HomeMovies Blogger Saw Eh Lor News Health Dictionary
. .

Tuesday, 7 February 2012

gtalk တွင် zaw gyi font မပေါ်ခြင်း ပြဿနာအဖြစ်အများဆုံးက IE က


yu yu; nyima computer ka dell amyoo asar(2010-japan version)par... a thi ama 1 yout ka myanmar font ko read loe ya aung. write loe ya aung lote pay par tal. but, myanmar font ko read loe tot ya tal... write loe ma ya buu phyit nay tal... ama ka le, bar phyit loe le ma thi buu... ma lote tat tot buu loe pyaw par tal.... ako ku nyi loe ya mal so yin.... pyaw pya pay par shin. kyay zuu tin par tal..

အစ်ကို့အထင်တော့ ညီမက internet explorer ကို သွားသုံးနေတယ်ထင်တယ်. ကိုပြောပြလိုက်တဲ့ အချက်တွေကိုသာ ပြင်လိုက်ပါ . ညီမ အဆင်ပြေသွားပါလိမ့်မယ်. အဲ့ဒီ့ ပြဿနာအဖြစ်အများဆုံးကတော့ IE လို့ခေါ်တဲ့ internet explorer ကနေ Times New Roman (or) တစ်ခြား font တစ်ခုခုကို ရွေးထားပြီး browser ကို Default ယူထားလို့ ဖြစ်တဲ့ ပြဿနာပါ. အဲ့ဒီ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ Mozilla Firefox ကို Default browser အဖြစ် ပြန်ယူလိုက်ရင် အဆင်ပြေသွားမှာပါ. အဲ့တော့ တစ်ခါတစ်ရံမှာ Firefox ကို တင်လိုက်တဲ့အချိန်တုန်းက Mozilla Firefox browser ကို default ထားမှာလားမေးတုန်းက default မထားခဲ့လို့လဲဖြစ်တတ်ပါတယ်. တစ်ခါတစ်ရံ default ထားထားတာတောင်မှ IE နဲ့ gtalk နဲ့ လာငြိတတ်ပါတယ်. ကဲလုပ်ရမှာလေးကို ပြောပြပေးပါ့မယ်.
သေချာသွားအောင်လို့ ၃ နေရာပြင်ပါမယ်.

Monday, 6 February 2012

RECYCLER.EXE ဆိုတဲ့ဗိုင်းရပ်စ်အကြောင်း

Recycler.exe ဗိုင်းရပ်စ်သည်သည် jwgjvsq.vmx လို့အမည်ပေးထားတဲ့
worm-type အမျိုးအစား ဗိုင်းရပ်စ် ဖြစ်ပါတယ်။ အထူးသဖြင့်
USB/portable Drives တို့က ကူးစက်သလို Network
ကတစ်ဆင့် ပျံ့နှံ့လာတယ်လို့ သိရပါတယ်။ ဖိုင်လ်ဒါနဲ့အတူ
autorun.inf ဆိုတဲ့ ဖိုလ်ဒါတစ်ခုကိုလည်း သတိပြုမိပါလိမ့်မယ်။
၎င်းဖိုလ်ဒါများကို Hidden လုပ်ဖျောက်ထားလို့ ပုံမှန်အားဖြင့် မမြင်ရပါ။
၎င်း Recycler ဖိုလ်ဒါကိုထပ်ဖွင့်ကြည့်ရင် jwgkvsq.vmx ဆိုတဲ့ ဖိုင်ရှိပါတယ်။
အဲဒီဖိုင်သည် ဗိုင်းရပ်စ်လား၊ ဘယ်လိုကူးစက်အောင်လုပ်ထားတယ်ဆိုတာ
တော့ ဖိုင်ကိုဆက်ပြီး မဖွင့်ရဲလို့ မသိပါ။ Anti-virus ဆော့ဖ်ဝဲလ် အများစုက
၎င်းကို detect မလုပ်နိုင်သလို ဖျက်လို့လည်း မရပါ။ အနီးဆုံးတူတဲ့
ဗိုင်းရပ်စ်များကို ရှာကြည့်တဲ့အခါ
w32/confi, W32/Conficker.worm!inf, Win32/Conficker.B-CA
လို့တွေ့ရပါတယ်

ဟက်ကာတို့၏ အယူအဆများ

ကဲရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာလဲ တော်တော် ကြာပြီ
ဘယ်ကစရေးရမလဲကိုမသိတော့ဘူး ဧဒင်ထဲကကိုမျိုး
ကသတိပေးတားတယ်လေ soical  site   တွေကဘယ်လိုမှ
hack လို့ရမှာမဟုတ် ဘူး အကယ်လို့သာ မန်ဘာများက
User name နဲ့ password မေ့သွားလို့ရှိရင် ပြန်ပြီးတော့
ရနိုင်တယ် အဓိကက ကိုယ်ရဲ့ email ကိုယ်လုံခြုံအောင်ထားဖိုပဲ
တဲ့ ဟုပ်ပါတယ် soical  site    တွေကို ပစ်ရှင်လုပ်ပြီးတော့
hack လုပ်ခဲ့ လို့ရှိရင် ကိုယ် လုပ်ထားတဲ့ ဟာလေးကိုပဲ့
ရသွားမှာပါ ဒါပေမဲ့  black hacker အစစ်အမှန်တွေလုပ်တာကတော့ကိုယ်ရဲ့ မန်ဘာဝင်ထားတဲ့  soical  site   ကိုယ်
ပစ်ရှင်လုပ်ပြီးတော့ရသွားပါပြီ ထပ်ပြီးတော့ ကိုယ်နဲ့
သက်ဆိုင်တဲ့  အခြားဟာတွေကိုယ်ပါ ထပ်ပြီးတော့နောက်ယောင်ခံလိုက်ပါတယ်
Hacker တစ်ယောက်ကဟက်တော့မယ်ဆိုရင်

Sunday, 5 February 2012

Hide ip Easy V5.0





ပိုစ့်မတင်တာ ကြာသွားသလိုပဲ..ကဲ အခုတစ်ခေါက်တင်ပေးလိုက်တာက အသုံးဝင်မဲ့ ဆော့ဝဲလေးပါ.. တစ်ခါ တစ်လေ ခွရတာ လွယ်ပါတယ်..။ အများကိုထိခိုက်စေမယ့် အကြောင်းနဲ့ ဆိုရင်တော့ မဒေါင်းပါနဲ့...ကျွန်တော် အဲဒါပဲပြောချင်ပါတယ်။ ဆော့ဝဲက အင်စတောလုပ်စရာမလိုပဲ Run ဒါနဲ့ပွင့်လာလိမယ့်မှာပါ / တစ်နည်းအား ဖြင့် Portable လို့လည်းခေါ်ပါတယ်။ ကျွန်တော့်ဆိုက်မှာစာလာဖတ်သူ တွေက တော်တော်တိတ်နေတယ် နော်..တိတ်တိတ်လေးနဲ့ ယူယူသွားတာတော့ သိပါတယ်...စာလာဖတ်တဲ့သူတွေလည်း မန့်သွားပေးပါလို့ မြေတ္တာရပ်ခံပါတယ်၊ ဒါဆို ဘယ်သူတွေစာလာဖတ်တယ် ဆိုတာသိရတာပေါ့။ တစ်လက်စ ထဲနဲ့ အောက်မှာ ဒေါင်းလိုက်ပေဦး။ အဆင်ပြေကြပါစေ!





Source : ကိုကြီးလေး

အရေးပါသော်လည်း သုံးစွဲသူတွေ မေ့နေတဲ့ BIOS

ဒီပို့စ်က အကျိုးများတော့ ကျနော်သိမ်းထားတာကြာခဲ့ပါပြီ UCSY-CYBER | Students Community-ကွန်ပျူ တာတက္ကသိုလ်ကျောင်းတော်သားများဖိုရမ်ကနေ ယူထားတာပါ။ အခုလိုအပ်မည့်သူများကို ပြန်ဝေငှပေးလိုက်တယ်။

BIOS သည် ကွန်ပျူ တာတစ်လုံး သက်ဝင် လှုပ်ရှားစေဖို့ မရှိမဖြစ်သော အရာဖြစ်သည်။ သို့သော် သူက ပြဿနာ ပေးခဲ့သည်။ ထို့ကြောင့် လူတွေက BIOS အလုပ် လုပ်ဖို့ထက် Windows အလုပ် လုပ်ဖို့ Hardware အလုပ် လုပ်ဖို့ကိုသာ ပိုပြီး စိတ်ဝင်စား ကြသည်။ BIOS ၏ အရှည်ကောက်မှာ Basic Input/Output System ဖြစ်သည်။ BIOS ပရိုဂရမ်သည် Motherboard ပေါ်ရှိ သီးခြား Romchip တစ်ခုထဲတွင် ရှိပါသည်။ BIOS သည် စက်နိုးမှုကို အစပြုပေးသည့် Program ဖြစ်သည်။ Hardware ကောင်းမကောင်း စစ်ဆေးပေးမည့် Program ဖြစ်သည်။ အခြေအနေ အားလုံး အဆင်ပြေလျှင် Windows ကို ဆွဲတင်ပေးမည့် Program လည်း ဖြစ်သည်။
BIOS ကို Central Configuration Instruction များဖြင့် ဖွဲ့စည်းထားပြီး ယင်းတို့ကို PC ROM ထဲတွင် သိုလှောင်ထားသည်။ Rom ထဲတွင် သိုလှောင်ထားသော ပရဂိုရမ် ဖြစ်သောကြောင့် ROM BIOS ဟုလည်း ခေါ်သည်။ ကွန်ပျူ တာ ခေတ်ဦးက BIOS ပရိုဂရမ်သည် အသေဖြစ်သော်လည်း ၂၁ ရာစုထဲရှိ ကွန်ပျူ တာတို့တွင် BIOS ဆိုသည်မှာ အဆင့်မြှင့်၍ရသော ပြုပြင်ပြောင်းလဲ၍ ရသော ပရိုဂရမ် ဖြစ်လာပါသည်။ ထိုသို့ အဆင့်မြှင့်နိုင်ရန် User Programmable BIOS Chip ကို အသုံးပြုမှသာ ဖြစ်နိုင်ပါသည်။ BIOS ပရိုဂရမ် အတွင်းရှိ Instruction များသည် ကွန်ပျူ တာ တစ်လုံး အဆင်ပြေပြေ အလုပ် လုပ်စေဖို့ ဆောင်ရွက်ပေးသည်။ ယင်းတို့သည် ကွန်ပျူ တာရှိ Motherboard, Monitor, Keyboard Disk Drive များနှင့်လည်း ချိတ်ဆက် ဆောင်ရွက်သည်။ BIOS ကို Rornchip ထဲတွင် သိုလှောင်ထားပြီး ယင်း Chip ရှိ အချက်အလက်များ မပျောက်ပျက်ရန် နာရီသုံး လစ်သီယမ် ဓာတ်ခဲ အပြားဝိုင်း တစ်ခုဖြင့် စွမ်းအင်ပေး၍ ထိန်းသိမ်းသည်။ စွမ်းအင် ပုံမှန် ပေးထားခြင်း၏ အဓိက အကြောင်းရင်းမှာ ကွန်ပျူ တာမှ ပြသောအချိန်နှင့် ပြက္ခဒိန်ကို မှန်ကန်အောင် ထိန်းသိမ်းထားဖို့ ဖြစ်သည်။
BIOS အတွက် စွမ်းအင်ပေးသော ဘက်ထရီကို CMOS ဘက်ထရီဟု ခေါ်သည်။ အဆိုပါ ဘက်ထရီသည် ပုံမှန်အားဖြင့် ၃ နှစ်ကျော်လောက် အသုံးခံပါသည်။ ဘက်ထရီ စွမ်းအားကျလာလျင် ပထမဆုံး ကွန်ပျူ တာရှိ နာရီ အချိန်မှန်တော့မည် မဟုတ်ပါ။ အလွန်အမင်း စွမ်းအား ကျလာလျင် BIOS ကြောင်သည်အထိ ဖြစ်နိုင်ပါသည်။ ၃ နှစ်ကျော်တိုင်း ဘက်ထရီ အသစ်လဲပေးမည် ဆိုက ပိုကောင်းပါသည်။ BIOS ထဲရှိ အချို့သော အချက်အလက်များကို မိမိစိတ်ကြိုက် ပြုပြင်နိုင်သည်။

How to Replace a Laptop Hard Drive

အချိန်မရတာနဲ့ ဒီရက်အတွင်းပို့စ်တွေသိပ်မတင်ဖြစ်ဘူး။ ဒါဆိုရေးလိုက်ဦးမယ်။ လက်တော့ကွန်ပျူ တာအသုံးပြုသော
ပုဂ္ဂိုလ်များအတွက် မိမိလက်တော့ပ်မှာ Hard Drive ပျက်သွားရင် ဆိုင်ကိုမပို့ရဘဲ ကိုယ်တိုင်ဖြုတ်ပြီး ပြန်တပ်ဆင်
နိုင်အောင်လို့ပါ။ အခုကွန်ပျူ တာသုံးတဲ့ပုဂ္ဂိုလ်အများစု External Hard Disk ၀ယ်ထားကြတာများတယ်။
အောက်ပါ video ဖိုင်လေးကိုကြည့်လိုက်ပါ။ လက်တော့မှာ HDD ပျက်သွားရင် ကိုယ်တိုင်တပ်ဆင်နည်းလေးဖြစ်
ပါတယ်။
Hard Drive (Disk)အမျိုးအစားများတွင် လက်တော့ပ်မှာ SATA အမျိုးအစားကိုသာအသုံးပြုတာများပါတယ်။
ဒါကြောင့် မိမိကွန်ပျူ တာထဲက Hard Disk ပျက်သွားခဲ့ရင် မိမိဝယ်ထားတဲ့External Hard Disk နဲ့ပြန်ပြီး
အစားထိုးတပ်ဆင်လိုက်ရုံပါပဲ။ ကျနော်တစ်ခုပြောချင်တာက External HardDisk ကိုဝယ်တဲ့အခါ Cover
အဖုံးသေတပ်ထားတဲ့ External Hard Disk မ၀ယ်မိဖို့သတိပြုစေချင်တယ်။

အဖုံးအရှင်ပြုလုပ်ထားတဲ့ ဖြုတ်ရတာလွယ်တဲ့ External Hard Disk ကို ၀ယ်ဖို့ကျနော်တိုက်တွန်းချင်ပါတယ်။
အဲဒါမှ ဖြုတ်ရတာလွယ်ကူမှုရှိပြီး အတွင်းက Hard Disk ဆော့ကက်ပြားကို ယူရတာလွယ်မှာဖြစ်ပါတယ်။
External Hard Disk ဖြုတ်ပုံပြန်တပ်ဆင်ပုံကတော့ အောက်ပါ ဗွီဒီယိုဖိုင်ကိုကြည့်လိုက်ပါ...အဆင်ပြေသွား
ပါလိမ့်မယ်။


Saturday, 4 February 2012

trial version များအချိန်ဆွဲဆန့်မယ်

ကျွန်တော်မိသာစုညီအစ်ကိုမောင်နှမများကိုလက်ဆောင်တစ်ခုလောက်ပေးချင်ပါတယ်
အခုကျွန်တော်ပြောမဲ့အကြောင်းကိုသိပြီးသား ညီအစ်ကို၊ မောင်နှမများရှိသလို… မသိသေးတဲ့ သူများအတွက် ဒီပို့စ်လေးကို ဆွေးနွေးလိုက်ပါတယ်၊၊ trial version တစ်ခုကိုသုံးရင် ရက်30 ရှိသလို့ 14ရက်လည်းရှိတယ် ၊၊နောက်တကြမ်းပြန်သုံးရင်
user name ကိုပြန်ပြောင်းပြီး install လုပ်ပြန်သုံးရပါတယ်အလုပ်အရမ်းများပါတယ်
အခုဒါကိုဖြေရှင်လို့ရပါပြီး ဒီဆော့ဖ်ဝဲအကြောင်းကိုမပြောခင်ဒီမှာအရင်ဒေါင်းလိုက်ပါ
installလုပ်ပြီးရင် desktop ပေါ်မှာ Time Stopper ဆိုတဲ့
shortcut ကိုဖွင်လိုက်ပါအောက်ပါအတိုင်တွေရမယ်

Select the main exe the trial version မှာ time stopping လုပ်ချင်းတဲ့ exeကိုရွှေးပါ
ကျွန်တော်ကသော kaspersky 2011 ရွေပါတယ်
Choose the new date မှာ နောက် နေ့ ကိုထားပေးပါ
Enter a name for create desktop icon ဆိုတဲ့ boxထဲမှာ ကိုယ်ပြောင်းမယ်exe ကိုနာမည်ပေးပါ
အထူးသတိထာရမှာကိုလည်ပြောလိုက်မယ်မူရင် shortcut လုံးဝမဖွင်မိစေနဲ့
Time stopper ကဖန်တီပေးထားတဲ့ shortcutကို ဘဲဖွင်ပါ
မူရင် shortcut ရှိနေရင်လည်ဖျက်ပြစ်လိုက်

Download Here


ISSUU.COM မှာစာအုပ်လုပ်နည်း

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8WYsBt4n9QXcMWmE-XRM35K-I8LY2ntsuAbCEfGYHxtnJ-fXaWxqMRtenm3o-nNI6pDnI6AeoWF8p5kP2yOITQ5TnJfU85W94RySmxq-HUy4BRbzOkBTTxLMoyf-E89X4JSCqWelFMFbr/s1600/issuu-is1.jpg


zp ကိုဖြိုးဝေရေ issuu.com မှာစာအုပ်တင်ချင်တယ် နည်းလေးအားရင် ရေးပေးပါလား။စာအုပ်ကလည်းများများမဟုတ်ပါဘူး။စုစုပေါင်းတစ်အုပ်ပါ။စမ်းကြည့်တယ် ခေါင်းနည်းနည်း
zp ကိုက်လို့..
 သူငယ်ချင်းတယောက်ကတောင်းဆိုထားလို့ ပါ.....။ဒီစာအုပ်လုပ်နည်းလေးကိုကျနော်တင်ပေးမလို့ ပါ ဒါပေမဲ့ ကျနော်မှာအချိန်မရတာတွေနဲ့ ကျနော်ရဲ့ 
စက်မှာချို့ ယွင်းချက်ကလေးတွေရှိနေတာကြောင့်မတင်ဖြစ်ခဲ့ ပါဘူး.....။။အခုမှသူငယ်ချင်;
တယောက်ကတင်ပေးဖို့ တောင်းဆိုတာကြောင့်တင်ဖြစ်ခဲ့ တာပါ။ကျနော်မနေ့ ကညကအပြီးတင်ဖို့ ပြောခဲ့ ပါတယ်ဒါပေမဲ့ ကျနော်တို့ ဆီမှာ မိုးတွေအရမ်းရွာနေတာတွေကြောင့်အင်တာနက်လိုင်းတွေ
ပါပျတ်တောက်ခဲ့ ရပါတယ်...အဲဒါကြောင့်မို့ ကျနော်မတင်ဖြစ်ခဲ့ ပါဘူး ....။
ဒီဆိုဒ်လေးထဲမှာစာအုပ်တွေတင်မဟုတ်ပါဘူးမဂ္ဂဇင်းတွေဂျာနယ်တွေနဲ့ တခြားအရာတွေပါလုပ်လို့ 
ရပါတယ်လုပ်ပုံလုပ်နည်းလေးကိုလည်းကျနော်အတက်နှိုင်ဆုံးနားလည်နှိုင်အောင်ပုံတွေနဲ့ တကွ
သေချာတော့ရှင်းပြထားပါတယ်..။။ကျနော်လည်းဆရာတယောက်တော့မဟုတ်ပါဘူးဒါကြောင့်
မို့ ကျနော်နားလည်သလောက်တက်သလောက်အားလုံးကိုပြန်လည်မျှဝေလိုက်တာပါ...။။
အရင်ဆုံးဒီ http://issuu.com/ဆိုဒ်ထဲကိုသွားပြီးတော့အကောင့်တခုဖွင့်လိုက်ပါ။။
အောက်မှာတဆင့်ခြင်းပြထားတယ်...
ပုံထဲမှာပြထားတဲ့ အတိုင်း အကောင့်တခုဖွင့်လိုက်ပါ.......


ု


အကောင့်တခုဖွင့်လို့ ရသွားပြီဆိုရင်ကိုယ်အကောင့်ရဲ့ ဘေးမှာရှိနေတဲ့  UPLOAD ကိုကလစ်လိုက်ပါ

Yamicsoft Windows 7 Manager v3.0.8.4 (x86/x64) - နေမင်းမောင်


ကျွန်တော်အခု ကျွန်တော့်ရဲ့ အစ်ကိုတွေအတွက်  Windows 7 Manager Update လေးထပ်ထွက်လာလို့ တင်ပေးလိုက်ပါတယ်။ သူ့ရဲ့ System  တွေနဲ့ hardware information တွေကိုလည်းအသေးစိတ်ကအစ ကြည့်ရှူနိုင်ခြင်း ၊မိမိတို့စက်ထဲမှာရှိတဲ့ running processes နဲ့ threads တွေရဲ့ အချက်အ လက်တွေ ကိုလည်းအသေးစိတ်ကြည့်နိုင်ခြင်း၊Windows 7 Manager မှာ 1-clicking cleans system automatically လည်းပါဝင်ခြင်း၊windows startup and shutdown speed ကိုလည်း တိုးမြှင့်ပေးနိုင်ခြင်း၊ hardware တွေရဲ့ system speed နဲ့ performance တွေကိုလည်း တိုးမြှင့်ပေးနိုင်ခြင်း၊မ        လိုအပ်တဲ့  system tasks တွေကိုလည်း Turn off လုပ်ပေးနိုင်ခြင်း၊ Registry Cleaner ကလည်း မိမိတို့ရဲ့ incorrectly linked registry entries အလိုအလျောက်ဖယ်ရှားပေးခြင်း နဲ့စတဲ့ Features လေးတွေတော်တော်များများကိုပါဝင်ပါတယ်။ ကျွန်တော်နောက်ထပ် Update လေးတွေထွက်လာတိုင်းလဲ ကျွန်တော်အချိန်မှီတင်ပေးသွားပါ့မယ်။

ကျွန်တော်နှစ်နေရာခွဲတင်ပေးထားပါတယ်။အဆင်ပြေမယ့် လင့်ခ်လေးကနေ သာယူသွား လိုက်ပါဗျာ။အောက်က အဆင်ပြေမယ့် လင့်ခ်လေးကနေယူသွား လိုက်ပါဗျာ။ကျွန်တော်တို့ Keygen လေးကိုတော့ Window 7 Manager လေးတင်ပြီးမှသာ Run လို့ရပါတယ်။ ကျွန်တော်ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ်။ ကြည့်ကြည့်ပေးပါဗျာ။  အထဲမှာ 32 ရော 64 ပါတစ်ခါတည်း ထည့်ပေးထားပါတယ်။ အသေးစိတ်ကိုထပ်သိလိုတယ်ဆိုရင်တော့ ဒီလင့်ခ်လေး ကနေ သွား ကြည့်လိုက်ပါဗျာ။

Friday, 3 February 2012

UPLOADING SIDE များအကြောင်း

အခုတင်ပေးလိုက်တဲ့စာအုပ်လေးကတော့ကျွန်တော်တို့လိုဘလော့သမားတွေအတွက်တော့အရမ်းကိုအသုံး
တဲ့ပါတယ်..။ကျွန်တော်ဆိုအခု Software တစ်ခုခုကိုတင်ချင်တယ်ဆိုရင် Ifile.it , Mediafire စတဲ့ဆိုဒ်တွေမှာ
တစ်ခုချင်းဆီမှာလိုက်ပြီးတော့ Upload တင်ရပါတယ်..။ဒီစာအုပ်လေးထဲမှာတော့ကျွန်တော်တို့ Upload ဆိုဒ်
တစ်ခုကနေတင်လိုက်တာနဲ့အခြား Upload ဆိုဒ်တွေမှာပါတစ်ဆင့် Upload တင်ပေးမယ့်ဆိုဒ်တွေအကြောင်း
ကိုရေးထားတဲ့စာအုပ်လေးပါ..။လိုအပ်တဲ့သူများကတော့အောက်မှာအဆင်ပြေတဲ့လင့်ကနေသာဒေါင်းလော့
ချသွားလိုက်ပါ...။

Download  Ifile.it  ၊ Download  Mediafire


နေမင်း Blogger facebook မှ...ကူးယူဖေါ်ပြသသည်။
Related Posts Plugin for WordPress, Blogger...