
မင်္ဂလာပါခင်ဗျာ.
ဒီတစ်ခါတော့ ဇော်ဂျီလက်ကွက်အကြောင်း နည်းနည်းပြောပြချင်ပါတယ်. လက်ရှိရေးနေတဲ့ ဘလော့ဂါတွေအတွက်တော့ ဒီပို့စ်လေးက နှမ်းဖြူးသလို ဘာမှမပြောပလောက်ပေမယ့် အခုမှ စရေးမယ့် ဘလော့ဂါအသစ်လေးတွေ၊ လူကြီးတွေအတွက်တော့ အသုံးဝင်မယ်လို့ ယူဆပါတယ်. ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ဆီကို တစ်ချို့ အီးမေးလ်ပို့ပါတယ်. ဇော်ဂျီမှာ ပါဠိပါဋ္ဌ်ဆင့်တွေ ဘယ်လိုရိုက်ရလဲ မသိလို့ ရှင်းပြပေးစေလိုပါတယ်တဲ့.
ဒါတင်မကသေးပါဘူး. တစ်ချို့သော ဘလော့ဂ်တွေကို လိုက်ကြည့်မိတော့ သူတို့တွေ ပါဠိပါဋ္ဌ်ဆင့်တွေကို မှန်ကန်အောင် မရိုက်ယူနိုင်တာတွေ တွေ့နေရပါတယ်. ဒါကြောင့် ကျွန်တော်ဒီပို့စ်ကို ရေးဖြစ်သွားခဲ့ပါတယ်လို့ စကားပလ္လင်ခံလိုပါတယ် ခင်ဗျာ.
ကဲ. စလိုက်ကြရအောင်နော်.
ဒါက ဇော်ဂျီလက်ကွက်ပါ. ဒေါင်းလုပ် ရယူနိုင်ပါတယ်.