HomeMovies Blogger Saw Eh Lor News Health Dictionary
. .

Friday 2 March 2012

Samsung Galaxy Ace / W / Y / Note / S / SII, III, IV, V တွင် Root လုပ်စရာမလိုပဲ မြန်မာဖောင့် ထည့်နည်း(နေမင်းမောင်)

ကျွန်တော် အခု Samsung Glaxy Ace မှာ Root လုပ်စရာ မလိုပဲ မြန်မာဖောင့် ထည့်တဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ ရှယ်ပေးသွားပါမယ် .. Myanmar Mobile Application Store မှာတော့ ပိုပြီးတော့ စုံပါတယ် .. ကျွန်တော် အဆင်ပြေတဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ တစ်ခြား အဆင်မပြေ သေးတဲ့ သူတွေ ရှိရင်လည်း အဆင်ပြေအောင် ပြန်ရေးပေးသွားပါမယ် .. အမှန်တကယ် လုပ်ကြည့်လိုက်ရင်တော့ အဆင့်တွေက အရမ်းမများပါဘူး .. ကျွန်တော် မသိသေးတဲ့ သူတွေ အခက်အခဲ ရှိမှာ စိုးလို့ တစ်ဆင့်ချင်း ရှင်းပြပေး ထားတဲ့ အတွက် .. ပုံတွေ အရမ်း များနေလို့ပါ .. တစ်ဆင့်ချင်းပဲ လိုက်လုပ် ကြည့်လိုက်ပါ .. အဆင်ပြေသွား ပါလိမ့်မယ် ..


ကျွန်တော်တို့ မြန်မာဖောင့် သွင်းဖို့အတွက် အရင်ဆုံး အောက်မှာ Zawgyi_One.apk , Fontomizer_0.8.apk နဲ့ FrozenKeyboard_1.1.3.apk ဆိုပြီး Android Application သုံးခု တွေ့ရပါလိမ့်မယ် .. အဲ့ဒီကောင်လေးကို မိမိတို့ ဖုန်းရဲ့ SD CARD ထဲကို ထည့်လိုက်ပါ .. ပြီးသွားရင်တော့ ပထမဆုံး မြန်မာဖောင့်သွင်းဖို့အတွက် အပေါ်မှာ ဖော်ပြထားတဲ့ Application လေးတွေကို မိမိတို့ဖုန်းရဲ့ Android OS ထဲမှာ Install လုပ်လို့ ရဖို့အတွက် unknow sources ကိုသွားရွေးပေးထားဖို့လိုပါလိမ့်မယ် .. ဒါမှသာ Android Market ထဲက မဟုတ်တဲ့ Application တွေကို မိမိတို့ Android OS ထဲမှာ Install လုပ်လို့ရမှာ ဖြစ်ပါတယ် .. အောက်က ပုံမှာ ပြထားသလို အဆင့်ဆင့် သွားပြီး လုပ်ပေးလိုက်ပါ ..
အရင်ဆုံး Setting ကိုသွားပါ .. 

အောက်ကပုံမှာ ပြထားတဲ့အတိုင်း Unknow sources ကို အမှန်ခြစ်လေး ပေးလိုက်ပါ .. ဒါဆိုရင် မိမိတို့ Android OS ထဲမှာ Android Market ကမဟုတ်တဲ့ Application တွေကို Install လုပ်လို့ ရသွားပါလိမ့်မယ်..


အပေါ်က အဆင့်အတိုင်း ပြောင်းပြီး သွားပြီး ဆိုရင်တော့ Myanmar Font နဲ့ Keyboard ကို Install လုပ်ဖို့ အတွက် အောက်မှာ ပြထားတဲ့ အတိုင်း အဆင့်ဆင့် သွားလိုက်ပါ .. ပထမဆုံး My file ကိုသွားလိုက်ပါ ..


ပြီးရင် စောစောက SD Card ထဲကို ထည့်လိုက်တဲ့ Myanmar fonts ဆိုတဲ့ Folder လေးကို ဖွင့်လိုက်ပါ ..


အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Application သုံးခု တွေ့ပါလိမ့်မယ် .. သုံးခုလုံးကို Install လုပ်လိုက်ပါ .. 


ကျွန်တော် Zawgyi-One.apk ဆိုတဲ့ ကောင်လေးကို နမူနာ Install လုပ်ပြထားပါတယ် ..



အပေါ်က အဆင့်အတိုင်း Application သုံးခုလုံးကို Install လုပ်ပြီးသွားပြီ ဆိုရင်တော့ မြန်မာဖောင့် ရေးလို့ရဖို့နဲ့ ဖတ်လို့ရဖို့ အတွက် အောက်မှာ ပြထားတဲ့ အဆင့်လေးတွေ အတိုင်း လိုက်ပြင် ပေးလိုက်ပါ .. 
အရင်ဆုံး မြန်မာလက်ကွက် ရိုက်လို့ရအောင် လုပ်ပါမယ် .. အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Setting ကိုသွားလိုက်ပါ .. 




အောက်ကပုံအတိုင်း FrozenKeyboard ကို အမှန်ခြစ်လေး ရွေးပေးလိုက်ပါ ..



ပြီးရင် နောက်တစ်အဆင့်  FrozenKeyboard အပေါ်မှာ ရှိတဲ့ Select input method ကိုသွားလိုက်ပါ .. 
ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း FrozenKeyboard ကိုရွေးပေးလိုက်ပါ .. 


အပေါ်က အဆင့်တွေ အတိုင်း ပြောင်းပေး ပြီးသွားပြီ ဆိုရင်တော့ မြန်မာ လက်ကွက်ကို အသုံးပြုလို့ ရသွားပါလိမ့်မယ် .. နောက်တစ်ဆင့် မြန်မာစာ ပေါ်အောင် အောက်က အဆင့်အတိုင်း သွားပြီး ပြောင်းပေး လိုက်ပါ .. 
အရင်ဆုံး  Setting ကိုသွားလိုက်ပါ .. 


ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Display ကိုသွားလိုက်ပါ ..






အောက်က ပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Zawgyi One TTF ကိုရွေးပေးလိုက်ပါ .. 

ဒါဆိုရင်တော့ မိမိတို့ Android OS မှာ မြန်မာဖောင့်ကို ကောင်းကောင်း ရေးလို့ ဖတ်လို့ ရသွားပါလိမ့်မယ် ..




Download Fontomizer.apk
Download Fontomizer.apk
Download Fontomizer.apk

မှတ်ချက် - Original Version ဖြစ်ရပါမည်။Version 4.+0 နှင့်အထက် Internet Browser တစ်ခုတော့အဆင်မပြေပါခင်ဗျာ...အောက်ပါ Frozen Keyboard Pro,iFont,Zawgyi-One FlipFont,Opera Mini ကို Install လုပ်ပြီး Settings ပြောင်းပေးလျှင်နည်းနည်းအဆင်မပြေတာပဲရှိပြီးမြန်မာစာဖတ်လို့ရပါသည်။
Download Zawgyi_One FlipFont.apk
Download Zawgyi_One FlipFont.apk
Download Zawgyi_One FlipFont.apk

Download FrozenKeyboard Pro.apk
Download FrozenKeyboard Pro.apk
Download FrozenKeyboard Pro.apk

Download iFontr.apk
Download iFont.apk
Download iFont.apk

Download Opera Mini.apk
Download Opera Mini.apk
Download Opera Mini.apk

Download Android Version 4.0 To 4.4.4
အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..





Source : နေမင်းမောင်(နည်းပညာပြန်လည်မျှဝေခြင်း)

7 comments:

သက်ပိုင် said...

ကျေးဇူးပဲ အစ်ကိုရေ... အစ်ကို ရှင်းပြထားတဲ့ အတိုင်းး လိုက်လုပ်လိုက်တာ လွယ်လွယ်လေးနဲ့ အဆင်ပြေသွားတယ် ကျေးဇူး အများကြီး တင်ပါတယ် အစ်ကို...

Unknown said...

ကျွန်တော်ယူလိုက်ပါတယ် ကျေးဇူးလည်းအရမ်းတင်ပါတယ် နောက်လည်းအမြဲအားပေးနေပါတယ်ဗျ

Jalayp said...

အကိုကျနော် တစ်ခုမေးချင်တယ် ကျနော်က Galaxy Note သုံးတယ်
အဆင်ပြေတယ်အကုန်လုံး အရင် Android Vs3.2.1 ပေါ့ မြန်မာဖောင့်
သုံးတာ အကုန်လုံးအဆင်ပြေတယ် ။ ခုကျနော်ဖုန်းကို Upgrade မြင့်လိုက်
တယ် ။ ဘာတွေကွာလဲဆိုတော့ အရင် Vs တုန်းက System တွေနဲ့ လုံးမတူဘူး တော်တော်လေးကိုကွာတယ် လန်းလည်းလန်းတယ် Android Vs 4.0.3 ဖြစ်သွားတယ်လေ ။
အခုဖြစ်နေတဲ့ ပြဿနာက မြန်မာဖောင့် အရင်တုန်းက အလုပ်တဲ့ မြန်မာဖောင့်က အခုလေ Gtalk မှာ ရေးဖတ်လို့ အဆင်ပြေတယ် ။ Gmail / Facebook တို့ မှကျတော့ ရေးလို့ ရတယ် ဖတ်လို့ မရဘူး ။ Vs မကိုက်တာလား ။
4.0.3 အတွက်သီးသန့် ရှိသေးလား .ဆိုတာလေးသိချင်လို့ ။

saw ehlor said...

Jalayp ရေတစ်ခုပဲအကြံပေးပါရစေ။ ဖတ်လို့ရအောင် Myanmar Browser ကိုယူပြီး အသုံးပြုလိုက်လျှင်မြင်ရမယ်ထင်တယ်။စမ်းတော့မစမ်းဘူးသေးပါ။ version မြင့်ထားတယ်ဆိုတော့။ Myanmar Mobile Application Store မှာလေ့လာလိုက်ပါနော်။

Unknown said...

ကျေးဇူးပဲ အကိုရေ အကိုပြောတဲ့ အတိုင်းလိုက်လုပ်လိုက်တာ ရသွားတယ်။

Unknown said...

ကိုနေမင်းမောင်ကိုအရမ်းကျေးဇူးတင်ပါတယ်

ကျွန်တော်ကတော့ကိုနေမင်းမောင်ရဲ့ နည်းပညာတွေကိုလေ့လာနေသူတစ်

ယောက်ပါ...

တပည့်တစ်ယောက်ဆိုရင်လည်းမမှားပါဘူး

ကိုနေမင်းမောင်ရဲ့ နည်းပညာတွေကိုဖတ်ရူ့ လေ့လာခွင့်ရတဲ့အတွက်

ကျွန်တော်ဟာနည်းပညာများစွာကိုတတ်မြောက်ခဲ့ပါတယ်

ကျေးဇူးတရားကိုနားလည်းသိတတ်တဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုးတစ်ယောက်အ

ဖြစ်နဲ့ ဆရာ့ ကိုဒီကနေလက်အုပ်ချီ၍ကန်တော့လိုက်ပါတယ်

တပည့်

ရကောက်(ခ)ဟန်ဝင်းဆန်း

Unknown said...

thank u very much.....

Post a Comment

ဆော့ဝဲတွေ update လုပ်ခိုင်းလျှင်မလုပ်ပါနှင့်။

Related Posts Plugin for WordPress, Blogger...