HomeMovies Blogger Saw Eh Lor News Health Dictionary
. .

Wednesday 4 January 2012

TuneUp Utilities 2012 သုံးပြီး မိမိကွန်ပျူတာ ပိုမို မြန်ဆန်လာအောင် လုပ်ကြည့်ရအောင် - ညီနေမင်း (နည်းပညာ)



အားလုံးမျှော်နေတဲ့ TuneUp Utilities 2012 လာပါပြီဗျာ. ရရချင်းကို serial number နဲ့ တစ်ခါတည်း တင်ပေးလိုက်ပါတယ်. အရင်က version နဲ့တော့ တော်တော်လေး ကွာလာ တာကို တွေ့ရပါတယ်. တစ်ခုသတိပေးထားပါမယ်. သူ့ကို install လုပ်တော့မယ်ဆိုရင် ကွန်ပျူတာကို ဘာမှမသုံးပါနဲ့ အင်တာနက်ကိုလဲ တတ်နိုင်ရင် ဖြုတ်ထားပေးပါ. အဲ့ဒါဆိုရင် install လုပ်တာ အဆင်ပြေပြေနဲ့ ပြီးသွားမှာပါ။ သူကဘာအတွက်သုံးတာလဲဆိုရင် ကွန်ပျူတာဖွင့်တဲ့အချိန်မှာ စက်က အရမ်းလေးနေတတ်တယ်. ဘာ့ကြောင့်လေးရတာလဲဆိုရင် ကိုမမြင်ရ တဲ့နောက်ကွယ်မှာ မလိုအပ်တဲ့ program တွေက run နေလို့ပါ. လိုအပ်တဲ့ program နဲ့ မလိုအပ်တဲ့ program ကို TuneUp Utilities 2012 ခွဲပေးတဲ့အပြင် မလိုအပ်ပဲ ပွင့်နေတဲ့ program တွေကိုလည်း ပိတ်ပစ်လို့ရပါတယ်. ဒါပေမယ့် antivirus program နဲ့ driver program တွေကိုတော့ မပိတ်ပစ်ပါဘူး. အဲ့လိုမျိုး ဖြစ်ရပ်တွေဟာ program တွေ အများကြီးတင်ထားတဲ့ စက်တွေမှာ အဖြစ်များပါတယ်. ပြီးတော့ Registry ကို သန့်ရှင်းရေးလုပ်နိုင်ခြင်း၊ registry ကို စနစ်တကျ ဖြစ်အောင် Defragment လုပ်ပေးခြင်း၊ ကွန်ပျူတာအတွက် အသုံးမလိုတော့တဲ့ shortcuts များကို ဖယ်ရှားပေးခြင်း၊ ကွန်ပျူတာအတွက် မလိုအပ်တော့တဲ့ temporary files များကို ဖျက်ပေးခြင်း၊ hard disk ထဲမှာရှိတဲ့ ဖိုင်များကို စနစ်ကျ ပြန်စီပေးခြင်း စသည့် Tools များကို အသုံးပြုခြင်းအားဖြင့် ကွန်ပျူတာ မြန်ဆန်လာမှာဖြစ်ပါတယ်. ဒါတွေဟာ ကွန်ပျူတာမှာ မလုပ်မနေရ လုပ်ပေးရမယ့် သန့်ရှင်းရေးနဲ့ ပြုပြင်မှုလေးတွေပါ.  အဲ့ဒီ့အတွက် အခုနောက်ဆုံးထွက် version ဖြစ်တဲ့ TuneUp Utilities 2012 ကို သုံးကို သုံးထားသင့်ပါတယ်. အသုံးပြုနည်းကိုတော့ မသုံးတတ်တဲ့ သူများအတွက် နောက်နေ့မှပဲ ပုံတွေနဲ့ ရှင်းပြပေးပါ့မယ်.

Download mirrorcreator | ifile | mediafire | zshare | ziddu | megaupload


Download ifile.it
Part1 | Part2

Download Up4vn
Part1 | Part2

Download Mediafire
Part1 | Part2

Download Mirrorcreator
Part1 | Part2



Source : ညီနေမင်း(နည်းပညာ)

No comments:

Post a Comment

ဆော့ဝဲတွေ update လုပ်ခိုင်းလျှင်မလုပ်ပါနှင့်။

Related Posts Plugin for WordPress, Blogger...