HomeMovies Blogger Saw Eh Lor News Health Dictionary
. .

Monday 19 March 2012

Blogger ဆိုတာ ဘာလဲ

ဘယ်သူကနေ ဘယ်သူ့ကိုစပြီးတဂ်လိုက်သလဲတော့မသိပါဘူး ။ ထုံးစံအတိုင်းပဲ ဘလော့ဂ်ဂါ ဆိုတာ ဘာလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ မန္တလေးသားလေး ကိုကိုးအိမ်က တဂ်လိုက်ပြန်ပါပြီ ။ ပြန်ရေးတာ နောက်ကျသွားတဲ့ အတွက် ခွင့်လွှတ်ပါ ညီရေ ။ အရင်ဆုံးပြောချင်တာတာတွေကို အပိုင်းလေးတွေခွဲပြီး ရေးသွားမှာဖြစ်ပါတယ် ။

၁ ။ ဘလော့ဂ်ဂါဆိုတာ ကိုယ်ပိုင် blogspot.com ရှိယုံနဲ့ တကယ်ပဲ စာရေးသူ ဘလော့ဂ်ဂါ တစ်ယောက် ဖြစ်ပြီ တဲ့လား ?
၂ ။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ဆိုရင် ဘာတွေနဲ့ပြည့်စုံရမလဲ ?
၃ ။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ ဘာတွေရှောင်ရမလဲ ?
၎ ။ အဆိပ်ပင်တွေ ရေမလောင်းကြပါနဲ့
၅ ။ စည်းလုံးညီညွှတ်မှုဟာ ဘလော့ဂ် မှာ ဘယ်လောက်ထိအရေးကြီးသလဲ ?


ကျွန်တော်ပြောချင်တဲ့အကြောင်းအရာတွေကို ခေါင်းစဉ်လေးတွေခွဲထားခြင်းဖြစ်ပါတယ် ။ ကျွန်တော့်ရဲ့ တစ်ဖက် သက် Personal view ဖြစ်တဲ့အတွက် ကိုယ့်လူတို့နဲ့ သဘောထားချင်းတူတာတွေလည်းရှိသလို မတူတာတွေ လည်းရှိ ပါလိမ့်မယ် ။ ဒါပေမယ့် စာရေးသူတစ်ယောက်အတွက် စာဖတ်သူတွေအပေါ် ထားရှိတဲ့ စေတနာ ကသာ လျှင် အရေးအကြီးဆုံးဖြစ်တယ်ဆိုတာကိုတော့ ကိုယ့်လူတို့ ၀န်ခံရပါလိမ့်မယ် ။

၁ ။ ဘလော့ဂ်ဂါဆိုတာ ကိုယ်ပိုင် blogspot.com ရှိယုံနဲ့ တကယ်ပဲ စာရေးသူ ဘလော့ဂ်ဂါ တစ်ယော က်ဖြစ်ပြီ တဲ့ လား ?

ဒီမေးခွန်းရဲ့အဖြေကတော့ရှင်းပါတယ် ။ မြန်မာနိုင်ငံမှလွဲ၍ ကိုယ်ပိုင်ဂျီမေးလ်အကောင့်ရှိတဲ့သူတွေအဖို့ www.blogger.com မှာ Sign Up လုပ်လိုက် ယုံနဲ့ ဘလော့တစ်ခုဖြစ်ဖို့ ဆိုတာ လွယ်သမှ သိပ်လွယ် ။ ပြီးတော့ ရေး ချင် တာသာရေးကြပေတော့ ။ ကဲ ဘလော့ဂ်ဂါတစ်ယောက်ဖြစ်သွားပြီတဲ့လား ။ နိုးနိုး...မဖြစ်သေး ပါဘူး ။ blogspot.com ရှိယုံနဲ့ ဘလော့ဂ်ဂါတစ်ယောက်မဖြစ်ဘူးလို့ ကျွန်တော်ကတော့ သတ်မှတ်ထားတယ် ။ ဘလော့ တစ်ခုကို Register လုပ်ယုံလုပ်ပြီး ယောင်ဝါးဝါးလုပ်နေတဲ့သူတွေဟာ သာမန် Blogspot User လို့သာ ကျွန်တော်က သတ်မှတ်ပါတယ် ။ Blogger အစစ်မဟုတ်သေးပါဘူး ။ အဲ ..အစပိုင်းမှာပြောခဲ့သလိုပေါ့ ။ မြန်မာနိုင်ငံ ကလွဲ၍ ဆိုတဲ့စကားလေးပြန်ရှင်းရဦးမယ် ။ အားလုံးသိထားပြီးဖြစ်တဲ့အတိုင်း ဘလော့စပေါ့ကို ကြည့်ဖို့ဖြစ်စေ ၀င်ဖို့ဖြစ်စေ မြန်မာနိုင်ငံကဆိုရင်တော့ ကျော်တတ်ခွတတ်ဖို့တော့လိုပါတယ် ။ အခုဆက်ရေး မှာကတော့ ဘာဆို ဘာမှ မသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပါတယ် ။ သိပြီးသားဖြစ်လို့ ကိုယ့်လူတို့ကို ဆရာလုပ်မိ သလိုဖြစ်သွားခဲ့ရင်လည်း အနူးအညွှတ်တောင်းပန်ပါတယ်ဗျာ ။ နံပတ် ၂ ကို ဆက်ဖတ်သွားနိုင် ပါတယ် ။ ကျော်တဲ့ခွတဲ့နေရာမှာ နည်းတွေအမျိုးမျိုးရှိသဗျ ။ (နည်းနည်းတော့ လျှာရှည်လိုက်ဦးမယ်ဗျာ ရတယ် ဟုတ်..း)

(ကျော်ခွနည်းများအားပို့စ်သတ်သတ်တင်ပါမည် ထို့ကြောင့် ချန်လှပ် )

၂ ။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ဆိုရင် ဘာတွေနဲ့ပြည့်စုံရမလဲ ?

အဓိကကတော့ ရည်ရွယ်ချက်ပေါ့ဗျာ ။ ဘာအတွက်လုပ်ထားတာလဲ ။ ကိုယ်ဖတ်ဖို့လား ။ သူများဖတ်ဖို့လား ။ ကိုယ်ဖတ်ဖို့ ကိုယ်လုပ်ထားတာဆိုရင်တော့ ဘာမှပြောစရာမရှိပါဘူး ။ ကြိုက်တာလုပ်ပေါ့ ။ သူများဖတ် ဖို့ဆိုရင်တော့ ပြောစရာရှိလာပါပြီ ။ သူများဖတ်ဆိုရင် တော့ ကိုယ်က ပေးချင်တာလား ကိုယ့်အတွေးတွေကို ပြချင်တာလား ဆိုတာကိုရွေးရပါမယ် ။ ပေးချင်တာဆိုရင်တော့ ကိုယ့်လူ စေတနာ ပါဖို့တော့လိုတယ် ။ စာဖတ်သူတွေအတွက် တကယ်အကျိုးရှိတဲ့အရာတွေ ချပြဖို့လိုတယ် ။ ယောင်ဝါးဝါး လုပ်နေလို့တော့မဖြစ်ဘူးဗျို့ ။ ကိုယ့်အတွေးတွေ ပြချင်ယုံသက်သက်ဆိုရင်တော့ (ဥပမာ ကဗျာ ဆိုက်တွေပေါ့ ) သိပ်တော့ပြောစရာမရှိပါဘူး ။ သူက ပြယုံ သက်သက်ပဲကိုး ဒီတော့ ဖတ်တဲ့သူတွေကလည်း ဖတ်ယုံသက်သက် ခံစားရရင် ခံစားကြပေါ့ မခံစားရရင်လည်းမ ခံစားကြနဲ့ပေါ့ ဒါပဲရှိတယ် ။ တစ်ခုတော့ရှိတယ်ဗျာ ပို့စ်တစ်ပုဒ်တစ်ပုဒ်ကို အကြာကြီးပစ် မထားကြပါနဲ့ တချို့ဆို ဘယ်နှစ်လ မှန်းမသိဘူး ပစ်ထားကြတယ် ။ အကြောင်းရှိလို့ ဆိုရင်တော့လက်ခံပါတယ် ။ တချို့က အကြောင်းမရှိပဲနဲ့ ပျင်းလို့ကို ငါရေးချင်ရေးမယ် မရေးချင်မရေးဘူး မင်းတို့လည်းရေးတဲ့အခါ ဖတ် မရေး တဲ့ အခါ မဖတ်နဲ့ပေါ့ကွာ ဆိုတာမျိုးကတော့ အင်း ..သိပ်မမိုက်ဘူးပေါ့ဗျာနော် ။ ဒီတော့ ဘလော့ ဂါတစ်ယောက် ဖြစ်ဖို့ဆိုရင် တော့

- စာဖတ်သူတွေအပေါ် စေတနာပါရမယ်ဗျာ နော်
- စာရေးသိပ်ပျင်းနေလို့မဖြစ်ဘူး ဗျ အရေးကြီးတယ်
- မြန်မာနိုင်ငံမှာဆိုရင်တော့ ကျော်တတ်ခွတတ်ရမယ် အရေးကြီးတယ် မဟုတ်ရင်တော့ အိပ်မက်မမက် တာ အကောင်းဆုံးပဲ
- ကိုယ့်စာတွေကိုပြန်ပြီး Review ပြန်ကြည့်ပြီး result ထုတ်ရမယ် ငါရေးလိုက်တဲ့စာက သူတို့ဖို့ ဘာတွေအ ကျိုးရှိသွား သလဲ သူတို့ဘာတွေရသွားသလဲ သုတလား ၊ ရသလား ပျော်ရွှင်မှုလား ၀မ်းနည်းမှုလား အဲဒါတွေပေါ့နော်
- ကိုယ်ဟာ မျက်စိစွင့်နားပွင့်ဖြစ်နေရမယ် ။ ရေးချင်တာသာရေးပြီးတခြား ဘလော့ဂ်တွေ ဘာဖြစ်နေမှန်းမသိပဲ link တွေ ပျက်နေ ရင်လည်းမဟုတ်သေးဘူးဗျ ကျွန်တော်ဆိုတခါတခါ link ပျက်ပျက်သွားတယ် မနည်းပြန် ချိတ်နေရတယ် ။ လတ်တလော ဘလော့အသိုင်းအ၀ိုင်းကြီးကို မျက်စိဖွင့် နားစွင့်လုပ်နေရမယ်ပေါ့ဗျာ ။
- ဘလော့တွေကို သိပ်အကြာကြီးမဟုတ်ပဲ Update လုပ်စေချင်ပါတယ် ။ တချို့ဘလော့ဂါတွေက ကွန်းမန့်များများ ရအောင်ဆိုပြီး ပို့စ်တစ်ပုဒ်ရေးပြီးရင်အကြာကြီးပစ်ထားကြတယ် ။ အင်း... သူတို့ရည်ရွယ် ချက်နဲ့သူတို့ဆိုတော့လည်း အပစ်တော့မပြောသာပါဘူး ။ ကွန်းမန့်ဆိုတာကလည်း ဘယ်လောက် အရေးကြီး လဲဆို တာ စာရေးဖူးတဲ့သူမှပဲသိမှာပဲဗျာနော့ ။ ဒီနေရာမှာ ကျွန်တော်အရမ်း ချီးကျူးချင်တဲ့ဘလော့ဂ် ဂါတစ်ယောက်ရှိတယ် ။ အဲဒီလူကတော့ ကိုပီတာကြီးပေါ့ခင်ဗျာ ။ သူ့စာတွေ ကောင်းလားမကောင်းလားတော့ ဖတ်ဖူးတဲ့ သူတိုင်းသိမှာပါ ။ ဒါပေမယ့် ပို့စ်တိုင်းမှာ ကွန်းမန့်မရှိဘူး ။ နည်းတယ်ပေါ့ဗျာ ။ ဒါဟာဘာကြောင့် လည်းဆိုရင် သူ့ဘလော့က အမြဲ Update ဖြစ်တယ် ။ စေတနာပါတယ် ။ စာရေးအားကောင်းတယ် ။ ဘာသာပြန် ဆိုပေမယ့်လည်းတွေးရရေးရတာပဲဗျာဟုတ်ဘူးလား ။တချို့ပြောကြသေးတယ် ဘာသာပြန်က ကုန်ကြမ်းရှိတယ် ဆိုပဲ သူတို့ ရင်တွင်းဖြစ်တွေကမှ ကုန်ကြမ်းပြတ်တဲ့အခါ ဘလော့ပို့စ်တွေပါ ကြာသွားရတာပါတဲ့ ။ ကိုပီတာရေ ဆက်သာကြိတ်ထားဗျို့ ကျွန်တော်ကတော့အားပေးတယ် ။
- ဘလော့အပြင်အဆင်ကို ဖြစ်ကတတ်ဆန်း ပစ်မထားကြပါနဲ့ ။ နည်းနည်းလေး ကိုယ့်ဘလော့နဲ့လိုက်မယ့် template လေးတွေ နဲ့ တန်ဆာ ဆင်စေချင်ပါတယ် ။ တချို့ဘလော့တွေက စာတွေအရမ်းကောင်းတယ် ။ ဒါပေ မယ့် ရိုးရိုး ကြီးတွေနဲ့ စာဖတ်သူတွေအပေါ် ဆွဲဆောင်မှုမရှိဘူးပေါ့ဗျာ ။ စာက အရေးကြီးလား အပြင်အဆင်က အရေးကြီးလားဆိုရင်တော့ နှစ်ခုလုံးအရေးကြီးတယ်ဖြေရမှာပါပဲ ။ ဟုတ်ဘူးလား ကိုယ့်လူ တို့ရယ် ။

၃ ။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ ဘာတွေရှောင်ရမလဲ ?

ဒါအရေးကြီးတယ်ဗျ ။ ဘာတွေရှောင်ရမလဲဆိုတော့ အချင်းချင်း ကုန်းချော တာ ၊ တိုက်ခိုက်တာ ၊ မနာလိုဝန်တိုစ ကားတွေကို ဘလော့တွေပေါ်ကနေစောင်းမြောင်းပြီးတမျိုး သွယ်ဝိုက်မျိုး တမျိုးပြောကြ တာတွေပေါ့ ။ တကိုယ်ဆို အဲဒီဘလော့တွေအတော် အောက်တန်းကျတယ် ။ စာဖတ်သူတွေ ကို စော်ကားနေ သလိုပဲ ။ ကိုယ့် ဖာသာမကျေနပ်လည်းတိုးတိုးတိတ်တိတ်လုပ်ကြပေါ့ဗျာ ဟုတ်ဘူးလား ။ အခုက စာဖတ်သူတွေ အတွက် အနှောက်အယှက်ဖြစ်ရတာပေါ့ ။ ပြီးတော့ စာရေးပျင်းတာရှောင်ရမယ် ဘာမှမဟုတ်ရင်တော့ ဘာမှမရေး တာအကောင်း ဆုံးပါပဲ ။ ဘလော့တွေ ဖောင်းပွလာတာပဲအဖတ်တင်လိမ့်မယ် ။ တချို့ဘလော့ဂ်တွေ နာမည်ကြီး ပြီး အရေ မရ အဖတ်မရတွေများတယ်ဆိုတာ ကိုယ့်လူတို့ သိတယ်မဟုတ်လား ။ တချို့ကလည်း အချင်းချင်း သူ့ ဘလော့ မှာ ကွန်းမန့် ဘယ်နှစ်ခု ငါ့ဘလော့မှာ ကွန်းမန့် ဘယ်နှစ်ခု ပြိုင်စရာမဟုတ်တာ ပြိုင်နေကြသေးတယ် ။


၎ ။ အဆိပ်ပင်တွေ ရေမလောင်းကြပါနဲ့

ဒါကတော့ ရေးတဲ့စာအမျိုးအစားကိုပြောတာပါ ။ စာဖတ်သူတွေအတွက် အယူအဆတွေလွဲသွားစေမယ့် စိတ်ဓါတ်တွေ ညံ့ဖျင်းသွားစေမယ့် စာတွေကို အဆိပ်ပင်လို့ ယူဆပါတယ် ။ သူတို့ကို ရေမလောင်းကြပါနဲ့ ။ ရှောင်ကြစေ လိုပါတယ် ။ ကိုယ့်လူတို့လည်း ရိပ်မိမှာပါ အခုနောက်ပိုင်းစာဖတ်သူတွေက စာကောင်းပေကောင်း နဲ့ စာစုတ်ပေစုတ် တွေကို ရွေးချယ်ခွဲခြားပြီး ဖတ်လာကြပြီဖြစ်တဲ့အတွက် အရှည် ကြီးတော့ပြော မနေတော့ပါဘူး ။ Blogger တွေဖက်ကလည်း role မြှင့်ကြဖို့လိုပါပြီ ။

၅ ။ စည်းလုံးညီညွှတ်မှုဟာ ဘလော့ဂ် မှာ ဘယ်လောက်ထိအရေးကြီးသလဲ ?

အိုး...သိပ်အရေးကြီးတာပေါ့ဗျာ ။ စည်းလုံးညီညွှတ်မှုမရှိရင် ဘာဆို ဘာမှမဖြစ်နိုင်ဘူး ။ Blog list တွေချိတ် ထားတာသာကြည့်တော့ ဘယ်လောက်အကျိုးရှိသလဲ ။ Click လေးတွေနှိပ်ပြီး ဆက်တိုက်ကြည့် သွားယုံပဲ ။ တဂ်တာတွေကို တလေးတစား ပြန်ဖြေပေးတာဟာလည်း စည်းလုံးမှု အတွက်လို ကျွန်တော်က ယူဆတယ် ။ ကိုယ်မအားလို့ ပြန်မဖြေဖြစ်တာကတော့တမျိုးပေါ့နော် ။ နောက်ပြီး ကိုမြစ်ကျိုးအင်းတို့ ကိုလူထွေးတို့ရေးတဲ့ ဘလော့စည်း လုံးရေးစာတွေကို ကျွန်တော်ကသိပ်သဘောကျတာပဲ ။ သူတို့လို မရေးတတ်ပေမယ့် ဒီလူတွေ တကယ့်ကို ဘလော့ဂါ စည်းလုံးရေး ပညာရှင်တွေလို့ မြင်မိတယ် ။း))

ကဲကဲ မျက်စိတွေတော့ညောင်းနေလောက်ပြီ ဒီလောက် ရှည်ရရင်တော်ပါပြီ ။ (စာရေးတာကိုပြောတာပါ) 



ရေးသားသူ - သက်တန့်ချို

No comments:

Post a Comment

ဆော့ဝဲတွေ update လုပ်ခိုင်းလျှင်မလုပ်ပါနှင့်။

Related Posts Plugin for WordPress, Blogger...