HomeMovies Blogger Saw Eh Lor News Health Dictionary
. .

Wednesday, 7 December 2011

Dream Aquarium Screen Saver

 Dream Aquarium Screen Saver လေး

အောက်မှာတင်ပေးလိုက်ပါပြီဗျာ .

Monday, 5 December 2011

Microsoft Office 2010 အား Active လုပ်နည်း - နေမင်းမောင်




Source : နေမင်းမောင်
 မေးထားတာလေးတွေလဲရှိတာနဲ့ကျွန်တော်အဆင်မပြေတဲ့သူတွေပါအလွယ်တကူအဆင်ပြေစေချင်လို့ပို့ဒ်
လေးတစ်ခုတင်ပေးလိုက်ပါတယ်..။ Microsoft  Office  2010  ကိုတော့ကျွန်တော်သက်သက်တင်မပေးတော့
ပါဘူး..အရင်တင်ပြီးသားလင့်ကိုပဲညွန်းလိုက်ပါတော့မယ်အဲ့ဒီမှာသာသွားယူလိုက်ပါ..။ဒီကောင်လေးကိုဘယ်
လို  Active  လုပ်ရမယ်ဆိုတာကိုတော့အောက်မှာပုံလေးတေါနဲ့ရှင်းပြပေးထားပါတယ်...

အရင်ဆုံးမိမိတို့ရဲ့ကွန်ပျူတာမှာ  Microsoft  Office  2010  ကို  Install  လုပ်လိုက်ပါ..။ Install  လုပ်ပြီးပြီဆိုတာ
နဲ့အောက်မှာကျွန်တော်ပြထားသလိုအဆင့်ဆင့်သွားလိုက်ပါ...

Using System Restore in Windows 7 and Vista - 11 Dreams


ဒီမှာ
သွားလိုက်ပါ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Windows 7 Version အနိမ့်ကနေ အမြင့်ကို Upgrade လုပ်နည်း - ညီနေမင်း(နည်းပညာ)


Source : ညီနေမင်း(နည်းပညာ)
 thet thet " window starter ကနေ window 7 ကိုပြောင်းချင်ပါတယ် ... ဘယ်လိုပြောင်းရ မလဲဟင် ..ပြောင်းလို့ရော ရနိုင်ပါသလား ..ကျေးဇူး တင်ပါတယ်"

ပြောင်းလို့ရပါတယ်. ဘာတွေကို ဘယ်လိုပြောင်းရသလဲ ဆိုရင်တော့ ပထမဦးဆုံး ပြောင်းလို့ရတာတွေကို ပြောပြပါ့မယ်. အဲ့ဒါကို ကြည့်ပြီးတော့ ဘယ်ဟာကို ပြောင်းသင့်သလဲ စဉ်းစားပါ. version အနိမ့်ကနေ version အမြင့်ကို Upgrade လုပ်လို့ရပါတယ်. သူ့ version အလိုက် အောက်မှာ ဖော်ပြထားပါတယ်.  အရင်ဆုံး ဘာလို့ ပြောင်းချင်တာလဲဆိုရင် အခုလက်ရှိ window အမျိုးအစားကို မကြိုက်ဘူး ဒီ့ထက်မြင့်တာကို upgrade လုပ်ချင်တာမျိုးလဲ ရှိသလို . Window တော့ တင်ချင်ပါရဲ့ ဒါပေမယ့် driver တွေ software တွေနဲ့ လိုအပ်တာတွေကို ပြန်တင်နေရမှာက အလုပ် တစ်ခုလို ဖြစ်နေတာမျိုးတွေလဲ ရှိမှာပါ. အခုလို window upgrade လုပ်လိုက်ခြင်းကြောင့် မိမိရဲ့ ယခင် တင်ထားတဲ့ driver တွေနဲ့ install လုပ်ထားတဲ့ software တွေကို ဘာတစ်ခုမှ ထိခိုက်မှာ မဟုတ်ပါဘူး. 










  1. Windows 7 Starter ကနေ ဆိုရင် Home premium, Professional,Ultimate သုံးမျိုးမှာ ကိုကြိုက်တဲ့ version ကို upgrade လုပ်လို့ ရပါတယ်.
  2. Windows 7 Home premium ကနေဆိုရင်တော့  Professional နှင့် Ultimate နှစ်မျိုးမှာ ကိုကြိုက်တဲ့ version ကို upgrade လုပ်လို့ ရပါတယ်.
  3. Windows 7 Professional ကနေဆိုရင်တော့ Ultimate တစ်မျိုးကိုပဲ upgrade လုပ်လို့ရမှာပါ. 

 အဲ့တော့ upgrade လုပ်နည်းကို ပြောပြပါ့မယ်.
  • Start ရဲ့အပေါ်မှာ Search Programs and Files ဆိုတဲ့ Search box လေးတစ်ခု ရှိပါတယ်. အဲ့ဒီ့အကွက်ထဲမှာ ပုံထဲကအတိုင်း Anytime Upgrade လို့ပဲ ရိုက်ရိုက် Windows Anytime Upgrade လို့ရိုက်ရိုက် ကြိုက်သလို ရိုက်ရှာလိုက်ပါ အပေါ်က result မှာ windows anytime upgrade ဆိုပြီးတော့ တွေ့ရပါလိမ့်မယ်. 

Thursday, 1 December 2011

Angry-Birds ဂိမ်းဆော့ရန်




USB Write Protected Error - ကိုမြတ်



Click

ပြတင်းပေါက် - ဂျူး

JUU -- Window





Source : ဂျူး

ခဲတံ နဲ့ လူ့ဘ၀ - နိုင်းနိုင်းစနေ

.




ပညာရှိတွေက ခဲတံကို အချက်(၅)ချက်နဲ့ ဖွဲ့ဆိုတယ်။

(၁) လူတွေရဲ့ဆုပ်ကိုင်ခြင်းကို သင်ခံနိုင်ရည်ရှိမှ သင့်ရဲ့တာဝန်ကို သင်ပြီးမြောက်နိုင်မှာဖြစ်တယ်။

(၂) ချွန်မြအောင် အချွန်ခံရတဲ့နာကျင်ဒဏ်ကို သင်ခံနိုင်မှ သင့်အရည်အချင်းကို သင်ထုတ်ပြနိုင်မှာဖြစ်တယ်။

(၃) သင်တစ်သက်မှာ အမှားမလုပ်မိဘူးဆိုတာ မရှိဘူး။ အမှားလုပ်မိတဲ့အခါ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့ ခဲဖျက်ရဲ့အကူအညီကိုယူပါ။ ဒါမှ လှပတဲ့အရာတွေကို သင်အရာထင်ဖန်တီးနိုင်မှာဖြစ်တယ်။

(၄) ချောမွတ်တဲ့အရာပေါ်ရောက်လေ သင့်အားကို ပိုစိုက်ထုတ်ရလေပါ။ ဒါမှ သင့်ဘဝ အရာထင် ကျန်ရစ်နိုင်ခဲ့မှာဖြစ်တယ်။

(၅) သင့်ရဲ့အရေးပါဆုံးအရာဟာ သင့်အပြင်ပန်းသဏ္ဌာန်မဟုတ်ဘူး.. သင့်ရဲ့အတွင်း "အဆံ"ဆိုတာကို အမြဲမှတ်ထားပါ။


လူ့ဘဝဟာလည်း ခဲတံတစ်ချောင်းနဲ့တူပါတယ်။ အောင်မြင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ချင်ရင် အောက်ကအချက်(၅)ချက်ကို မှတ်သားရပါတယ်။

(၁) သူတစ်ပါးလက်အောက်မှာ အလုပ်လုပ်ဖို့ ခံနိုင်ရည်ရှိမှ သင့်စိတ်ကူးအိပ်မက်ကို သင်အကောင်အထည် ဖော်ဖြစ်နိုင်မှာဖြစ်တယ်။

(၂) ဘဝရဲ့အခက်အခဲ၊ ပြဿနာတွေကို ခါးစီးခံနိုင်မှ စိတ်ဓာတ်ကြံ့ခိုင်အား၊ လုပ်နိုင်အားစွမ်းရည်တွေက သင်ပိုင်ဆိုင်မှာဖြစ်တယ်။

(၃) သင့်ဘဝမှာ အမှားမလုပ်မိဘူးဆိုတာ မရှိနိုင်ဘူး။ အမှားလုပ်မိတဲ့အခါ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့ တခြားသူရဲ့အကူအညီကို ယူပါ။ ဒါမှ လှပတဲ့ဘဝကို သင်ဖန်ဆင်းနိုင်မှာဖြစ်တယ်။

(၄) ဆင်းရဲဒုက္ခများတဲ့ ပတ်ဝန်းကျင်ရောက်လေ သင်အားစိုက်ထုတ် ကြိုးစားရလေပါ။ ဒါမှ သင့်ဘဝ အောင်မြင်မှုတွေ ရမှာဖြစ်တယ်။

(၅) သင့်ဘဝရဲ့ အရေးပါဆုံးအရာက သင့်ပြင်ပအရာဝတ္ထုတွေ မဟုတ်ဘူး.. သင့် အတွင်းစိတ်ဆိုတာကို မြဲမြဲမှတ်ထားပါ။

မူရင်း-- http://www.rs66.com/a/1/86/qianbiyurensheng_78753.html

Source : နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Related Posts Plugin for WordPress, Blogger...