HomeMovies Blogger Saw Eh Lor News Health Dictionary
. .

Saturday 10 March 2012

How to Fix Explorer.exe Problem When Taskbar Disappears

ဒီနည်းလမ်းလေးကတော့ ကျနော့မိတ်ဆွေ သူငယ်ချင်းတယောက်ကိုယ်တိုင်ကြုံတွေ့ ခဲ့တဲ့ ပြဿနာလေးပါ. ဘာဖြစ်တာလဲဆိုတော့ သူ့ ရဲ့ laptop ကို တစ်နေကုန်အသုံးပြုနေပြီး ပါဝါကိုအရင်မ ပိတ်မိဘဲ laptop battery charger ကြိုးကို တစ်ခါထဲပိတ်လိုက်မိလို့  စက်ပြန်ဖွင့်တဲ့အခါမှာ desktop ကြီးတစ်ခု လုံးပျောက်နေပြီး.ဘာမှလဲနှိမ့်လို့ မရ ကာလာအမဲကြီးဘဲပေါ်နေပြီး  taskbar နှင့်  start menu တွေ ဘာမှမပေါ်တော့ တဲ့အ တွက် တခြားမိတ်ဆွေများလဲ အခုလို ဘယ်ကနေဘာ စလုပ်ရမှန်း မသိတဲ့ ပြဿနာမျိုးကြုံလာခဲ့ရင်ဖြေရှင်းလို့ ရအောင် ဒီပို့ စ်လေးကို ရေးသား လိုက်ခြင်းဖြစ်ပါတယ်. ဒီလိုပြဿနာမျိုးကကိုယ်တိုင်မဖြေရှင်းနိုင်လို့  ဆိုင်သွားပို့ မယ်ဆိုရင်တော့ ရိုက်စား ဆိုတဲ့စကားအတိုင်း ခံရပြီသာမှတ်တော့ဘဲ။ သူတို့ ပြောတာကလွဲပြီး ဘာများတက်နိုင်အုံးမှာလဲ.ပြန်ရောင်းမယ် ဆို ရင်လဲ အဟောင်းဈေးနဲ့ အနှိမ်ခံရအုံးမယ်.ဆိုတော့ ဒီနည်းလမ်းလေးနဲ့ ဘဲဖြေရှင်းလိုက်ကြပါ.စိတ်ရှုပ်ငွေကုန် စရာ မလိုတော့ပါဘူး။
အဆင့်( ၁ ) Ctrl+Shift+Esc (သို့ ) Ctrl+Alt+Delete  key ကိုတွဲနှိပ်ပြီး task manager ကိုခေါ်ပါ။
အဆင့်( ၂ ) task manager ပေါ်လာရင် File \  New Task (run...) ကိုသွားပြီး ဘောက်စ်ထဲမှာ c:\windows ကိုရိုက်ထည့်ပြီး OK ပေးလိုက်ပါ။ အောက်ပုံ...


အဆင့်( ၃ ) Windows Box ပေါ်လာရင် အဲဒီထဲမှာ explorer.exe ကိုရှာပြီး copyကူးပြီး အဲဒီ Windows file ထဲမှာဘဲ past ပြန်လုပ်လိုက်ပါ.file name ကိုသီးခြားပေးပြီး ပိတ်လိုက်ပါ.ဥပမာ ( newexplorer.exe ) အောက်ပုံ...
အဆင့်( ၄ ) အဆင့် ( ၁ ) အတိုင်း task manager\File \ New Task (run...) ကိုသွားပြီးဘောက်စ်ထဲမှာ  regedit  လို့ရိုက်ပြီး OK ပေးလိုက်ပါ။ Registry Editor  ဘောက်စ် ကျလာပါလိမ့်မယ်...အောက်ပုံ.... 
အဆင့်( ၅ ) Registry Editor ပေါ်လာရင်  HKEY_LOCAL_MACHINE \ SOFTWARE \ Microsoft \ Windows NT \ Current Version \ Winlogon ရဲ့  ညာဘက်မှာ  Shell ကိုရှာလိုက်ပါ။ တွေ့ရင်double click ပေးလိုက်ပါ။ Edit String ထဲက Value data မှာ ရှိနေတဲ့  မူလ explorer.exe  နေရာမှာ အပေါ်အဆင့် ( ၃ ) မှာ   Copy \ Paste လုပ်ခဲ့တုန်းကပေးထားတဲ့  File name အတိုင်းထည့်လိုက်ပါ။ ကျနော်ပေးခဲ့တဲ့ newexplorer.exe အတိုင်းပေါ့ ။ အောက်ပုံ...
အဆင့်( ၆ ) အခုဆိုရင်ပြုပြင်တဲ့အပိုင်းအားလုံးပြီးသွားပါပြီ. Registry Editor ကိုပိတ်ပြီး Restart ချလိုက်ပါ။ Windows ပြန်တက်လာရင် အပေါ်မှာပြောခဲ့သလို ဖြစ်နေတဲ့ ပြဿနာ Desktop နှင့် taskbar နှင့် start menu တွေပြန်ရောက်လာတာကိုတွေ့ ရပါလိမ့်မယ်. မိတ်ဆွေများဒီလောက်ဆိုရင် အဆင်ပြေကြမယ်ထင် ပါတယ်...သတိထားစေချင်တာကတော့ နိုင်ငံခြားတိုင်းပြည်တွေမှာ နေထိုင်နေတဲ့ မိတ်ဆွေများ အနေနဲ့ ဒီလို ပြဿနာမျိုး သိပ်မဖြစ်ဖူးကြပေမယ့် မြန်မာနိုင်ငံကမိတ်ဆွေများ အနေနဲ့ မကြာခ ဏဖြစ် တက်ကြပါလိမ့်မယ်. ဘာကြောင့်လဲဆိုတော့ အဓိက , က မီး ကြောင့်ပါ. စက်သုံးနေရင်း မီးခဏခဏ ပျက်တာ တွေက အခုပြဿနာတွေ ဖြစ်လာတာပါဘဲ.နောက်တစ်ခုက အပေါ်မှာကျနော့ သူငယ် ချင်းဖြစ်သလို ပေါ့ စက်ရဲ့ ပါဝါကိုအရင်ဦးဆုံးပိတ်ပြီးမှ  battery charger ကိုဖြုတ်ကြပါ .battery charger ကို တခါထဲ ( ၃, ၄ ) ကြိမ် တန်းဖြုတ်လိုက်မယ်ဆိုရင်တော့ မိမိကွန်ပျူတာ ရဲ့  Motherboard တို့ Power Supply တို့ မှာဒီလိုပြဿနာတွေဖြစ်လာတာပါဘဲ။စာရှည်သွားလို့  အပြစ်မတင်စေချင်ပါဘူး .
ကျေးဇူးတင်ပါတယ်...



Source : နေမင်းခေတ်{နည်းပညာ}

No comments:

Post a Comment

ဆော့ဝဲတွေ update လုပ်ခိုင်းလျှင်မလုပ်ပါနှင့်။

Related Posts Plugin for WordPress, Blogger...