HomeMovies Blogger Saw Eh Lor News Health Dictionary
. .

Thursday, 19 January 2012

ကန္တာရထဲက ပန်းပွင့်လေး

ဒီအဖြစ်အပျက်က လွန်ခဲ့သော နှစ်များစွာက နွေရာသီတစ်ခုမှာ ဖြစ်ခဲ့တာပါ။

တစ်ခါက နေရာအနှံ ခြောက်သွေ့ပြီး ဝမ်းနည်းစရာကောင်းနေတဲ့ သဲကန္တာရ ထဲမှာ ငယ်ငယ်ရွယ်ရွယ် ပန်းကလေး တစ်ပွင့် ရှိခဲ့ပါတယ်။ သူ့ဘာသာသူကြီးထွားလာခဲ့ပြီး နေ့တိုင်းလည်း ပျော်ပျော်ရွှင်ရွှင် နေခဲ့တယ်။ ပြီးတော့ နေမင်းကိုမေးတယ်။ “ကျွန်မ ဘယ်အချိန် ကြီးလာမှာလဲ” တဲ့။ နေမင်း ကလည်း ပြန်ပြောတယ်။“သည်းခံပါဦး ကလေးရယ်၊ ငါမင်းကို ထိတွေ့တိုင်း မင်း နည်းနည်း နည်းနည်းကြီးထွားလာတာပဲ” တဲ့။ သူမကလည်း သဘောကျသွားတယ်။ ဘာကြောင့်လဲ ဆိုတော့ သူမမှာဒီသဲကန္တာရကြီးကို လှပစေနိုင်မယ့် အခွင့်အလမ်း တစ်ခု ရှိလိမ့်မယ် ဆိုတာသိလိုက်ရလို့ပဲ။ အဲဒါ သူမ လုပ်ချင်တဲ့ ကိစ္စပဲ ... ဒီကမ္ဘာကြီးကို နည်းနည်းလေးပဲဖြစ်ဖြစ် လှပမှုတွေ ယူဆောင်ပေးချင်တယ်လေ။

တစ်နေ့မှာ မုဆိုးတစ်ယောက် ရောက်လာခဲ့ပြီး သူမကိုနင်းမိခဲ့တယ်။ သူမ သေကာနီး ဆဲဆဲ ဖြစ်သွားပြီး ဝမ်းနည်းနေရတယ်။ သူမ သေတော့မှာမို့လို့ ဝမ်းနည်းတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူမမှာ ဒီ သဲကန္တာရကြီးကိုအလှဆင်နိုင်မယ့် အခွင့်အလမ်း မရှိတော့လို့ ဝမ်းနည်းတာပါ။

တန်ခိုးကြီး နတ်ကောင်း တစ်ပါး က သူမကို တွေ့ခဲ့ပြီးသူမ ပြောတာကို နားထောင်မိခဲ့တယ်။ “သူမ အသက်ရှင်သင့်တယ်” လို့ သူက ပြောခဲ့တယ်။ပြီးတော့ အောက်ကို ငုံပြီး သူမကို ထိတွေ့ကာ သူမရဲ့ ဘဝကို ပြန်ပေးလိုက်တယ်။

အဲဒီနောက် သူမဟာ လှပတဲ့ ပန်းကလေး တစ်ပွင့် အဖြစ်ပွင့်လန်း လာခဲ့ပါတယ်။ သဲကန္တာရကြီးရဲ့ ဒီအစွန်းတစ်ဖက်ဟာလည်း သူမကြောင့် မို့လို့လှပလာခဲ့ပါတော့တယ်။

(မြန်မာ စကားမှာ သူမ ဆိုတဲ့ စကားလုံးမရှိဘူးလို့ တလောကပဲ ဖတ်လိုက်ရပါတယ်။ ဒါပေမယ့် အဲဒီလို သုံးတာကို ပိုနှစ်သက်လို့သုံးလိုက်ပြန်ပါပြီ :D)

Loki ရဲ့ Flower in the Desert ကိုပြန်ဆိုပါသည်။

သိင်္ဂါကျော်

မူရင်း - Link

အချစ်ဆိုတာ

“ တခါတရံအချစ်ဆိုတာ ဆပ်ပြာဘူဖောင်းတစ်လုံးနဲ့ တူတယ် နည်းနည်းလေး ထိလိုက်တနဲ့ဖျပ်ကနဲ ပြိုကွဲသွားရလောက်အောင် ကြေကွဲထိခိုက်လွယ်တယ် ”
 
မူရင်း - သက်တန့်ချို

ယင်ကောင်များကို လေထဲ၌ လမ်းလျှောက်နိုင်အောင် ဖန်တီးနိုင်

ဗြိတိန်နိုင်ငံ နော်တင်ဟမ်တက္ကသိုလ်မှ ပညာရှင်များသည် ယင်ကောင်များကို လေထဲ၌ လမ်းလျှောက်နိုင်အောင် ဖန်တီးပြနိုင်ခဲ့ကြောင်း သိရသည်။ ပညာရှင်များသည် Diamagnetic Levitation ဟု ခေါ်သော နည်းစနစ်တစ်ရပ်ကို အသုံးပြုခဲ့ရာ ယင်း၌ အလွန်အင်အား ပြင်းထန်သော သံလိုက်စက်ကွင်းပြင်းအားကို အသုံးပြုထားပြီး အင်းဆက်များကို ခန္ဓာကိုယ်အလေးချိန် မဲ့သွားစေကာ လေထဲ၌ ပျံသန်းမှုမရှိဘဲ လမ်းလျှောက်နိုင်စေခဲ့သည်။ ယင်ကောင်များသည် မြေဆွဲအားမဲ့သွားသော အနေအထား၌ မြေပြင်ပေါ်မှာထက်ပင် ပို၍လျင်မြန်စွာနှင့် ပို၍ကြိမ်ရေများစွာ လမ်းလျှောက်နိုင်ကြောင်း တွေ့ရသည်ဟုဆိုသည်။

မူရင်း - SMG

Tuesday, 17 January 2012

ကွန်ပျူတာပညာလေ့လာ လိုသူများအတွက် မြန်မာစာအုပ်တွေရှိတဲ့နေရာ။(E-BooK)

ကွန်ပျူတာ နည်းပညာရပ်များကို စတင်လေ့လာနေသူတွေအတွက် အမြဲတမ်းစာအုပ်အသစ်တွေနဲ့
Update to Date ဖြစ်နေတဲ့ဝက်ဆိုဒ်လေးကို ညွှန်ပြပေးလိုက်ရပါတယ်။ကွန်ပျူတာ အခြေခံကိုစတင်
လေ့လာသူတွေအတွက်ရော..ပရိုဂရမ်စတင်လေ့လာသူ၊Network စဖြင့် မြန်မာလိုရေးထားတဲ့ စာအုပ်
ပေါင်းစုံကို အမြဲတမ်းတင်ပေးနေကျစာအုပ်ဆိုဒ်ကလေးပါ။လေ့လာစရာတွေကတော့ မကုန်နိုင်မခမ်း
နိုင်ပါဘဲ..ကဲ..စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီမယ်ဝင်ကြည့်လိုက်ပါခင်ဗျာ။

Source :  တာယာပွကြီး(ချစ်သူမြို့တော်)

Repairing Memory Stick

ဒါကတော့မြန်မာအိုင်တီမန်းကိုအလည်ရောက်သွားရင်းတိုက်ဆိုင်တာနဲ့ဒေါင်းပြီးသုံးကြည့်တာ အဆင်ပြေလို့ဘော်ဒါတွေအတွက်ပြန်တင်ပေးလိုက်တာပါ စတစ်အပျက်ရှိရင်တော့အိုကေတာပေါ့

Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့်လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို ပြုပြင်နည်းလေးကို ရေးသားပေးလိုက်ပါတယ်။
သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ Format ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။
ပထမဆုံး Test Disk ကို Run ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်။

Memory Stick မှာမကြာခဏတွေ့ တတ်သော Virus များရှင်းနည်း

ကျွန်တော် ဒီတစ်ခါ…Memory Stick တွေမှာ ကြုံတတ်တဲ့ပြသာနာလေးတွေဖြေရှင်းတဲ့နည်းလေးပြောပြမှာပါ…သိပြိးသားဆိုလဲ သည်းခံပြီးဆက်ဖတ်ပေတော့..ဟီးး :D သူငယ်ချင်းတို့ ကြုံဖူးကြမှာပါ…Memory Stick ထိုးလိုက်တာနဲ့ …Autorun.inf တို့  Recycled.exe တို့  Rundll32.exe တို့ ..ဘာတို့ ညာတို့ ပေါ့…အဲဒီ virus တွေကို USB Disk Security မှာလာပြတယ်လေ…အဲဒါတွေကို အရမ်းရမ်းကောင်းပါတယ်ဆိုတဲ့..Kasper ကတောင် မဖျက်နိုင်ဘူး… USB Disk Security မှာ Delete လုပ်လဲ တစ်ချို့  ဟာတွေကို delete လုပ်လို့ မရပါဘူး……အဲဒီတော့ ဘာ software မှ သုံးစရာမလိုတဲ့ ကျွန်တော်ပေးတဲ့ နည်းလေး သုံးကြည့်လိုက်..ရှိသမျှ virus တွေ အကုန်သေသွားစေရမယ်..(ဟဲဟဲ..ငါကွ…Kasper လောက်တော့သနားတယ်….ဟီးးး :D).. ကျွန်တော့်ရဲ့  virus ရှင်းတဲ့နည်းက တစ်ခြားထွေထွေထူးထူး ဘာမှ မဟုတ်ပါဘူး…. Bat file နဲ့  command တွေရေးပြီးရှင်းတဲ့နည်းလေးပါ…..ပထမဦး ဆုံး Notepad တစ်ခုကိုဖွင့်ပါ…ပြီးရင် အောက်မှာ ကျွန်တော်ရေးထားတဲ့ command တွေကို copy ကူးထည့်လိုက်ပါ… @echo del: E:Autorun.inf del: F:Autorun.inf del: G:Autorun.inf del: H:Autorun.inf del: E:Recycled.exe del: F:Recycled.exe del: G:Recycled.exe del: H:Recycled.exe del: E:RUNDLL32.exe del: F:RUNDLL32.exe del: G:RUNDLL32.exe del: H:RUNDLL32.exe @echo ပြီးရင်တော့.. နာမည်တစ်ခုခု.bat (eg. Kill.bat) ဆိုပြီး ကိုယ့်ရဲ့ Memory Stick ထဲမှာ Save လိုက်ပါ…အဲဒီ Kill.bat ဆိုတဲ့ file လေးကိုတော့ မဖျက်ပစ်လိုက်နဲ့နော်…Stick ထိုးတိုင်း အဲဒီ file လေးကို double click လုပ်ပြီး run လိုက်ပေါ့…ဒါဆိုရင် ကိုယ့်ရဲ့ Memory Stick ထဲက virus တွေအကုန်ရှင်းသွားလိမ့်မယ်……

Source :  တာယာပွကြီး(ချစ်သူမြို့တော်)

Hacking ကာကွယ်နည်း (1)

Hacking အကြောင်းကို ပြန်စကျရအောင်...ဆိုတော့ အဓိက ခေတ်စားနေတဲ့ Hacking နည်းလမ်းသုံးမျိုး
ကို ကျွန်တော် သိရသလောက် ပြန်ပြီး ရှင်းပြပေးပါမယ်။ ပြီးတော့ ဒီလိုမျိုးတွေကနေ ဘယ်လို ကာကွယ်ရ
မလဲ ဆိုတာကိုပေါ့။
အောက်ပါ Hacking ကို ကာကွယ်နည်းက ကျွန်တော်အနေနဲ့ Blogger.com တခုထဲကိုသာ 
ရှင်းပြထားတာမို့ Blogger.com တခုထဲအတွက်လို့ ထင်နေမိပါမယ်။ မဟုတ်ပါဘူး ဒီ hacking ကာကွယ်နည်းက Gmail,Hotmail,Yahoo စတဲ့ e-mail account တွေ အားလုံးအတွက်ဖြစ်ပါတယ်။

Phishing
Key-logging 
Social engineering
Primary email address hack

Phishing -ကတော့ website ကို တပုံစံထဲ အတုလုပ်ပြီး php code fake login page ကနေ Password ခိုးခြင်းဖြစ်ပါတယ်။ဒါကို ကျွန်တော် လေ့လာဖို့ လုပ်ထားတဲ့ တခုကိုပြပါမယ်။
အောက်ပါပုံစံလိုမျိုးစာ တခုပေါ့

Monday, 16 January 2012

လက်ချောင်းလေးတွေပေါ်က လက်စွပ်များ

all images from google search

လက်တစ်ချောင်းစီပေါ် ဝတ်ဆင်ထားတဲ့လက်စွပ်တွေမှာ မတူတဲ့အဓိပ္ပာယ်တွေရှိသတဲ့။ ပြောကြားချက်အရ ဘယ်ဖက်လက်သူကြွယ်မှာရှိတဲ့ သွေးကြောတစ်ချောင်းက နှလုံးသားနဲ့ဆက်သွယ်ထားတယ်။ ဒါကြောင့် မင်္ဂလာဆောင်တဲ့အခါ မင်္ဂလာဇနီးမောင်နှံက လက်ထပ်လက်စွပ်ကို ဘယ်ဖက်လက်သူကြွယ်မှာ ဝတ်ဆင်ပေးကြတယ်လို့ ဆိုပါတယ်။ အင်တာနက်ပေါ်မှာဖတ်ရတဲ့ လက်စွပ်ဝတ်ဆင်ပုံအကြောင်းကို ဘာသာပြန်မျှဝေလိုက်ပါတယ်။

လက်စွပ်ဝတ်ဆင်တဲ့ ဘယ်ဖက်လက်နဲ့ ညာဖက်လက်ရဲ့ အဓိပ္ပာယ်တွေက....

ညာဖက်လက်သန်း ---------- ချစ်သူ ရည်းစားမထားချင်ပါ
ညာဖက်လက်သူကြွယ် ------ ချစ်ကြိုက်နေတယ်။
ညာဖက်လက်ခလယ် ------- ပိုင်ရှင်ရှိတယ်
ညာဖက်လက်ညှိုး ---------- တစ်ကိုယ်ရေတစ်ကာယ

ဘယ်ဖက်လက်သန်း ------------ အိမ်ထောင်မပြုပါ
ဘယ်ဖက်လက်သူကြွယ် -------- လက်ထပ်ပြီး
ဘယ်ဖက်လက်ခလယ် --------- စေ့စပ်ထားတယ်
ဘယ်ဖက်လက်ညှိုး ------------ အိပ်ထောင်မပြုရသေးပါ

လက်စွပ်ဝတ်ဆင်တာကို ပြောစမတ်ရှိကြတယ်။ အနောက်နိုင်ငံတွေရဲ့ ဓလေ့ထုံးစံအရ ဘယ်ဖက်လက်က သင့်အတွက် ဘုရားသခင်ပေးတဲ့ ကံကောင်းခြင်းတဲ့။ ဒါကြောင့် လက်ထပ်လက်စွပ်ကို များသောအားဖြင့် ဘယ်ဖက်လက်မှာပဲ ဝတ်ဆင်ကြတယ်။

နိုင်ငံတကာမှာ ပိုခေတ်စားတဲ့ လက်စွပ်ဝတ်ဆင်နည်းက .....
လက်ညှိုး ---------- မင်္ဂလာဆောင်ချင်တယ်။ (မင်္ဂလာမဆောင်ရသေးပါ)
လက်ခလယ် ------- ချစ်ကြိုက်နေတယ်။
လက်သူကြွယ် ------ စေ့စပ်ထားတယ် ဒါမှမဟုတ် လက်ထပ်ပြီး
လက်သန်း ---------- တစ်ကိုယ်ရေတစ်ကာယ

ဘယ်လက်ချောင်းမှာပဲ ဝတ်ဆင်ဝတ်ဆင် အဓိပ္ပာယ်ဖော်ဆောင်လို့မရတဲ့ လက်စွပ်တစ်မျိုးရှိပါတယ်။ အဲဒီလက်စွပ်က ပန်းလက်စွပ်(ဖန်စီလက်စွပ်)ဖြစ်တယ်။ ဒီလိုလက်စွပ်မျိုးက အလှအပအတွက်ဝတ်ဆင်တဲ့ လက်စွပ်ဖြစ်တာကြောင့် ဘယ်လက်မှာပဲဝတ်ဝတ် ရပါတယ်။

ရှေးရောမမှတ်တမ်းအရ လက်စွပ်ကို လက်မပေါ်ဝတ်ဆင်တာဟာ အောင်မြင်လိုစိတ်ပြင်းပြတယ်လို့ ဆိုပါတယ်။ လက်ညှိုးပေါ်ဝတ်ဆင်တာက လန်းဆန်းတက်ကြွပြီး ကိုယ်ပိုင်အတွေးအမြင်ပိုရှိသူလို့ ခံစားစေပါတယ်။ လက်စွပ်ဝတ်ဆင်ရအကောင်းဆုံး လက်ချောင်းက လက်ခလယ်ပါပဲ။ လွတ်လပ်ပေါ့ပါးဟန်၊ ဆွဲဆောင်နိုင်မှုဟန်ကို ပိုပေါ်လွင်စေပါတယ်။ သာမန်အားဖြင့် လက်သူကြွယ်မှာ ဝတ်ဆင်တဲ့လက်စွပ်က လက်ထပ်လက်စွပ်ဖြစ်တယ်။ လက်သူကြွယ်က ပိုသေးသွယ်တာကြောင့် ဘယ်လိုလက်စွပ်ပဲဝတ်ဝတ် သိမ်မွေ့လှပပါတယ်။ ဆန်းသစ်တဲ့ လက်စွပ်ဝတ်ဆင်နည်းကတော့ လက်သန်းမှာ ဝတ်ဆင်တာပဲဖြစ်တယ်။ လက်သန်းမှာ ရိုးရှင်းတဲ့လက်စွပ်လေးဝတ်ဆင်ထားရုံနဲ့တင် လက်က ချစ်စရာကောင်းနေတတ်ပါတယ်။ လက်သန်းမှာ လက်စွပ်ဝတ်ဆင်တာက "တစ်ယောက်တည်းပဲ နေချင်တယ်။ ချစ်သူမထားချင်သေးဘူး။ အချိန်ကုန်ခံပြီး ငါ့ကိုလိုက်မပိုးပန်းပါနဲ့" ဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်ပါတယ်။

အဆန်းထွင်ထားတဲ့လက်စွပ်တွေကို ဝတ်ဆင်ချိန်မှာ ကိုယ်ပိုင်ဟန်ပိုပေါ်လွင်စေချင်ရင် လက်စွပ်နဲ့လိုက်ဖက်တဲ့၊ ပုံစံဆင်ပြီးရိုးရှင်းတဲ့ နောက်လက်စွပ်တစ်ကွင်းကို တခြားလက်တစ်ဖက်မှာ ဝတ်ဆင်နိုင်ပါတယ်။ တကယ်လို့ လက်စွပ်က လက်ပတ်နာရီနဲ့ လိုက်ဖက်ဝတ်ဆင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဥပမာ- သင်ဝတ်ဆင်တဲ့လက်စွပ်က ပန်းလက်စွပ်လေးဆိုရင် သားရေကြိုး ရွှေရောင်ဒိုင်ခွက်နာရီကို ဝတ်ဆင်နိုင်ပါတယ်။ တကယ်လို့ သင်မှာရွေးချယ်စရာ နာရီ၊ လက်စွပ်တွေ များများစားစားမရှိဘူးဆိုရင် လက်စွပ်နဲ့နာရီကို လက်တစ်ဖက်စီခွဲပြီး ဝတ်ဆင်နိုင်ပါတယ်။ မလိုက်ဖက်တဲ့အရာနှစ်ခုကို လက်တစ်ဖက်တည်းမှာပဲ မဝတ်ဆင်မိဖို့ပဲလိုပါတယ်။

လက်တစ်ဖက်တည်းမှာ လက်စွပ်နှစ်ကွင်း ဝတ်ဆင်ချင်တယ်ဆိုရင် အရောင်လေးတွေ လိုက်ဖက်ဖို့လိုပါတယ်။ လက်စွပ်တစ်ကွင်းက ဆန်းပြားတဲ့လက်စွပ်ဖြစ်နေရင် နောက်လက်စွပ်တစ်ကွင်းက ရိုးရှင်းနေရပါတယ်။ အကောင်းဆုံးက ဘေးချင်းကပ်နှစ်ချောင်းနှစ်ချောင်းမှာ ဝတ်ဆင်တာပါပဲ။ ဥပမာ-- လက်ခလယ်နဲ့လက်ညှိုး၊ လက်ခလယ်နဲ့လက်သူကြွယ်၊ လက်သူကြွယ်နဲ့လက်သန်း.... လက်စွပ်နှစ်ကွင်းကြားမှာ လက်ချောင်းတစ်ချောင်း ခြားနေတာမျိုး မဖြစ်ပါစေနဲ့။

တူညီတဲ့ အများပြောပုံတစ်ခုက----

လက်မမှာဝတ်ဆင်တာက "ပိုးပန်း"တယ်။ (တစ်ဘက်လူကို ပိုးပန်းဖို့ လှုပ်ရှားတယ်)
လက်ညှိုးမှာဝတ်ဆင်တာက "တောင်းဆို"တယ်။ (နှလုံးသားက အချစ်ကိုတောင့်တတယ်)
လက်ခလယ်မှာဝတ်ဆင်တာက "တည်"တယ်။ (ချစ်ကြိုက်နေတယ် ဒါမှမဟုတ် စေ့စပ်ထားတယ်)
လက်သူကြွယ်မှာဝတ်ဆင်တာက "နှောင်ဖွဲ့"တယ်။ (လက်ထပ်ပြီးကြောင်းပြောတယ်)
လက်သန်းမှာဝတ်ဆင်တာက "ခွာ"တယ်။ (တစ်ကိုယ်တည်းနေဖို့ ဆုံးဖြတ်တယ် ဒါမှမဟုတ် ကွာရှင်းထားတယ်) အနောက်နိုင်ငံမှာ လက်စွပ်မဝတ်ဆင်ထားရင် "ပိုင်ရှင်မရှိသေးပါဘူး.. ပိုးပန်းနိုင်တယ်"ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။

ဝတ်ဆင်ထားတဲ့ လက်စွပ်ကိုကြည့်ပြီး လူတစ်ယောက်ရဲ့ အတွင်းစိတ်ကိုလည်း ခန့်မှန်းနိုင်ပါတယ်။ လက်စွပ်ဟာ တန်ဆာဆင်ပစ္စည်းသက်သက်တစ်ခု မဟုတ်ဘဲ သင်ကြိုက်နှစ်သက်တဲ့ လက်စွပ်၊ သင်ဝတ်ဆင်တဲ့ လက်ချောင်းပေါ်မူတည်ပြီး သင့်အတွင်းစိတ်ကိုလည်း လှစ်ဟပြနိုင်ပါတယ်။

အမျိုးသားအတွက် ပြောရရင်---

ငွေရောင်လက်စွပ်ဝတ်ဆင်သူက နူးညံ့သိမ်မွေ့တယ်၊ လူတိုင်းနဲ့ အလိုက်အထိုက်နေတတ်တယ်၊ ဝင်ဆံ့တယ်။

ရွှေရောင်လက်စွပ်ဝတ်ဆင်သူက အကျိုးအမြတ်ကို ပိုအလေးထားတယ်။ များသောအားဖြင့် ထက်မြက်တဲ့ စီးပွားရေးဦးနှောက်ရှိတယ်။

ကျောက်စိမ်းလက်စွပ်ဝတ်ဆင်သူက အရည်အချင်းကို ပိုအသားပေးတယ်။ အလုပ်လုပ်ရာမှာ စည်းစနစ်ကြီးတယ်။

အမျိုးသမီးအတွက် ပြောရရင် ---

ပန်းရောင်လက်စွပ် ဒါမှမဟုတ် သန္တာကျောက်လက်စွပ်ကို ဝတ်ဆင်သူက ခံစားမှုပြင်းထန်ပြီး ရိုမန်တစ်ဆန်သူဖြစ်တယ်။

ပတ္တမြားလက်စွပ် ဒါမှမဟုတ် အနီရောင်ဖရဲအူကျောက် (Tourmaline)လက်စွပ်ကို ဝတ်ဆင်သူက စိတ်အားထက်သန်မှုများတယ်။

နီလာလက်စွပ် ဒါမှမဟုတ် စိမ်းပြာရောင်ကျောက်လက်စွပ်ကို ဝတ်ဆင်သူက အေးတိအေးစက် ဘာသိဘာသာနေတတ်တယ်။

မြလက်စွပ် ဒါမှမဟုတ် အစိမ်းရောင်(Turquoise)ကျောက်လက်စွပ်ကို ဝတ်ဆင်သူက ခံစားချက် နုရွသိမ်မွေ့လွန်းပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Sunday, 15 January 2012

Gmail သုံးသူ အားလုံး သို့ အသိပေးစာ ( အားလုံး ဖတ်ပါရန် )

မင်္ဂလာပါ

Gmail အကောင့်တွေနဲ့ ပတ်သက်ပြီး

အားလုံး သိသင့်သော အချက်တစ်ချက်ရှိလို့ ကျွန်တော် ဘာသာပြန်ရေးသားအသိပေးလိုက်ပါတယ်

မဖြစ်မနေလဲ သိထားသင့်တာကြောင့် အားလုံး ဖတ်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျ ။

Google ရဲ့ Policy အသစ် အရ 3.9.2010 မှာ

Information you provideဆိုတဲ့ Verify လုပ်မယ့် လုပ်ဆောင်ချက် အသစ်တစ်ခု တိုးလာခဲ့ပါတယ် ။

နားမလည်သူများ အဖို့ တော့ အစပိုင်းမှာ သုံးနေသော်လည်း

Ip Address ( အသုံးပြုသူတည်နေရာ ) ပြောင်းသွားတာနဲ့ သင့် gmail အား Verify လုပ်စေတော့မှာ

ဖြစ်ပါတယ် ။

ယခု ရက်ပိုင်း Google မှာ အကောင့်တိုင်းအား Verify your information ဆိုသော

အကြောင်းကြားစာတန်းရောက်နေပါလိမ့်မယ်

ထိုနေရာတွင် သင်နေထိုင်သော တိုင်းပြည်မှာ SMS Service ရှိပါက

ဖုန်းနံပတ် အတည်ပြုတောင်းဆို မှာဖြစ်ပြီး

SMS မရှိသော တိုင်းပြည်များအတွက် အခြားသော email လိပ်စာ ဖြည့်စွက်ပေးရမှာ

ဖြစ်ပါတယ် ။

အကယ်၍ သင်သည် ဖုန်းနံပတ်ဖြင့် Verify လုပ်ပါက သင့်ဖုန်းသို့ Verification Code

6 လုံး အား SMS ပို့ပေးမှာ ဖြစ်ပြီး ထို ဂဏန်း 6 လုံးဖြင့်

သင့် အကောင့်အား အတည်ပြုရန် လိုပါလိမ့်မယ်

ထိုသို့ Verify လုပ်ပြီးပါက သင့် email အား တစ်ခြားသူ မတရား ဝင်ရောက်ခြင်း

Hecking လုပ်ခြင်း ၊ Password ပြောင်းသွားခြင်းများကို

အလိုလျှောက်ကာကွယ်ပြီးသား ဖြစ်သွားပါပြီ ။

ကောင့် ဖွင့်မရတော့ပါက ထိုဖုန်းနံပတ်သည် သက်သေအဖြစ် ပိုင်ရှင်မှန်ကို

အတည်ပြုပေးမည်ဖြစ်ပြီး ၊

အချိန်မရွေး ဖုန်းနံပတ်ဖြင့် သင့်အကောင့်အား ပြန်လည်ယူလို့ရပါပြီခင်ဗျာ

ကျွန်တော် လွန်ခဲ့တဲ့ ရက်က email 3 ခုတိတိ ပြန်လည်ရယူပေးနိုင်ပါတယ် ။

မဖြစ်မနေလဲ လုပ်ထားသင့်ပါတယ် .. ။

မြန်မာပြည်မှ သူငယ်ချင်းများအတွက်မူ

မတူညီသော email လိပ်စာ တစ်ခု ဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ်

ထိုသို့ ဖြည့်စွက်ပြီး Verify လုပ်လိုက်ပါက ထို email သို့ Verify ကုတ် email

ရောက်ရှိလာပါလိမ့်မယ် ဤသို့ ပြုလုပ်ပြီးက သင် email အား

သူတစ်ပါး ခိုးယူသုံးစွဲခြင်း ရန်မှ အထိုက်အလျှောက်ကာကွယ်ပြီးသားဖြစ်ပါပြီ ။

Google မှ ထုတ်ဖော်အသိပေးထားသော Notice အား
လေ့လာနိုင်ရန် ထည့် ပေးလိုက်ပါတယ်

Information you provide
When you sign up for a Google Account, we ask you for personal information. We may combine the information you submit under your account with information from other Google services or third parties in order to provide you with a better experience and to improve the quality of our services. For certain services, we may give you the opportunity to opt out of combining such information. You can use the Google Dashboard to learn more about the information associated with your Account. If you are using Google services in conjunction with your Google Apps Account, Google provides such services in conjunction with or on behalf of your domain administrator. Your administrator will have access to your account information including your email. Consult your domain administrator’s privacy policy for more information.

______________________________________________________________

ထပ်မံအသိပေးရန်ရှိတာက hecking လို့ခေါ်တဲ့ ခိုးယူ အသုံးပြုခြင်းမှ

ကာကွယ်ရန် အတွက် အချက် 6 ခုတိတိ လိုက်နာရန်လိုအပ်ပါတယ်ခင်ဗျာ ။

အချက်အားလုံးမလိုက်နာနိုင်လျှင်တောင် တစ်ခုတည်းကိုတော့ မှတ်သားပါ

မရင်းနှီးသော မည်သည့် Link ကိုမှ မကလစ်ပါနှင့်

အစပိုင်းက ကျွန်တော် ရေးသား ပေးပြီးသားပါ မဖတ်ရသေးသူများအတွက်ကတော့

ကျွန်တော် အောက်မှာ ဖတ်နိုင်တဲ့နေရာကို လင့်ပေးထားပါတယ်

ဒီမှာ ဖတ်ပါ

ကျွန်တော် အင်တာနက် အသုံးပြုတဲ့ သက်တမ်း တစ်လျှောက်လုံး သိခဲ့တာတွေနဲ့တကွ

နိုင်ငံတစ်ကာ အတွေ့အကြုံများ အပါအဝင်

Google Platform မှ ပညာရှင်များရေးသားခဲ့တာကို ဘာသာပြန်ဖော်ပြထားပေးပါတယ်

ဒီစာအပြီး မဖတ်ရသေးပါက သွားရောက် ဖတ်ရှု့စေချင်ပါတယ် ။

______________________________________________________________နောက်တစ်ချက်က

1.4.2004 မှာ စတင်ခဲ့တဲ့ Gmail ဝန်ဆောင်မှု့ ကနေ ယနေ့ အထိ ကျွန်တော် လက်လှမ်းမှီသလောက်

လေ့လာပြီး ဆောင်ရန်ရှောင်ရန် အားလုံး ကျွန်တော် အသိပေး မျှဝေခဲ့ပါတယ်

ခုလည်း ကျွန်တော် ထပ်မံအသိပေးတာပါ

ကျွန်တော် အသိပေးချင်တာ ရှိပါတယ်

လူသုံး အလွန်နည်းတဲ့ igoogle ပါ

သူကgmail လို မဟုတ်ပဲ မိမိနှစ်သက်ရာ Widget တွေနဲ့ မိမိ အကောင့်ကို

ပြင်ဆင်နိုင်ပြီး လိုင်းနှေးလို့ gmail ကနေ ချတ်မရတဲ့

အခက်ခဲကို ဖြေရှင်းပေးထားပါတယ်

တစ်ချို့က gtalk ကနေ မချတ်ပဲ စာလဲ ဖတ် ချတ်လဲ ချတ်လုပ်ရသူတွေ အတွက်

အထူးသဖြင့် အင်တာနက် လိုင်း နှေးနေတဲ့ နေရာတွေ မှာ အလွန်အသုံးဝင်ပါတယ်

Third party patterns များကြောင့် သူက Gtalk လိုပဲ

လိုင်းနည်းနည်းနဲ့ ချတ်လို့ရပါတယ်

ထို့အပြင်ကောင်းမွန်တာက မိမိနှစ်သက်ရာ အစီအစဉ်ကို

ရွေးချယ်ထည့်ထားနိုင်ပြီး Rss ကဏ္ဍ ကလဲ အသုံးပြုသူအတွက်အစဉ်ပြေစေပါတယ်

ဥပမာ ( ဧဒင်မှ Blog တစ်ပုဒ်တင်ထားလို့ မိမိဘလော့ ကော့မက်နေရာမှ Rss လွင့်လိုက်တာနဲ့ နောက်ထပ် လာသမျှသော ကော့မက်အသစ်များအားလုံးကို မိမိ အကောင့်ထဲမှ ဖတ်နိင်သလို Facebook မှအစ မိမိ ထည့်သွင်းလိုတာ ထည့်သွင်းနိုင်ပြီး အားလုံး ထိုစာမျက်နှာမှာပင် ထိုင်ကြည့်နေလို့ရပါတယ် )

ကျွန်တော် Gmail ၊ Gtalk နဲ့ ပတ်သက်ပြီး

ဆောင်ရန်ရှောင်ရန်အားလုံးကို ရေးသားလက်စနဲ့

ယခုမသိသေးသူများရှိခဲ့ပါက သိစေချင်လို့တစ်ဆက်တည်း ရေးတင်ပေးလိုက်တာပါ

မြန်မာပြည်က သူငယ်ချင်းတွေ အတွက်တော့ အစဉ်ပြေမယ်လို့ ယုံကြည်ပါတယ် ။

အဆင့်ဆင့်ကိုဖော်ပြပေးလိုက်ပါတယ် ။

ပထမဆုံး Address Bar လို့ခေါ်တဲ့ အင်တာနက် Browser က လိပ်စာရိုက်ဖြည့်တဲ့နေရာမှာ

www.google.com/ig
ဆိုတာ ရေးဖြည့်ပါ

မဟုတ်ပါကလည်း igoogle ဟု ရိုက်ဖြည့်နိုင်ပါတယ် ။

ပြီးပါက အောက်ပါ စာမျက်နှာ အတိုင်း ကျလာပါလိမ့်မယ်

အနီဝိုင်းပြထားသောနေရာမှာ ကလစ်ပါက Gmail အတိုင်း Account နဲ့ Password ရိုက်ရန် စာမျက်နှာ ကျလာပါလိမ့်မယ် ထိုသို့ gmail အတိုင်း Sign in လုပ်ပြီးပါက အသုံးဝင်သော igoogle စာမျက်နှာအားအောက်အတိုင်းတွေ့ရပါလိမ့်မယ်ခင်ဗျာ

ဒါက အင်တာနက် လိုင်းနှေးတဲ့ နေရာများမှာ အားလုံး တစ်ပြိုင်တည်း သုံးနိုင်တဲ့ igoogle စာမျက်နှာဖြစ်ပါတယ်

သုံးရလွယ်ကူသလို ချတ်ရတာလဲ အဆင်ပြေပါလိမ့်မယ်

ကျွန်တော် အင်တာနက် သုံးခဲ့တဲ့ သက်တမ်း 10 နှစ်တာ နီးပါး အတွင်းမှာ

သိခဲ့ရတဲ့ အတွေ့အကြုံအပါအဝင် နိုင်ငံတစ်ကာရဲ့ ဝေဖန်မှု့တွေ အားလုံးကို

လေ့လာ ဖတ်ရှု့ခဲ့ဘူးပါတယ် ၊အတွေ့ကြုံနဲ့လိုက်ပြီးလည်း ဖော်ပြပေးခဲ့ပါတယ် ။

Google နဲ့ ပတ်သက်ပြီး ကြော်ငြာချက် Policy အားလုံးကို

Gooogle Offical Blog မှာ မည်သူမဆိုလေ့လာနိုင်ပြီး နိုင်ငံတကာက ဝေဖန်သံ ချီးကျူးသံအားလုံး

လိုအပ်ချက် နဲ့ အခက်ခဲ့များ အားလုံး ဖတ်ရှု့နိုင်ပါတယ်

အောက်မှာ google blog ပုံကိုပါ ဖော်ပြပေးလိုက်ပါတယ်

လိပ်စာက

ထိုဘလော့မှာ Gmail နဲ့ ပတ်သက်ပြီး အားလုံး သိနိုင်သလို

အမှားမှန်လည်း ဝေဖန်ခွင့်ရှိပါတယ်

--------------------------------------------------------------------------

နောက်ဆုံးတစ်ခုက မည်သူ မဆို အများဖတ်ရှု့တဲ့ စာတစ်ပုဒ်ဖြစ်လာဖို့

မိမိကိုယ်တိုင် လေ့လာဆန်းစစ်ပြီးမှသာ ရေးသား တင်တာဟာ

အကောင်းဆုံး ပါ

Gmail နဲ့ ပတ်သက်လို့ ယနေ့ အထိ မြောက်များစွာ ဖြစ်ပေါ်နေတဲ့

ပြဿနာတွေနဲ့ ထင်မြင်ချက်တွေကို တိတိကျကျ မသိသေးသူများအတွက်

ကျွန်တော် အတတ်နိုင်ဆုံး ဘာသာပြန်တင်ပြပေးလိုက်ပါတယ်

အစစ အဆင်ပြေချောမွေ့ပါစေ

ဤဘလော့အား

ကူးယူ၍ ဖြစ်စေ ၊ Share ၍ဖြစ်စေ သူငယ်ချင်းများအား လက်ဆင့်ကမ်းနိုင်သလို

မည်သည့် ဆိုဒ်အတွက်မဆို အသုံးပြုနိုင်ပါတယ်ခင်ဗျာ

လေးစားလျှက်

KOMYO

Related Posts Plugin for WordPress, Blogger...