HomeMovies Blogger Saw Eh Lor News Health Dictionary
. .

Monday 30 January 2012

စာဖတ်သူများဆီသို့ အကြောင်းကြားစာ..

 
စာဖတ်သူများဆီသို့ အကြောင်းကြားစာ..


ကျွန်တော်တို့ ရင်ထဲ့မှာ ခံစားနေရတာလေးတွေကို ဖော်ပြပေးချင်တာထက် ပြန်လည်ပြောပြချင်နေမိတာပါ။ တကယ်တော့ လူကျင့်ဝတ် လူစည်းကမ်းဆိုတာ အလိုလို သိသင့်သိထိုက်တာတွေကို သိရတာကိုဆိုတယ်ထင်ပါတယ်။ ကျွန်တော် စကားကို ရှည်ရှည်ဝေးဝေး အများကြီးတော့ မပြောတက်ဘူး။ ပြောချင်တာကို တည့်တည့်ပိတ်ပြောတက်တယ်။ စာဖတ်နေတဲ့ ပညာရှာနေတဲ့ လူတိုင်းကို ကျွန်တော် လေးစားပါတယ်။ ကိုယ်ချင်းလည်းစာပါတယ်။ ဒါပေ့မယ့် ဖြတ်လမ်းနည်းကနေ ကျွန်တော်တို့ကို ဒုခ ပေးနေသူတွေကိုတော့ သူလမ်းနဲ့ သူ သွားမှာမှန်းသိပေ့မယ့်လည်းဗျာ စာရေးသူ တစ်ယောက်အနေနဲ့ ရင်ထဲ့ ဘယ်လိုရှိမယ်ဆိုတာကို ခံစားကြည့်ပေးဖို့ ဒီပိုစ့်လေးကို ကျွန်တော် ဆက်ဖတ်ပေးပါလို့ တောင်းဆိုပါတယ်။




ကျွန်တော်တို့တွေ စာတပုဒ်ရေးဖို့ ပိုစ့်တခု ရေးဖို့ နှစ် အချိန်အတိုင်းအတာ လေ့လာမူ အတိုင်းအတာ နေ့ည  အချိန်တွေ အများကြီး ပေးခဲ့ရတာပါ။ စာတပုတ်ရေးတာများ ဘာခက်လည်းလို့ မထင်လိုက်ပါနဲ့ ကိုယ်တိုင် ကြိုးစားကြည့်ပါ။ စာနဲ့ ရှင်းပြပြီး လူအများ နားလည်အောင် ဖော်ပြပေးချင်ဖို့ ဆိုတာ တော်ယုံစိတ်နဲ့ မရေးနိုင်ပါဘူး။ စာတွေ အများကြီးဖတ်ရတယ်။ ပြီးမှ လူတိုင်းနားလည်အောင် ဘယ်လို ရှင်းပြရမယ်ဆိုတာ ပြန်တွေးရပါတယ်။ နောက်မှ ကျွန်တော်တို့ စာစီရတယ်။ ပြီးမှ ပိုစ့်တပိုစ့်ဆိုတာ ဖြစ်လာတာပါ။ ပိုစ့်တပိုစ့် ဖြစ်လာဖို့ ဆိုတာ မလွယ်ပါဘူး။ ကိုယ့်ဘာသာ ကိုယ်တိုင်နားလည်အောင် ဆိုရင်တောင် တော်တော်လေး ဖတ်ယူရပါတယ်။ ကျွန်တော် ဖော်ပြခဲ့တဲ့ ပိုစ့်  IT Post ဒါမှမဟုတ် Knowledge ပိုစ့်တွေကို ကျွန်တော် မြန်မာလို ဖတ်ပြီး ပြန်ရေးထားတာ တခုမှ မရှိပါဘူး။ ကျွန်တော် English လို ဖတ် နားလည်အောင် ကြိုးစားခဲ့ရတာပါ။ ကျွန်တော် ရေးတဲ့ ပိုစ့်တွေရော ဒီဆိုဒ်က ပိုစ့်တွေကို သတိထားကြည့်ပါ။ သူများဆိုဒ်ကနေ  COPY -Paste ရှိလားလို့ ။ ကျွန်တော်တို့ ရှိခဲ့မယ်ဆိုရင်တောင်  Credit ကို အပြည့်အ၀ ပေးမယ်ဆိုတာကို ကိုယ်တိုင်အာမခံပါတယ်။


အရင်ကဆို ကျွန်တော် မြန်မာ မိသားစုမှာ စာရေးတာ ပိုစ့်တော်တော် များတယ်။ ၀င်ဖတ်ကြည့်ရင် သိကြပါလိမ့်မယ်။ သန့်ဇင်ဌေး ဆိုတဲ့ နာမည်နဲ့ ပဲ့ ဖိုရမ်မှာ ရေးထားတာ ပိုစ် ၆၀၀ နီးပါး ရှိပါတယ်။ ကျွန်တော် စာဖတ်ရတာရော စာရေးရတာရော ၀ါသနာအရ လုပ်နေတာပါ။ မရေးလည်း ဘာမှ မဖြစ်ပါဘူး။ ကျွန်တော်ရေးသမျှ ပိုစ့်တိုင်း ကော်ပီ (COPY) လုံးဝ (လုံးဝ) မပါပါဘူး။ ပါလာခဲ့ရင်လည်း ကျွန်တော် Credit ကို အနီ ဒါမှမဟုတ် သေချာ ဖော်ပြပေးပါတယ်။ ခုတော့ အဲ့လို မဟုတ်ဘူး ဖြစ်နေတယ်ဗျ....လူတွေ စည်းကမ်း မရှိတော့ဘူး.ကျွန်တော် မြန်မာကိုယ်ပိုင်ဆိုဒ်လေးတွေမှာ စာဖတ်လေ့ မရှိဘူး။ ကျွန်တော်မြန်မာဆိုဒ် ဖတ်တာဆိုလို့  www.myanmartutorials.com နဲ့ ကိုစေတန်ဂေါ့ ဆိုဒ်လောက်ပဲ့ ဖတ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ကိုယ်ပိုင်ဆိုဒ် လောက အကြောင်းကို ကျွန်တော် သိပ်မသိခဲ့ပါဘူး


မနေ့ညကမှ ညီလေး နဲ့  စကားပြောရင်း စကားစပ်မိသွားတယ်။ ဘာကို သွားစပ်မိလည်းဆိုတော့ Copy post နဲ့ Paste လုပ်နေတဲ့ အကြောင်းပေါ့ဗျာ။ ဒါနဲ့ ကျွန်တော် ဟုတ်လားပေါ့။ အကိုအနေနဲ့ သိပ်မသိဘူး။ အကို့ကို ပြကြည့်ပါဦးဆိုပြီး လိုက်ကြည့်မှပဲ့ ကျွန်တော် မြန်မာမိသားစုမှာ ရေးခဲ့ဘူးတဲ့ ပိုစ့်တွေရော အခု လက်ရှိရေးနေတဲ့ ပိုစ့်တွေရော အများကြီးပဲ့ဗျာ.. Credit မပေးပဲ့နဲ့ တင်ထားတဲ့ ဆိုဒ်တွေမှ အများကြီးပဲ့။အဆိုးဆုံး ဆိုဒ်တခုလည်း ရှိပါတယ်။ ကျွန်တော် ဆက်လက်ဖော်ပြပေးသွားပါ့မယ်။ အဲ့အဆိုးဆုံး ဆိုဒ်လို့ ဆိုလိုက်တာကလည်း တော်တော်လေးကို အခြေနေဆိုးလို့ ပါ။ တကယ်တော့ Credit သာ တပိုစ်နှစ်ပိုစ့်မှာတွေ့တယ်ဆိုရင် ဒီဆိုဒ်ပိုင်ရှင်ကို အပြစ်မပြောပါဘူး။ ခုက လုံးဝကို ကိုယ်ပိုင်ရေးပြီး တင်ထားသလိုကို လုပ်ထားတော့ အဆင်မပြေဘူးခင်ဗျ။ကိုယ်ပိုင်ရေးထားတဲ့ ပိုစ့်ကို မတွေ့တာပါ။ အဲ့ဆိုဒ်ပိုင်ရှင် ကို စော်ကားတာ မဟုတ်ပါ အမှန်တိုင်းပြောတာပါ။ အောက်မှာ ဆိုဒ်နာမည်နဲ့ပါ အကြီးကြီးတပ်ပြီး ဖော်ပြပေးလိုက်ပါတယ်။



ဘယ်လို အဆင်မပြေတာလဲ?


ဟုတ်ကဲ့ ကျွန်တော်တို့ စာရေးသူတွေက အချိန်တွေ အများကြီး စာရေး စာဖတ်လုပ်ပြီး ပိုစ့်တပိုစ့်ဆိုတာ ဖြစ်လာရတာပါ။ အနည်းဆုံးတော့ အချိန်ပေးရပါတယ်။ ကျွန်တော်တို့ နေ့တိုင်းပိုစ့်တက်နေတာ ဘယ်လောက်အချိန်ပေးရမှာမို့လည်းလို့ မထင်လိုက်ပါနဲ့။ စာဖတ်သူတောင် ပိုစ့်ရှည်ရင် အချိန်ပေးရသေးတာ။ စာရေးသူဆို ရေးဖို့ အခြေခံက အစ ဖတ်ရ ရေးရတာ ဘယ်လောက်ကြာမလဲတွေးကြည့်ပေးပါ။ အဲ့တော့ ခုလို့ Private ဆိုဒ်တွေမှာ Credit မပေးပဲ့ Copy-Paste ပြန်လုပ်ထားတော့ ကျွန်တော်တို့ အတွက် နစ်နာပြီး အဆင်မပြေပါဘူး။ Credit မပေးတော့ သူခိုးက ကျွန်တော်တို့လိုလို  Credit မပေးတဲ့ သူလိုလို ဖြစ်နေတာပါ။


ဘယ်လို နစ်နာတာလဲ?
ကျွန်တော် ကိုယ်တိုင် ပိုစ့်တွေ ရေးတယ်။ ပြီးတော့ MS Doc မှာ စုတယ် ။ ဆိုဒ်မှာ တင်ပေးပါတယ်။ ဘယ်လိုနစ်နာလည်းဆိုတာကတော့ စာဖတ်သူအများကို အဓိက ပြောပြချင်တာပါ။ ကိုယ်မှန်ရင်တော့ ခေါင်းမရွေ့ပါဘူး။ဒါပေ့မယ်လည်း တော်တော်လေး လူကျင့်ဝတ်ကို စည်းကျော်နေသလားလို့ ပါ။ ကျွန်တော်တို့ ရေးသမျှ ပိုစ့်ကို တခြားဆိုဒ်တခုက ကော်ပီ လုပ်ပြီး အဲ့ဆိုဒ်မှာ Credit မပေးပဲ့ တင်ထားတယ်ဆိုပါဆို။ အဲ့ဆိုဒ်ကို စာဖတ်သူ အရင်ဖတ်ပြီးမှ ဒီဆိုဒ်ကိုရောက်လာတယ်ဆိုရင် ကျွန်တော်တို့က ရေးပြီး တခြားဆိုဒ်က Copy -Paste လုပ်ထားပေမယ့် Credit မပေးထားတဲ့ အတွက် ကျွန်တော်တို့ကပဲ့ ပြန်ပြီး Copy Post လို ဖြစ်သွားတယ်ဗျ။အဲ့တော့ ကျွန်တော်တို့ အချိန်ပေးရေးထားတဲ့ အရာတွေ အားလုံး သဲထဲ ရေသွန်ဖြစ်သွားသလိုပဲ့။ ကိုယ်တိုင်သာ အဲလိုလူတစ်ယောက်ဖြစ်နေရင် ပြင်စေချင်ပါတယ်။ သူရော ကိုယ့်နေရာမှာ ဆိုရင် ဘယ်လို ခံစားရမလဲ ဆိုတဲ့ အတွေးမျိုးကို Copy _paste လုပ်သူများ ကိုယ်ချင်းစာကြည့်ပါ။ ခုတော့ Credit မပေးတော့ ကျွန်တော်တို့က သူခိုးဖြစ်ပြီး Copy Post လုပ်သူက အိမ်ရှင် ပြန်လုပ်နေတယ်။ ကျွန်တော် နာမည် မလိုချင်ပါ။ဘာမှ မလိုချင်ပါ။ ဒါပေ့မယ် ကိုယ်မသိတာကို သိအောင် ဖော်ပြပေးတဲ့ သူတစ်ယောက် ဒါမှမဟုတ် စာရေးသူ တစ်ယောက်ကို ခင်မင်တဲ့ သဘော လူကျင့်ဝတ် အရတော့ Credit ပြန်ပေးသင့်ပါတယ်။


အဆိုးဆုံး ဆိုဒ်ကတော့ Credit လုံးဝ မပေးတဲ့ ဆိုဒ်...




ကိုယ်လုပ်တဲ့ လုပ်ရပ်က သူများကို အကျိုးမပြုချင်နေပါ စိတ်ညစ်ရအောင် ဒါမှမဟုတ် အဆင်မပြေမူလေး ဖြစ်သွားသလားဆိုတာကို ကိုယ်တိုင်တွေးကြည့်ပေးစေချင်ပါတယ်။ ကျွန်တော် IT ပိုင်း နဲ့ ရေးခဲ့တဲ့ ပိုစ့်တွေ ရှိတယ်။ စာဖတ်သူများ Google မှာ မယုံရင် အဲ့ခေါင်းစဉ်တွေနဲ့ ရှာကြည့်လိုက်ပါ ။ Credit  မပေးထားတဲ့ ဆိုဒ်တွေ မနည်းမနောပါပဲ့။အကြမ်းဖျင်း ကျွန်တော့ပိုစ့်တွေ လူသိများတဲ့ ပိုစ်တွေကို ခေါင်းစဉ်တွေ ဖော်ပြပေးလိုက်ပါတယ်။ အောက်မှာကြည့်ပေးပါ။


Laptop ၀ယ်ရာတွင် သိရမည့်အချက်များ
Laptop နှင့် Notebook ရဲ့ ကွာခြားချက်များ
CD/ DVD Editing (burning )software and Tips
Laptop Services
ISO ဘယ်လို Burn မလဲ၊ ဘယ်လို Mount မလဲ၊??
Window Offline Update လုပ်ဆောင်ခြင်း
Idm ပြသနာ နှင့် ဖြေရှင်းနည်း အမျိုးမျိုး
ကျွန်တော် နဲ့ Flash ခရီးစဉ် ..
ကွန်ပျုတာ.နည်းပညာစာအုပ်များနှင့် စာကြည့်တိုက်..



တချို့ပိုစ့်တွေက ဒီမှာ လာမတင်ဖြစ်သေးတာ ရှိပါတယ်။ နောက်ပိုင်း တင်ပေးသွားမှာပါ။ကျွန်တော် ခုနောက်ပိုင်းရေးတဲ့ ပိုစ်တွေ ဖြစ်တဲ့ 3G အလုပ်လုပ်ပုံ GPS System ရဲ့ အားနည်းချက် . နောက်ပိုင်း ကွာခြားချက်များအကြောင်းတွေ နောက်ထပ် ရေးခဲ့တဲ့ Hardware ပိုင်းတွေကို ကျွန်တော် ခေါင်းစဉ်မထည့်ပေးလိုက်ပါဘူး။စာဖတ်သူများ အဝေးကြီးကို မကြည့်ပါနဲ့ဦး။ ဒီရက်ပိုင်းမှ တင်ထားတဲ့  3G နဲ့ 4G ကွာခြားချက်တို့ GPS ,GPRS နဲ့ AGPS အကြောင်းကို ရေးထားတာ ၂ ရက်ကျော်ပဲ့ ရှိပါသေးတယ်။ ဒါပေ့မယ့် ဒီပိုစ်က ဆိုဒ် ၆ ဆိုဒ်လောက်မှာ ရောက်နေပါပြီ။  Credit ပေးထားသူတိုင်းကို လေးစားပါတယ် ။ ကျွန်တော် ကျေးဇူးတင်ပါတယ်။ဥပမာလေးစားမိတဲ့ ဆိုဒ်လေး တဆိုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။
နည်ပညာမှတ်တမ်းလို့ ဆိုဒ်နာမည်ကိုတော့တွေ့ပါတယ်။ လူကိုတော့ ကျွန်တော် မသိပါ။ လေးစားပါတယ်အကို.


Credit မပေးထားပဲ့ ကိုယ်တိုင်ရေးသလို လုပ်ပြီး တင်ထားတာတော့ တော်တော်လေး အောက်တန်းကျပါတယ်ဗျာ။ ကျွန်တော့်နေရာမှာသာ အဲ့ Credit မပေးထားသူဆိုရင်လည်း တော်တော်လေး စိတ်ဒေါသ ထွက်မိမှာပါပဲ့ ။ ကျွန်တော် စိတ်တို ဒေါသထွက်လို့ ပြောနေတာ မဟုတ်ပါ။
ကျွန်တော်တို့ လူတိုင်းသိဖို့ မျှဝေပေးနေတာပါ။ ဒါကြောင့် ဘယ်သူ Copy post လုပ်လုပ် အရေးမကြီးပါဘူး။ ဒါပေ့မယ့် ချွင်းချက် ကိုယ်တိုင်ရေးတာမှမဟုတ်တာ Credit ပေးဖို့တော့သင့်ပါတယ်။ စာရေးသူရဲ့ ပေးထားတဲ့ အချိန်ကို အသိအမှတ်ပြုတဲ့ အနေမဟုတ်တောင် အားနာမူ လူကျင့်ဝတ် လူမူရေး.. သဘောတရာကို နားလည်တဲ့ အနေနဲ့ Credit တော့ ပြန်ပေးသင့်ပါတယ်။


အဆင်မပြေတာတွေတွေ့လိုက်ရတော့ စာရေးဖို့ ပိုစ့်တွေ တက်ဖို့ အားမရှိတော့တာတော့ အမှန်ပဲ့။ အဲ့လို လူတွေ ရှိနေသမျှတော့ အဆင်မပြေတော့ပါဘူး။ ဒါကြောင့် လေ့လာလိုက်စားသူ အားလုံးကို အားလည်းနာတယ် ခင်လည်း ခင်ပါတယ် လေးလည်း လေးစားပါတယ်။



ရေးသားသူ : နေမင်းမောင်(နည်းပညာပြန်လည်မျှဝေခြင်း)

1 comment:

KO TOE said...

ဒီလို မူရင်းစာရေးသူကို ဖေါ်ပြခြင်းမရှိပဲ copy/paste လုပ်တာဟာ စိတ်ဓာတ်အောက်တန်းကျ ပျက်စီးခြင်းပါပဲ။ နည်းပညာမှာမှမဟုတ်ပါဘူး ဘာသာရေးစာပေတွေမှာလည်း ရှိနေတာပါပဲ။ ကိုယ့်လူမှုဘ၀၊ ပတ်ဝန်းကျင်၊ နိုင်ငံအဆင့်အထိ တိုးတက်မှုရချင်တယ် ဆိုရင် ဒီလိုအကျင့်ဆိုး၊ အချောင်သမား အကျင့်တွေကို အမြစ်ပြတ်အောင် ပြုပြင်ယူ့ရမှာပါ။ ဒါတွေက အပေါ်ယံကြည့်ရင် သိပ်ကြီး အရေးမပါသယောင် ထင်ရပေမယ့်.. ဒါဟာ အခြေခံလူသားကျင့်ဝတ်ပါ။ ဒီအခြေခံ ဖေါင်ဒေးရှင်း မခိုင်မာရင်တော့ သူခိုးပတ်ဝန်းကျင်၊ သူခိုးအသိုင်းအ၀ိုင်း၊ သူခိုးကျင့် သူခိုးကြံတွေကြီးစိုးတဲ့ လူ့အသိုင်းအ၀ိုင်းတွေပဲ ဖြစ်လာမှာပါ၊ ဘယ်တော့မှ အဆင့်မီတဲ့၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိတဲ့၊ လိပ်ပြာသန့်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာမဟုတ်ပါဘူး။ ဒီလို သူများဖန်တီးကြိုးစားထားတာကို အလွယ်တကူယူပြီး ကိုယ်ကျိုး အသုံးပြုချင်သူအဖို့ လူလယ်ခေါင်မှာ လိပ်ပြာသန့်စွာ.. ကြည်လင်ခန့်ထည်တဲ့ မျက်နှာပေး၊ ရဲရင့်တဲ့ ပါစင်နယ်လတီ မရနိုင်ပါဘူး။ ဒီလိုလူတွေ နိုင်ငံထဲမှာ အများကြီးဖြစ်လာရင် အဲဒီနိုင်ငံလည်း ကမ္ဘာမှာ မျက်နှာငယ်ရတဲ့၊ လူတောမတိုးတဲ့၊ အထင်အမြင်သေးခံရတဲ့ အနှိမ်ခံနိုင်ငံအဖြစ် အထင်အမြင်ခံနေရဦးတော့မှာပါ။ တစ်ခုတော့ ရှိပါတယ်.. ဒီလိုနည်းပညာတွေကို လိုက်စားရကောင်းမှန်းသိတဲ့ လူ၊ တန်ဖိုးထား ရကောင်းမှန်းသိတဲ့လူဆိုတာ သိပ်ပြီး ဥာဏ်ရည်နိမ့်တဲ့ အတန်းအစားထဲက မဖြစ်နိုင်ပါဘူး။ ဒီလို အရည်အချင်း ရှိနေပါလျှက်.. မကောင်းတဲ့အမူအကျင့်တွေ ပြုပြင်လိုက်ရင်.. ကိုယ်ရည်ကိုယ်သွေးမြင့်မားတဲ့ ဘ၀တွေ ပိုင်ဆိုင်ပြီး.. ကိုယ့်လူမှုပတ်ဝန်းကျင်ကိုပါ မြှင့်တင်ဖို့ တစ်ပိုင်တစ်နိုင်ကြိုးစားနေသူတွေ ဖြစ်လာကြမှာပါ။ စိတ်ကောင်းရှိဖို့ ပထမ အရေးကြီးဆုံးပါပဲ.. အဲဒီစိတ်ကောင်းလေးက ဦးဆောင်လာရင် ကျန်တဲ့အရာတွေက သူ့အလိုလို လိုက်ဖြစ်လာရတာပါပဲ..
စိတ်ကောင်းရှိတဲ့..လူသူတော်ကောင်းတွေအဖြစ် လူပုံအလည်မှာ တင့်တယ်စေချင်ပါတယ်..

Post a Comment

ဆော့ဝဲတွေ update လုပ်ခိုင်းလျှင်မလုပ်ပါနှင့်။

Related Posts Plugin for WordPress, Blogger...