HomeMovies Blogger Saw Eh Lor News Health Dictionary
. .

Thursday, 2 February 2012

ပျိုမေတို့အတွက် ငှက်ပျောသီး



ပျိုမေတို့ လက်ရှိသုံးနေတဲ့ အလှကုန်တွေအများစု ငှက်ပျောသီးနဲ့ ပြုလုပ်ထားတဲ့ အလှကုန်တွေပဲ ဖြစ်ပါတယ်။ ငှက်ပျောသီးဟာ အသားအရေ အတွက် အကျိုးရှိစေတာမို့ ဝက်ခြံပျောက်အလှကုန်တွေမှာ များသော အားဖြင့် သုံးပြုကြပါတယ်။ ဒါ့အပြင် ဆံကေသာအတွက်လည်း နူးညံ့ခြင်း၊ နှစ်ခွဖြစ်ခြင်းများကို တားဆီးပေးတာမို့ ဆံကေသာ အလှကုန် ပစ္စည်းတွေမှာလည်း ထည့်သွင်းအသုံးပြုကြပါတယ်။ ဒါကြောင့် ငှက်ပျောသီးဟာ ပျိုမေတို့ရဲ့ မိတ်ဆွေကောင်းတစ်ယောက်ဆိုရင် မမှားပါဘူး။ ငှက်ပျောသီးရဲ့ အစွမ်းတွေဟာ ကျန်ရှိ နေသေး တာ မို့ ဖော်ပြလိုက်ပါတယ်။

စိတ်ဖိစီးမှု
ထရိုင်တိုဖန်နဲ့ အမီနိုအက်ဆစ်တွေပါဝင်တဲ့ အတွက် စိတ်ဖိစီးမှုကို သက်သာရာရစေပြီး လူကို လန်းဆန်းစေပါတယ်။ ပိုတက်ဆီယမ်ဓာတ် အများအပြားပါဝင်တဲ့အတွက်ကြောင့်လည်း နှလုံးခုန်နှုန်းကို ပုံမှန် ဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ ရေဓာတ်ပါဝင်မှု အနေအထားကို ဟန်ချက်ညီအောင် ညှိပေးပါတယ်။လူတစ်ယောက်ဟာ စိတ်ဖိစီးမှု ဖြစ်လာရင် ပိုတတ်ဆီယမ်ဓာတ်တွေဟာ လျှော့နည်းသွားပါတယ်။ ငှက်ပျောသီးမှာ ၏ ပိုတတ်ဆီယမ်ဓာတ်တွေ အများအပြားပါဝင်တဲ့အတွက် လိုအပ်နေတဲ့ ဓာတ်ကို ဖြည့်တင်းပေးပါတယ်။ ဒါ့ပြင် ဦးနှောက်ဥာဏ်ရည်ကိုလည်း ထက်မြက်စေပါတယ်။ ဒါကြောင့် စာမေးပွဲဖြေခါနီးကျရင် ငှက်ပျောသီး စားပေးတာဟာ ကျောင်းသားတွေအတွက် ကျက်ထားတဲ့ စာတွေ မမေ့ မလျှော့စေတော့ပါဘူး။


အမြင်အာရုံ
တစ်နေ့ကို သစ်သီးသုံးမျိုး နေ့စဉ်စားသုံးလာတဲ့သူဟာ အသက်အရွယ်ကြီးလာရင် အမြင်အာရုံချို့ယွင်းမှု နည်းပါးတယ်လို့ သုတေသနတစ်ခုက ဆိုထားပါတယ်။ တခြားလူကြီးရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။



ပျို့အန်ခြင်း
အစာ(နေ့လည်စာ၊ မနက်စာ၊ ညစာ) စားပြီး သွားရည်စာအဖြစ် ငှက်ပျောသီးကို စားပေးတာဟာ ပျို့အန်ခြင်းကို တားဆီးပေးနိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်ဖြတ်မယ်ဆိုရင် ငှက်ပျောသီးစားပေးပါ။ ငှက်ပျောသီးဟာ ဆေးလိပ်ဖြတ်တဲ့နေရာမှာ အထောက် အကူပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီတာမင် B6၊ B12 တို့ပါဝင်ပြီး ပိုတတ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ် တွေလည်း ကြွယ်ဝစွာ ပါဝင်တဲ့အတွက် နီကိုတင်းကြောင့် ဆုံးရှုံးသွားတာတွေကို ပြန်လည်ဖြည့်တင်း ပေး နိုင် ပါ တယ်။

ခြင်အန္တရာယ်
ယင်ဖိုတောင် မသန်းဖူးတဲ့ ပျိုမေတွေအတွက် ခြင်မ(သွေးစုပ်သော ခြင်သည်အမသာရှိ) ရန်ကြောင့် အဖုအပိတ် ထွက်လာခဲ့ရင် ငှက်ပျောသီး အခွံနဲ့ ပွတ်သပ်ပေးရင် ယားယံတာ၊ အဖုအပိတ်ထွက်တာတွေ ပျောက်ကင်းနိုင်ပါတယ်။

လေဖြတ်ခြင်း
နယူးအင်္ဂလန်ဆေးပညာဂျာနယ်ကပြုလုပ်တဲ့ သုတေသနတစ်ခုအရ ငှက်ပျောသီး စားသုံးခြင်းဟာ လေဖြတ်ခြင်းကို ကောင်းစွာ ကာကွယ်နိုင်ကြောင်း တွေ့ရှိထားပါတယ်။


အီဂျစ်နဲ့ ရောမလူမျိုးများရဲ့ လျှို့ဝှက်ချက်
အီဂျစ်နဲ့ ရောမလူမျိုးများဟာ သူတို့ရဲ့ အလှအပဆိုင်ရာ နည်းပညာတွေထဲမှာ ငှက်ပျောသီးအသုံးလည်း ပါပါတယ်။ ငှက်ပျောသီးထဲမှာ အမီနို အက်ဆစ်ပါဝင်ကြောင်း အထက်မှာ ဖော်ပြပြီးသွားပါပြီ။ အမီနို အက်ဆစ်ဟာ အသားအရေနဲ့ ဆံကေသာအတွက် အရမ်းအကျိုးရှိစေပါတယ်။ ဆံသားကို ပျော့ပြောင်းစေပြီး ဗီတာမင်အေ၊ ဘီ၊ စီ တို့လည်း ပါဝင်တဲ့အတွက် ဆံပင်နှစ်ခွ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
ငှက်ပျောသီး သက်သက်ကို အခွံခွာပြီး ဆံပင်ကို ပွတ်ပေးပါ။ ပြီးရင် ခဏစောင့်ပြီးမှ ရေနဲ့ ပြန်လျှော်ပေးပါ။ Conditioner သုံးစရာမလိုအောင် ဆံပင်ဟာ တောက်ပြောင်၊ နူးညံ့ ရွှန်းစိုစေပါတယ်။


အရေပြားအတွက်
ငှက်ပျောသီးအခွံ သက်သက်ကို အရေပြားပေါ်တွင် ပွတ်သပ်လိမ်းပေးခြင်းဟာလည်း အရေပြားအတွက် ကောင်းစေပါတယ်။ ဝက်ခြံရှိတယ်ဆိုရင် မျက်နှာကို ငှက်ပျောသီးအခွံနဲ့ပွတ်ပေးပါ။ ခဏတာအတွင်း ဝက်ခြံတွေ ပျောက်ကင်းသွားပါလိမ့်မယ်။ ငှက်ပျောသီးကို ချေပြီး မျက်နှာကို လိမ်းချေပေးပါ။ ပြီးရင် ၁၀- ၁၅ မိနစ်လောက် စောင့်ပြီး ရေနဲ့ ပြန်သစ်ပေးပါ။ အချိန်မှန်မှန် လုပ်ပေးလာတာနဲ့အမျှ အသားအရေကို ဝင်းပလာစေပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေ ကင်းစင်စေပါတယ်။ အမာရွတ်တွေ ပျောက်စေပါတယ်။

ကြွက်နို့ကို သတ်တဲ့အခါမှာလည်း သုံးနိုင်ပါသေးတယ်။ ငှက်ပျောသီး အတွင်းသားနဲ့ ကြွက်နို့ကို ဖုံးပေးပြီး သတ်နိုင်ပါတယ်။

ထောပတ်သီး တစ်လုံး၊ ငှက်ပျောသီး တစ်လုံး၊ နွားနို့စစ်စစ် ၂ ဇွန်း နဲ့ ဗီတာမင် အီးအဆီ ၂ ဇွန်းတို့ကို ယူပါ။ ထောပတ်သီးနဲ့ ငှက်ပျောသီးကိုချေပြီး သမအောင် နယ်ပေးပါ။ ပြီးမှ နွားနို့ကို ထည့်ပေးပါ။ ပြီးရင် အဲဒီ့အရည်ကို မျက်နှာနဲ့ အသားအရေအတွက် လိမ်းပေးပါ။ ဆယ်မိနစ်လောက် အခြောက်ခံပြီးမှပြန်ပြီးရေနဲ့ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ကောင်းကျိုးတွေကတော့ အရည်ပြားကို နူးညံ့ရွှန်းစိုစေပါတယ်။


ကလေးများအတွက်
ငှက်ပျောသီးဟာ ပျိုမေတို့အတွက်သာမက ကလေးသူငယ်အတွက်ပါ အကျိုးရှိစေတဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အစာအလွယ် တကူချေဖျက်စေနိုင်ပြီး အဆီလည်း မပါတဲ့အတွက် ကလေးတွေနဲ့ လိုက်ဖက်တဲ့ အစားအစာမျိုး ဖြစ်ပါတယ်။ ငှက်ပျောသီးနဲ့ မတည့်တဲ့ကလေး ရှားပါတယ်။ နောက်ပြီး ခန္ဓာကိုယ် ကြီးထွားစေဖို့အတွက်လည်း ငှက်ပျောသီးဟာ လိုအပ်တဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အဆုံးသတ်ပြောရရင် ပျိုမေတို့အတွက် ငှက်ပျောသီးဟာ အသားအရေအတွက်ရော၊ ဆံပင်အတွက် သာမက ကိုယ်တွင်း ကျန်းမာရေးနဲ့ နောင်ရေးအာရောပျံအတွက်ပါ အကျိုးရှိစေတာမို့ အစာလည်းဆေး၊ ဆေးလည်း အစာအဖြစ် သုံးဆောင်ရင်း လှသထက် လှနိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။
ငှက်ပျော်သီးတွေဟာ ယေဘုယျအားဖြင့်တော့ အာနိဒင်တူညီကြပါတယ် ထို့ကြောင့်အဆင်ပြေပြေရနိုင်တဲ့အသီးကိုအသုံးပြုနိင်ပါတယ်။
မသိသူကျော်သွား သိသူဖော်စားတဲ့ ကျွန်မတို့သရေစာအဖြစ်နေ့တိုင်း စားနေတဲ့ငှက်ပျော်သီးဟာ ဒီလိုအစွမ်းရှိတယ်ဆိုတာ သိသူရှိသလို မသိသူတွေလည်းရှိပါတယ်။ မသိသူတွေအတွက် တင်ပြလိုက်ခြင်းဖြစ်ပါတယ်

မူရင်းး မြန်မာ့ဆေးမြီးတို

Flash Song လုပ်ချင်သူများအတွက်


ဒီတစ်ခါတင်တာလေးကတော့Flash Song သီချင်းများကိုယ်တိုင်
လုပ်ချင်သူများအတွက်ဆော့ဝဲများပြုလုပ်ပုံနည်းစာအုပ်ပါတစ်ပါတည်း
တင်ပေးလိုက်ပါတယ်ဗျာအောက်မှာဒေါင်းလိုင်းတွေပေးထားပါတယ်
အဆင်ပြေပါစေဗျာ

Flash Song ပြုလုပ်နည်း

Flash Song သီချင်းလေးကိုကိုယ်တိုင်
လုပ်ချင်သူတွေအတွက်ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်ကျွန်တော်လဲသိပ်လုပ်တတ်တာမဟုတ်ဘူး
ဆရာမရှိတော့လုပ်နည်းစာအုပ်ကိုဒေါင်းပြီးကြည့်လုပ်ရင်းနဲ့ လုပ်တတ်သွားတာပါ
အခုလည်းအဲဒီစာအုပ်ကိုဓာတ်ပုံရိုက်ပြီးမျှဝေတင်ပြလိုက်ပါတယ်ဗျာအသေးစိတ်သိလိုရင်တော့
www.mm-flashsongs.comကိုသွားရောက်လေ့နိုင်ပါတယ်





window registry အကြောင်း (မြန်မာလို) - ညီနေမင်း

window registry အကြောင်းကို အသေးစိတ် ရေးပေးထားတဲ့ စာအုပ်ကလေးပါ . အားလုံးကို ဖတ်စေချင်ပါတယ် . စာအုပ်လေးကလဲ ကောင်းလို့ တင်ပေးလိုက်ပါတယ်. အဆင်ပြေကြလိမ့်မယ်လို့ လဲ မျှော်လင့်ပါတယ် . အောက်မှာ Download လုပ်လိုက်ပါ . တစ်ခုအဆင်မပြေရင် နောက်တစ်ခုနဲ့ download လုပ်လိုက်ပါ .

Download mirrorcreator




www.mirrorcreator.com ကို bagan က ban ထားတယ်ထင်တယ် . အဲ့ဒီ့လူများအတွက် အောက်မှာ Download လုပ်လိုက်ပါ.


Download mediafire | Download ifile.it | Download filefactory | Download zshare | Download rapidshre | Download ziddu


Source : ညီနေမင်း(နည်းပညာ)

ဗီဒီယို တည်းဖြတ် အခွေထုတ်ချင်သူ အတွက် Cyberlink Power Director - 8 - မောင်(စွယ်စုံကျမ်း)



နမူနာစမ်းသုံးကြည့်တာပါ အတော်လေးအဆင်ပြေတယ် မယူခင် ကြည့်ကြည့် လိုက်ပါ

ဗီဒီယို တည်းဖြတ်တာ  ၀ါသနာပါသူတွေအတွက်  လေ့လာသင့်တဲ့ ဆော့ဝဲတစ်ခုကို

မျှဝေချင်ပါတယ် ။ အခြေခံဝါသနာရှင်ကနေ ပညာရှင်ဖြစ်သည်အထိ အသုံးပြုနေတဲ့

ဆော့ဝဲကောင်းတစ်ခု ဖြစ်ပါတယ်။ လက်ရှိ ဗီဒီယိုထုတ်လုပ်ဖြန့် ချီရေးတွေမှာလည်း

သုံးနေကြဆဲပါ ရိုက်ကူးလိုက်တဲ့ ဗီဒီယိုဖိုင်တွေကို တည်းဖြတ် အခွေထုတ်ဖို့  အဆင်

ပြေစေနိုင်တဲ့ ဆော့ဝဲကောင်းလေးပါ သုံးတတ်ရင် သုံးတတ်သလို ဖန်တီးလို့ ရတယ်

ကဲ စမ်းချင်တယ်ဆို ဒေါင်းလိုက်ပါ Mediafire မှာတင်မရလို့  Ifile ကနေတင်ထား၏

http://ifile.it/owl2hz6/CyberLink PowerDirector (www.zwmnna.com).rar

အင်စတောလုပ်ပြီးရင် XGZ45-J6BH6-2L5P7-Z57N7-23BFV-4F8TLဒါကို ဖြည့်ပါ

Ulead ထက် သုံးရတာ ပိုလွယ်သလိုပဲ  ။ version အသစ်တွေ 10 အထိ ထွက်နေပြီ

ကောင်းမကောင်း ကလည်း ဇောက်ချသုံးကြည့်ချိန်မရှိဘူး ။ လေ့လာရုံ စမ်းကြည့်ရုံပဲ

အသေးစိတ် အသုံးဝင်ပုံကိုတော့ ဒီမှာဖတ်ကြည့် -  http://video-editing-software

မူရင်းလင့်မှာလည်း ရေးပြထားတယ်ကြည့် ကြည့် -   http://www.cyberlink.com

အသုံးအများဆုံး ဗီဒီယိုတည်းဖြတ်ခြင်း ဆော့ဝဲ များပါ အောက်ပါအတိုင်း ဖြစ်ပါသည် 



Source : မောင်(စွယ်စုံကျမ်း)

IDM လိုပဲအသုံးဝင်ပြီး Key မလိုတဲ့ Get Go Download Manager(Free) - မောင်(စွယ်စုံကျမ်း)


ဒီဆော့ဝဲက မြန်မာပြည်ကလူတွေ အတွက် အဆင်ပြေမယ်ထင်တယ် ရောက်တဲ့

နေရာကနေ ပြန်စလို့ ရတယ်ဆိုတော့ IDM ( Internet Download Manager)လိုပဲ

အသုံးဝင်မှာပါ ကွန်နက်၇ှင်မကောင်းလို့  စက်ပိတ်လိုက်လည်း ရောက်တဲ့နေရာ

ကနေ ပြန်ဒေါင်းဖို့  Resume လုပ်လို့ ရတယ် မြန်တာကတော့ လိုင်းမကောင်းရင်

ဘာနဲ့ ဒေါင်းဒေါင်း  မမြန်ပါဘူး နောက်ပြီး   မြန်မာပြည်မှာက Mediafire ကိုဘန်း

ထားတဲ့အတွက် နေရာတိုင်းမှာ ဒေါင်းလို့ အဆင်မပြေတာတွေ  ရှိနေပါတယ် အဲ့မှာ

ဒေါင်းလုပ်မယူပဲ လင့်ကို ကော်ပီယူပြီး  Download Manager ထဲထည့်ရင် အဆင်

ပြေမှာပါ ရှာရင်း ဖွေရင်း ရလာလို့ မျှဝေလိုက်ပါတယ်......။

နောက်ထပ်Getgo Video Converter နဲ့ GetGo YoutubeDownload ဆိုတာတွေ

လည်းရပါသေးတယ် Youtube ကဟာတွေယူဖို့ က Real Player ရှိရင်အဆင်ပြေပြီ

Converterကလည်းFormat Factory က All in one အစုံအဆင်ပြေတယ်ဒီတော့

အသေးစိတ် မရေးပြတော့ပြီ.....

ဒီမှာ Download .ယူပါ   Get Go Download Manager Free Version

အသေးစိတ် အသုံးဝင်ပုံတွေကိုဖတ်ရန်  www.getgosoft.com



Source : မောင်(စွယ်စုံကျမ်း)

USB Disk Security 6.1.0.432 Incl.Serials

စက်မှာထိုးလိုက်တဲ့ USB မှန်သမျှကာကွယ်ပေးနိုင်တဲ့ ဆော့ဝဲလေးတစ်ခုဖြစ်ပါတယ်။ ဒါနဲ့ကာကွယ်ထားလိုက်ရင် ထိုးလိုက်တဲ့ USB, SIM Card တွေရဲ့အန္တရာယ်တွေကို အတော်ကိုစိတ်ချရပါတယ်။ နောက်ပြီး ကျနော်အခုတင် ပေးလိုက်တဲ့ ဖိုင်ဟာ ရိုးရိုး .EXE နဲ့ Serial, ထိုနောက် portable ပါတယ်။ နှစ်ခုစလုံးအသုံးပြုလို့ရတာပေါ့။ ကြိုက် ရင် ဒေါင်းဗျာ။



Wednesday, 1 February 2012

photo တွေကို edit လုပ်ချင်သူများအတွက်

ထပ်ပြီးတောင်းပန်ရအုံးမှာပဲ......။ ဒီရက်အတွင်း  စိတ်ကနည်းနည်း လေနေတာနဲ့ ဒီဘက်ကိုမလှည့်ဖြစ်ဘူး....။ အခု photo editor ဆော့ဝဲလ်လေးတစ်ခုတင်ပေးပါမယ်......။ digital photo လှလှလေးတွေကို edit  လုပ်ချင်သူတွေအတွက်ပေါ့နော်.....။ Windows XP, Windows Vista နဲ့ Windows 7 အားလုံးမှာအဆင်ပြေမှာပါ......။ format Support အနေနဲ့ကတော့ (TIFF, GIF, JPG, PCX, BMP, ICO, CUR, PNG, WMF, EMF, TGS, PXM, JP2, J2K, WBMP, PS, PDF, DCX, RAW, BMPRAW and PSD ပေါ့ဗျာ.....။ လိုချင်သူများအောက်မှာဒေါငးသွားလိုက်ပါနော်.....။ Photoshop  လုပ်ရတာပျင်းတယ်ဆိုရင်တော့ ဒါလေးနဲ့ လုပ်ကြပေါ့နော်......


  • Potable ဆော့ဝဲလ်လေးပါ File Size က 26.86 MB ပဲရှိပါတယ်......






    Download Here



Source : ဧရာညီနောင်

အချစ်


ဆင်းရဲသားတစ်ယောက် သူဌေးသမီးတစ်ယောက်ကို ချစ်မိသွားတယ် ။ တစ်နေ့တော့ ဆင်းရဲသားလေးက သူမကို လက်ထပ်ခွင့်တောင်းတယ် ။ ဒီတော့ သူဌေးသမီးကပြန်ပြောတယ် ။

“ ဒီမယ် နားထောင် ရှင့်ရဲ့ တစ်လစာ ၀င်ငွေရဲ့ ကျွန်မရဲ့ တစ်နေ့စာ အသုံးစရိတ်ပဲရှိတယ် အဲဒီလိုလူမျိုးနဲ့ ကျွန်မ ပတ်သတ်ရမလား ရှင်ဘယ်လိုအတွေးမျိုးကိုတွေးနေတာလဲ ကျွန်မ ဘယ်တော့မှ ရှင့်ကိုမချစ်နိုင်ဘူး ဒါကြောင့် ကျွန်မကိုမေ့ပြီး ရှင်နဲ့အဆင့်အတန်းခြင်းတူတဲ့တစ်ယောက်ကိုရွေးချယ်လိုက်ပါ ” တဲ့ ။

အဲဒီလို ရင့်ရင့်သီးသီးပြောခဲ့ပေမယ့် ဆင်းရဲသားလေးက သူဌေးသမီးလေးကို လွယ်လွယ်နဲ့ မေ့မရနိုင်ခဲ့ဘူး ။

ဆယ်နှစ်ကြာပြီးနောက်-------

တစ်နေ့မှာ သူတို့ နှစ်ယောက် ရှော့ပင်းစင်တာကြီးတစ်ခုမှာ မျက်နှာချင်းဆိုင်ဆုံမိကြတယ် ။ သူဌေးသမီးကပြောတယ် “ ဟေး...ရှင် အဆင်ပြေလား အခု ကျွန်မ အိမ်ထောင်ကျသွားပြီ ကျွန်မ အမျိုးသားလစာက တစ်လ ဘယ်လောက်ရတယ်လို့ ရှင်ထင်သလဲ ? တစ်လကို ၃ သိန်းတောင်ရတယ်ရှင့် ရှင်အံ့သြသွားသလား သူက အရမ်း စမတ်ကျတယ် ”

ကောင်လေးရဲ့ မျက်ဝန်းမှာ အဲဒီလိုစကားတွေကြားပြီးတော့ မျက်ရည်တွေနဲ့စိုစွတ်သွားတယ် ။

နောက်မိနစ်အနည်း ငယ်မှာတော့ သူမရဲ့ ယောင်္ကျားထွက်လာပါတယ် ။ သူဌေးသမီးက ကောင်လေးကို ဘာမှ မပြောသေးခင် သူ့ခင်ပွန်းက နေပြီး ကောင်လေးကို စတင်နှုတ်ဆက်လိုက်တယ် ။

“ ရောက်နေပြီလားဆရာ ဒါကျွန်တော့်ဇနီးပါ ” တဆက်တည်းမှာပဲ ကောင်လေးက သူ့မိန်းမ ကိုလှည့်ပြောလိုက်တယ် ။ “ ငါက ဒီဆရာရဲ့ ပရောဂျက်မှာ အကူဝင်လုပ်နေတာပေါ့ ဆရာက ငါတို့ သူဌေးလေ သန်းပေါင်းများစွာ ချမ်းသာတယ် ဟိုးအရင်က ဆရာက ကောင်မလေးတစ်ဦးကို ချစ်ခဲ့တယ် ဒါပေမယ့် သူ မရခဲ့ဘူး အခုချိန်ထိ ဆရာက လူပျိုကြီးလေ လက်မထပ်ရသေးဘူး မဖြစ်နိုင်ဘူးမဟုတ်လားမိန်းမရ အခုလို ချိန်မှာ ဆရာ့လို ချစ်တတ်တဲ့သူ ရှိနိုင်ပါဦးမလား ”

############################################

ဘ၀ဆိုတာ တိုတောင်းလွန်းလှပါတယ် ။ ဒါကြောင့် သင့်ကိုယ်သင် အထင်မကြီးလွန်းပါနဲ့ တခြားသူတွေအပေါ် နှိမ့်ချမဆက်ဆံပါနဲ့ ။ အချိန်တိုင်းမှာ အရာရာဟာ အမြဲပြောင်းလဲနေတယ် ။ လူတိုင်းလူတိုင်းဟာ တဖက်သားက ကိုယ့်ကို ချစ်တဲ့အချစ်ကို တန်ဖိုးထားသင့်တယ် ။

သက်တန့်ချို

HTML ABOUT (မြန်မာလို)


Related Posts Plugin for WordPress, Blogger...