HomeMovies Blogger Saw Eh Lor News Health Dictionary
. .

Thursday 16 February 2012

အသေးစိပ်သိမှတ်စရာ Windows Disk Cleanup ပြဿနာ

Disk Cleanup Tool ဟာ သင့် ကွန်ပျူတာအတွင်းရှိ hard disk ရဲ့ ဆုံးရှုံးသွားတဲ့ နေရာလွတ်များ ပြန်လည် ရရှိအောင် အကူအညီပေးတဲ့ disk scanner utility တစ်ခုပဲ ဖြစ်ပါတယ်။ မလိုလားအပ်တဲ့ file များကိုလည်း လုံခြုံစိတ်ချ စွာနဲ့ ရှာဖွေပယ်ထုတ် ပစ်နိုင်ပါတယ်။ ဥပမာ- ယာယီပြုလုပ်ပြီး ထည့်ထားသည့် ဖိုင်များပင် ဖြစ်ပါတယ်။ သို့ပေမယ့် လည်း ယင်းကဲ့သို့ file များအား ဖျက်ပစ်ရန်ဆိုသည်မှာ သင့်ရဲ့ရွေးချယ်မှု အပေါ်မှာသာ တည်ပါသည်။ သင့်ရဲ့ hard disk ပေါ်မှာ နေရာလွတ်များ ပိုမိုရရှိစေရေးအတွက် disk cleanup tool ဟာ အောက်ဖော်ပြပါ လုပ်ငန်းစဉ်များကို ပြုလုပ်ပေးနိုင်ပါတယ်။

(၁) Temporary Internet files များကို ဖယ်ထုတ်ခြင်း။
(၂) Download Program များကို ဖယ်ထုတ်ခြင်း။
(ဥပမာ- အင်တာနက်ထဲမှ download လုပ်ထားတဲ့ Active X controls, Java applets..)
(၃) Recycle Bin အမှိုက်ပုံးထဲမှ ဖိုင်များကို ဖယ်ထုတ်ခြင်း။
(၄) Windows ရဲ့ temporary file များကို ဖယ်ထုတ်ပေးခြင်း။
(၅) သင်မသုံးတော့တဲ့ windows မှာ ပါဝင်လာတဲ့ file စနစ်များကို ဖယ်ထုတ်ပေးခြင်း။
(၆) Install လုပ်ထားပြီး ကာလကာမြင့်စွာ မသုံးပဲထားသည့် program များကို ဖယ်ထုတ်ပေးခြင်း အစရှိတဲ့ လုပ်ငန်းစဉ်တွေကို Disk Cleanup က အခြားသော software များရဲ့ အကူအညီကို မယူပဲ Temporary File များကို အလွယ်တကူ ဖျက်ပေးနိုင်ပါတယ်။



Temporary File ရဲ့ သဘောကလည်း hard disk ထဲမှာ အချိန်ကြာလာတာနဲ့အမျှ temporary file တွေ ပွလာ ပါတယ်။ Temporary File ဆိုတာက ကျွန်ုပ်တို့ Application တွေကိုသုံးပြီး computer ကို ခိုင်းတဲ့နေရာမှာ အဲဒီ application တွေက လူတွေခိုင်းတာကို ပြီးမြောက်စေဖို့ Temp File တွေ hard disk ထဲမှာ သွားဖွင့်ပါတယ်။ ယင်း application များဟာ hard disk ထဲမှာ Temp File တွေကို ထုတ်ပြီး အလုပ်လုပ်စဉ် တစ်ခါတရံမှာ application ထဲက မထွက်ခင် ရုတ်တရက် မီးပျက်သွားခြင်း၊ restart ကျခြင်း စတာတွေဖြစ်ပေါ်တတ်ပါတယ်။ ယင်းကဲ့သို့ ဖြစ်ပြီး temp file များဟာ မပျက်တော့ပဲ hard disk ထဲမှာ ကျန်ရှိသွားပါတော့တယ်။ ကြာလာတဲ့အခါမှာ ဒီ temp file တွေဟာ hard disk မှာ များလာပြီး ကွန်ပျူတာအတွက် မလိုအပ်တော့တဲ့ ယာယီမှတ်သားထားတဲ့ file အပိုလေးတွေ ဖြစ်လာပါတယ်။ ယခုလို မကြာမကြာ ဖြစ်ခဲ့ပါက temp file များရဲ့ နေရာယူမှုဟာ ကွန်ပျူတာရဲ့ free space တွေကိုတောင် ခြိမ်းခြောက်လာပါလိမ့်မယ်။

ဒါဆိုရင် ယင်းကဲ့သို့ မဖြစ်စေပေါ်စေရန်မှာ temp file များကို ဖျက်ဖို့ အခြေအနေအရ လိုအပ်လာပါပြီ။ သူ့ကို လည်း တစ်ခန်းဝင် တစ်ခန်းထွက် လိုက်လံပြီး ဖျက်ဖို့ မလိုပါဘူး။ Windows မှာ ပါရှိပြီးသား Disk Cleanup နဲ့ပဲ temp file အားလုံးကို တစ်စုတစ်စည်းထဲ ဖျက်လို့ရနိုင်တဲ့အတွက် များစွာ အဆင်ပြေစေပါတယ်..။

ဒါဆိုရင် Disk Cleanup ရဲ့ လုပ်ဆောင်မှုကို စတင်ကြည့်ရအောင်..။

- ပထမဦးစွာ Start button ကို Click နှိပ်ပြီး Run ကို ရွေးချယ်ပါ။
- ပြီးတော့ Run box မှာ cleanmgr လို့ ရိုက်ထည့်ပြီး OK ကို click နှိပ်လိုက်ပါ။ (သို့) Start ကို Click နှိပ်ပြီး All Programs ကို ရွေး ၊ ပြီးတော့ Accessories ကို ရွေး၊ System Tools ကနေတဆင့် Disk Cleanup ပေါ်မှာ click နှိပ်ခြင်းဖြင့်လည်း ပြုလုပ်နိုင်ပါတယ်။



ဒါဆိုရင် ယခုလိုမျိုး တွေ့မြင်ရပါမယ်။ OK button ကိုသာ ထပ်မံပြီး click နှိပ်လိုက်ပါ။







သင့် hard disk ရဲ့ free space ဘယ်လောက် ထွက်လာ မလဲဆိုတာကို စတင်ပြီး တွက်ချက်ပါလိမ့်မယ်။ ခဏ လောက်တော့ စောင့်ရမှာပါ။





(ဆက်လက်ရေးသားပါဦးမည်။ )
လေးစားလျှက်....။
ကျော်မြင့်ဦ; (Knowledge is Free)



Ref: A+ certification (Zaw Lin- Youth)
http://support.microsoft.com/kb/310312






Source : ကိုကျော်မြင့်ဦး

No comments:

Post a Comment

ဆော့ဝဲတွေ update လုပ်ခိုင်းလျှင်မလုပ်ပါနှင့်။

Related Posts Plugin for WordPress, Blogger...