွေရဲ့စိတ်ဒုက္ခကို ယောက်ျားလေးတွေ နားမလည်လို့လို့ မိန်းကလေးတွေက ထင်ကြတယ်။
ဒါကြောင့် နှစ်ယောက်ကမ္ဘာမှာ နားလည်မှုရှိဖို့က ချစ်ဖို့ထက် ပိုလုပ်နိုင်ဖို့ ခက်ခဲခဲ့တယ်။
သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က သင်လိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။
သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က သူလိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။
သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က တစ်ဝက်လုပ်ပြီး ဆတိုးခံစားတယ်၊ ချစ်ရတာလည်း
သက်တောင့်သက်သာရှိပြီး စိတ်ချမ်းမြေ့စေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုတွေ ခံစားစေတယ်။
သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က ဆတိုးလုပ်ပြီး တစ်ဝက်ပဲခံစားတယ်။ ချစ်ရတာလည်း စိတ်ပင်ပန်း၊
လူပင်ပန်းစေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုမပေးနိုင်ဘူး။
သင့်ကိုနားလည်မှုပေးနိုင်တဲ့သူ သင့်ကိုချစ်ပါစေ...
ချစ်တယ်ဆိုတိုင်း နားလည်မှုပေးနိုင်သူ မဟုတ်ပါဘူး။
အချစ်ကို အညံ့ခံ၊ အရှုံးပေးလိုက်ရတဲ့ လူတွေအများကြီးပါ။ ဒါပေမဲ့ အဲဒီလိုအညံ့ခံပြီးနောက် နောက်ဆုံးမှာ သူတို့နားလည်သဘောပေါက်လိုက်တာက "နားလည်မှုမပေးနိုင်သူတစ်ယောက်ရဲ့ အချစ်ဟာ အချစ်နက်လေ နာကျင်ညှင်းပန်းမှုများလေ" ဆိုတာပဲဖြစ်တယ်။
မူရင်းလင့် --- http://www.duwenzhang.com/wenzhang/aiqingwenzhang/ganwu/20110822/197585.html
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
သူသိစေ
G-talk အကောင့်ဖွင့်မရတော့ဘူးဆိုရင်
ကျွန်တော် အခုရေးမဲ့ ပို့စ်လေးက အခုတလောမှာ နေရာတိုင်းနီးပါးမှာ ကြုံနေရတဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ဖွင့်လို့မရတော့ဘူး Hack ခံလိုက်ရပြီလို့ ထင်တဲ့သူတွေ မိမိ G-mail ဖွင့်လို့ မရတော့တဲ့ အတွက် စိတ်ညစ်နေရသူတွေ အတွက်ပါ .. သတိထားမိ ကြရင်တော့ သိပါလိမ့်မယ် .. အခုလိုမျိုးတွေ ကြားနေရတာ ဒီလပိုင်းအတွင်းမှာပါ .. အဲ့ဒါဘာကြောင့် ဖြစ်ရလည်းဆိုတော့ ကျွန်တော်တို့ရဲ့ Google ကြီးကနေပြီးတော့ သူရဲ့ User တွေရဲ့ အကောင့်တွေကို အခိုးခံရတာတွေ မဖြစ်ရလေအောင် G-mail အကောင့် Password လွယ်လွယ်လေးတွေ ပေးထားတဲ့ အကောင့်တွေကို Verify ပြန်လုပ်ခိုင်းပြီး Password တွေကို လွယ်လွယ်ကူကူနဲ့  ယူလို့မရအောင်  Security ပိုင်းမြှင့် လိုက်တာကြောင့် ဖြစ်ပါတယ် .. ကြုံဖူးတဲ့သူတွေ သတိထား ကြည့်လိုက်ပါ .. အခုလိုမျိုး ဘယ်လိုအကောင့် မျိုးတွေမှာ ဖြစ်တက်လည်း ဆိုရင် Password ကို ( ဥပမာ ။  ။  12345 , nayminmaung  , maungmaung , 5201457  ) အစရှိသဖြင့် ပေးထားတဲ့ အကောင့်မျိုး တွေဖြစ်တာများ ပါတယ် .. 
အခုလိုမျိုး မိမိတို့ရဲ့ G-talk အကောင့်ဟာ အသုံးပြုနေရင်းနဲ့ ရုတ်တရက် အကောင့်က ပိတ်သွားပြီး ပြန်ဝင်လို့ မရတော့ ဘူးဆိုရင် မိမိတို့ရဲ့ အကောင့်ကို Google က Verify လုပ်ခိုင်းနေ ပြီဆိုတာကို တန်းသိလိုက်ပါတော့ .. သိတဲ့သူတွေအတွက် လွယ်ပေမယ့် မသိသေးတဲ့ သူတွေအတွက်တော့ အခက်အခဲရှိတာမို့  ကျွန်တော် Verify ဘယ်လို လုပ်ရမယ်ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ရှင်းပြပေးထားပါတယ် ..
အရင်ဆုံး မိမိတို့ရဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ပိတ်သွား ပါလိမ့်မယ် .. အဲ့ဒါနဲ့ ပြန်ဖွင့်ကြည့် လိုက်ရင် အောက်က ပုံအတိုင်း ပြနေပါလိမ့်မယ် .. 
G-Mail အကောင့်ကို စိတ်ချလက်ချသုံးကြရအောင်
ကျွန်တော် ဒီအကြောင်းအရာ လေးကို ရေးပေးချင် တာတော့ ကြာပါပြီ .. ဒါပေမယ့် ရေးမယ်လုပ်လိုက် မရေးဖြစ်လိုက် ဖြစ်နေလို့အခုမှပဲ ရေးဖြစ်သွားတာပါ .. ကျွန်တော်တို့  လက်ရှိ အသုံးပြူနေကြတဲ့ G-Mail အကောင့်တွေနဲ့ ပါတ်သတ်ပြီး လွယ်လွယ်ကူကူ Recovery ပြန်လုပ်လို့ ရမယ့် နည်းလမ်းလေးမို့ ရေးပေးချင်တာပါ .. ဘာပဲ ပြောပြော ဒီနည်းလမ်းလေးကို သိထားပြီ ဆိုတာနဲ့  G-Mail အကောင့် Password ပျောက်သွားလို့ပဲ ဖြစ်ဖြစ် Password မေ့သွားလို့ပဲ ဖြစ်ဖြစ် ကျွန်တော် အခုပြောတဲ့ နည်းလမ်းလေးအတိုင်း အလွယ်တကူ Recovery ပြန်လုပ်လို့ ရမှာဖြစ်ပါတယ် .. ဒါလေးတွေက ခက်ခက်ခဲခဲ နည်းလမ်း တစ်ခုတော့မဟုတ်ပါဘူး .. ပုံမှန် Password Recovery လုပ်တဲ့ နည်းလမ်းလေးပါပဲ .. ဒါပေမယ့် အများစုက မသိကြတော့ ခက်ခက်ခဲခဲတွေ လျောက်တွေး ကုန်ကြတာပါ .. ကျွန်တော် အခုပြောပြမဲ့ Recovery နည်းလမ်းလေးတွေကိုတော့ အားလုံးကို သိထားစေချင်ပါတယ် .. ဒါမှလည်း မိမိတို့ G-Mail အကောင့် Password ပျောက်သွားလို့ပဲ ဖြစ်ဖြစ် Password အချိန်းခံလိုက်ရရင်ပဲ ဖြစ်ဖြစ် အလွယ်တကူ Recovery ပြန်လုပ်လို့ ရမှာဖြစ်ပါတယ် .. 
အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို အလွယ်တကူ Recovey ပြန်လုပ် ပေးနိုင်ဖို့ အတွက် မိမိတို့ရဲ့ G-Mail အကောင့် Personal Setting လေးတွေကိုတော့ အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးအတိုင်း သွားပြီး စိတ်ကြိုက် ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ် .. အရင်ဆုံး မိမိတို့ G-Mail အကောင့်ကိုဝင်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း Account Setting ကိုသွားလိုက်ပါ ..
Friday 20 January 2012
Facebook အပါအဝင် ပုံများကို Zoom ဖြင့် ကြည့်ရအောင်
ပထမဦးဆုံး ပြောချင်တာကတော့ ဒီပို့စ်ဟာ Mozilla Firefox သုံးသူများ အတွက်သာ ဖြစ်ပါတယ်။ ကျန်သော ဘရောက်ဇာများ အတွက် မဟုတ်ပါဘူး။ ဒါကြောင့် တခြားသော ဘရောက်ဇာ သုံးသူများကိုတော့ ကြိုပြီးတော့ တောင်းပန် ထားရမှာပါပဲ။
ဒါဆိုရင် မော်ဇီလာ သုံးသူများ အတွက်ကို ပြောပြပေးပါ့မယ်။ ဒါလေးကို ဘာကြောင့် သုံးသင့်လဲ ဆိုတော့ အထူးသဖြင့် နှေးကွေး လေးလံလှသော မြန်မာနိုင်ငံရဲ့ အင်တာနက် အနှေးနှုန်းနဲ့ ဆိုရင် google မှာ ကိုယ်ရှာနေသော ပုံတစ်ပုံကို မြင်ရအောင် ၊ Facebook မှာ ကိုယ်ကြည့်ချင်သော ပုံတစ်ပုံကို ကြည့်လို့ရအောင် ဆိုတာ ထိုပုံဆီကို ရောက်အောင် သွားနေတာနဲ့ အချိန် အလွန်ကုန်ပါတယ်။
ဒါကြောင့် ဒီပုံပြီး နောက်တစ်ပုံကို သွားကြည့်တဲ့ အချိန်ဟာ အလွန်ကြာလို့ Facebook အပါအဝင် တခြားသော နေရာများမှ ပုံများကို အသေးစိတ် မြင်ဖို့ အတွက် တစ်ပုံပြီး တစ်ပုံ ကလစ်နှိပ်ကာ သွားရောက် ကြည့်ရှု့ရန် မလိုတော့ခြင်းပါပဲ။ မောက်စ်ရဲ့ ကာဆာလေးကို ကိုယ်ကြည့်ချင်သော ပုံလေးပေါ်မှာ တင်ထားလိုက်တာနဲ့ သူက သူ့ဖာသာ Zoom ဆွဲပြီး ပုံကြီး ချဲ့ပေးမှာ ဖြစ်ပါတယ်။
Avast AntiVirus 5.0.5 + Serial Key
ကျွန်တော် Avast AntiVirus 5.0.5  ကို Serials Keys လေးနဲ့တင်ပေးလိုက်ပါတယ်။ကျွန်တော်စက်ကိုဒီတိုင်း
ပစ်ထားတာတစ်ပါတ်လောက်၇ှိပြီ..။အ၇င်၇ှိပြီးသား Antivirus ကိုဖြုတ်ပြီးပြန်တင်မယ်တင်မယ်နဲ့ဒီတိုင်းထား
လိုက်တာဒီနေ့တော့ Antivirus လေးတော့ပြန်တင်ထားလိုက်ပါအုံးမှဆိုပြီးလိုက်၇ှာလိုက်တာဒီကောင်လေး
ကို Serials Keys လေးနဲ့၇လာလို့တင်ပေးလိုက်ပါတယ်။ Avast ကြိုက်နှစ်သက်သူတွေအတွက်တော့အဆင်
ပြေမှာပါ။ Trail Version သုံးစ၇ာမလိုတော့ဘူးပေါ့ဗျာ..။ကျွန်တော် Keys ထည့်နည်းလေးကိုတော့အောက်မှာ
ပုံလေးနဲ့၇ှင်းပြပေးထားပါတယ်။ဒီကောင်လေးကိုဘယ်လိုအသုံးပြု၇မယ်ဆိုတာတော့သိမယ်ထင်ပါတယ်။
လိုအပ်၇င်တော့ကျွန်တော်ပြောပြပေးပါမယ်။နောက်မှပဲ virus နဲ့ပါတ်သတ်ပြီးကျွန်တော်ဖတ်ထားတာလေး
တွေကိုပြန်ပြီးစုစည်းပြီးေ၇းပေးတော့မယ်ဗျာ.။Key ထည့်နည်းလေးကတော့..
Avast! Pro Antivirus 6 + License Key Expiry Date 2038
ကျွန်တော် ဒီတစ်ခါ Avast Antivirus Pro လေးကိုတင်ပေးလိုက်ပါတယ်။ သူ့ License key ရဲ့ Expiry Date 
ကတော့ ခေါင်းစဉ်မှာ ပြပေးထားတဲ့ အတိုင်းပါပဲ 2038 အထိပါ။ Avast ကိုအသုံးပြုနေတဲ့သူတွေအတွက်အဆင်ပြေ
အောင်တင်ပေးလိုက်ပါတယ်။ Update ထွက်လာတိုင်းလဲ တင်တင်ပေးသွားပါ့မယ်။ ဖိုင်ဆိုဒ်ကတော့ 70 MB ရှိပါတယ်။
အောက်မှာ ယူသွားလိုက်ပါဗျာ။
အခုတော့ ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေးကနေသာယူသွားလိုက်ပါဗျာ။
Avast! Pro Antivirus 6 
Downlaoding from ifile.it
Source : နေမင်းမောင်(နည်းပညာပြန်လည်မျှဝေခြင်း)
win rar ဖြင့် ဖိုင်ဖြေနည်း
Khine Pan Sone : အစ်ကိုရေ ဖိုင်တွေက ဘယ်လိုဖြေရမှာလဲ မသိဘူး . ms 2003 က Download လုပ်ပြီးပါပြီ . ဘယ်လိုဆက်လုပ်ရမှာလဲ ပြောပြပေးပါဦး .
ကျွန်တော် ဒါကို လွယ်လို့မရေးတာပါ . တော်တော်များများက ဖိုင်ဖြေနည်းကို မသိကြဘူး ဖြစ်နေတယ် . အဲ့ဒါကြောင့် ရေးလိုက်တာပါ . လွယ်ပါတယ် . ဖိုင်ဘာ့ကြောင့် အများကြီးခွဲပြီး တင်ရသလဲလို့ မေးချင်တဲ့ သူများအတွက် တစ်ခါတည်း ဖြေပေးပါ့မယ် . ဖိုင်တစ်ဖိုင်ကို 250 MB ရှိကြတယ်စိုပါစို့ဗျာ . အဲ့ဖိုင်ကို မခွဲပဲနဲ့ 250 MB တစ်ဖိုင်တည်း hosting site မှာ upload လုပ်ပြီး တင်လိုက်မယ်ဗျာ . တင်တဲ့သူဖက်က speed ကောင်းရင်တော့ အိုကေမယ် . အဲ့လိုတင်လိုက်ခြင်းအားဖြင့် ဆိုးကျိုးတွေ ဘာတွေဖြစ်လာမလဲ
(၁) Download လုပ်တဲ့သူဖက်မှ အချိန်ကြာမြင့်စွာ Download လုပ်ယူရခြင်း
(၂) ဖိုင်တင်သည့် သူဖက်မှလဲ ဖိုင်ဆိုက်ကြီးသည့်အတွက် ၀ဘ်ဆိုက်တွေက လက်မခံခြင်း (၀ဘ်ဆိုက်တိုင်း အများဆုံး 200 MB လောက်အထိပဲ လက်ခံတတ်ပါတယ်)
(၃) ၀ဘ်ဆိုက်မှ သတ်မှတ်ထားသော အချက်ထဲတွင်ပါဝင်သည့် ဖိုင်ဆိုက် 100 MB နှင့်အထက်ဆိုလျှင် တစ်ပတ်အတွင်း တစ်စုံတစ်ယောက်မှ Download လုပ်ယူမှုမရှိလျှင် အဆိုပါဖိုင်သည် ဖိုင်ဆိုက်ကြီးသောကြောင့် server မှာ ဖျက်ပစ်ခြင်းခံရပါသည် . ဥပမာ ... ifile.it ဆိုက်မှာဆိုရင် ဒီနေရာ မှာ သွားဖတ်ကြည့်ပါ
HJSplit ဖြင့် ဖိုင်ဖြေနည်း ..
ကဲ ပထမဦးဆုံး Program ကို အရင် Download လုပ်လိုက်ပါဦး . အရင်က ဒီပို့စ်မှာ တင်ထားပေး ပါတယ် . Download လုပ်ပြီးတာနဲ့ အောက်ကပုံအတိုင်း ကိုဖြေမယ့်ဖိုင်တွေကို တစ်နေရာတည်းမှာ စုထားလိုက်ပါ .. ပုံနှင့် တစ်ပုံချင်းစီ ပြထားပါတယ် . ပုံသေးနေရင် ကလစ် နှိပ်လိုက်ပါ ပုံကြီး ထွက်လာပါ လိမ့်မယ် .. Hj split ဟာ ဖိုင်ခွဲတဲ့နေရာမှာ အကောင်းဆုံးပါ. win rar တို့ win zip တို့က ဖိုင်ခွဲပြီး ပြန်ပေါင်းတဲ့ အချိန်မှာ error တက်တတ်ပါတယ်. hj split မှာတော့ အားလုံးအဆင်ပြေပါတယ်. 
Recycler virus ကို ဘယ်လို သတ်မလဲ
ကဲ ပို့စ်မတင်ဖြစ်တာလဲ အတော်ကြာပြီ စိတ်ပျက်မိတာလဲ ပါတာပေါ့ . ကျွန်တော့်အဖြစ်က တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းတယ်ဗျ . ရန်ကုန်က အင်တာနက်ဆိုင် တစ်ဆိုင်ကနေ မေးလ်သွားသုံးမိ လိုက်တယ် . အဲ့ဒီ့နေ့က သုံးတဲ့ ကွန်ပျူတာကို keylogger ရှိမရှိကို သွားမစစ်မိလိုက်ဘူး . နောက်တစ်ရက်လဲ ရောက်ရော အကောင့်က ပါသွားပါလေရော . အဲ့တော့ ကျွန်တော့်ကို မေးချင်တဲ့သူများ nyinaymin.com@gmail.com အစား konyinaymin@gmail.com ကို invite လုပ်ပေးကြဖို့ အကြံပြုလိုပါတယ် .
ဒီနေ့တော့ စိတ်ပျက်တာကို ဘေးနားမှာထားပြီးတော့ ပို့စ်လေးတစ်ခုကို ရေးလိုက်ပါတယ် . မေးတဲ့သူကတော့ များပါတယ် . အစ်ကိုရယ် recycler virus ကို ဘယ်လို သတ်မလဲတဲ့. အောက်မှာ တင်ပေးလိုက်တဲ့ဖိုင်လေးကို မိမိသုံးနေတဲ့ စက်ထဲမှာ Run လိုက်ပါ . Run ပြီးတာနဲ့ ခဏစောင့်လိုက်ပါ .. အားလုံးပြီးသွားတာနဲ့ စက်ထဲမှာ လုံးဝ ဖျက်လို့မရဘူးဆိုတဲ့ Recycler virus ဖိုင်တွေ အကုန် ပျက်သွားတာကို ၀မ်းမြောက်ဖွယ်ရာ တွေ့ရမှာပါ . အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် .
Related Posts Plugin for WordPress, Blogger...